မေတ္တာ

Written by Super User. Posted in Pastor Mung Preaching Article

မေတ္တာမရှိလျှင် အချည်းနှီးသက်သက်ဖြစ်၏ ... (၁ ကော ၁၃း၁-၈)
သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ ညွန်းလောင်းတော်မူ၏ ... (ရော ၅း၅-၁၁)
ကမ္ဘာပေါ်မှာ အကြီးမားဆုံးလက်နက်ဟာ မေတ္တာဖြစ် တယ်။ အသက်တာမှာ အမှားကို ရှောင်ပြီး အမှန်နှင့်အသက်ရှင် ဖို့ အင်မတန် အရေးကြီးတယ်။ အမှားနှင့်အမှန်ကို ကောင်းမွန်စွာ ခွဲခြားတတ်ဖို့ လိုတယ်။ ဒါပေမယ့် ၀ိညာဉ်တော်က ဘာပြောသလဲ ဆိုတော့ ဒီအရာတွေထက်ပိုအရေးကြီးတာက မေတ္တာနဲ့အသက်ရှင် ဖို့ ဖြစ်တယ်လို့ ဖွင့်ပြပါတယ်။
လုကာ ၁၅း၁၁-၃၂ ကိုကြည့်ရင် သားအကြီးက ဖခင် အပေါ်သစ္စာရှိတယ်။ သားအငယ်ကတော့ မလိမ္မာဘူး။ သူ့ရဲ့ အမွေ ကို ယူပြီး ကာမဂုဏ်ထဲမှာ ဖြုန်းတီးပစ်တယ်။ ဒီသားမိုက်ပြန်လာ တော့ ဖခင်က အကောင်းဆုံးအရာတွေနှင့် ပွဲလုပ်ပေးတယ်။ ဒီတော့ သားအကြီးက မကျေနပ်ဘူး။ သူ့လို သစ္စာရှိတဲ့ သားကျတော့ ပွဲလုပ်ပေးဖို့ ဆိတ်ကလေးတစ်ကောင်တောင် မသတ်ပေးဖူးဘူးလို့ ပြောတယ်။ လောကအတွေးအခေါ်အတိုင်းကြည့်ရင် သားကြီးပြော တာ မှန်တယ်။ တစ်ချိန်လုံး ဖခင်အနားမှာ သစ္စရှိရှိ အလုပ်လုပ်နေ တဲ့ သူ့အဖို့တော့ တကယ်လည်း မကျေနပ်စရာပါဘဲ။

ဒါပေမယ့် ဖခင်အနေနဲ့က မှန်တယ်မှားတယ်ဆိုတဲ့ အရာပေါ်မှာ အခြေမခံဘဲ သူ့ရင်သွေးအပေါ်မှာ ချစ်ခြင်းမေတ္တာနှင့် ပွဲလုပ်ပေးတာဖြစ်တယ်။ သူ့သားဘယ်လောက်ပဲ မှားနေပါစေ။ ပြန်လာမယ့်နေ့ရက်ကို စောင့်မျှော်တာက သူ့နှလုံးသားထဲက ချစ်ခြင်းမေတ္တာပဲဖြစ်တယ်။ ဒီသင်ခန်းစာလေးက ကျွန်တော်တို့ရဲ့ အသက်ရှင်မှုအပေါ်မှာ အောင်မှုပေးမယ်လို့ ယုံကြည်ပါတယ်။

ဆရာကြီး ၀က်(ချ်)မန်နီ ဆိုတာ တရုတ်ပြည်ရဲ့ နာမည် ကြီး ၀ိညာဉ်ရေးရာ ခေါင်းဆောင်ကြီးဖြစ်တယ်။ သူ့မှာ ၀ိညာဉ်ရေး မိခင်ကြီးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ ၀က်(ချ်)မန်နီ က ၀ိညာဉ်ရေးရာနှင့် ပတ်သက်ပြီး မကျေမနပ် နိုင်တဲ့အချက်တစ်ခု ကို ဒီလိုလုပ်တာ မကောင်းဘူး စသဖြင့် သူ့ ၀ိညာဉ်ရေးမိခင်ကို ပြောလိုက်တယ်။ ဒါနဲ့ ၀ိညာဉ်ရေး မိခင်က ]]ငါ့သား မင်းက အဲဒီအ မှားအမှန်ပေါ်မှာ ရပ်တည်ဆဲပဲလား၊ မေတ္တာနှင့် အသက်ရှင်ပါ}} လို့ ပြောတော့ ဒီစကားက ဆရာကြီးရဲ့ အသက်တာကို တုန်ခါစေပြီး အသက်တာကို ပြန်လည်ဆက်ကပ်မှုဖြစ်စေတယ်။ ဒါကြောင့် အခြေအနေ အရပ်ရပ်ကို မှားတယ်မှန်တယ် အပေါ်မှာ မဟုတ်ဘဲ မေတ္တာနှင့် ကြည့်မြင်ကိုင်တွယ်နိုင်ဖို့ ဘုရား သခင်က ကောင်းချီးပေးပါစေ။ ပြည့်တန်ဆာမနှစ်ယောက် ကလေးလုမှုဖြစ်သဖြင့် တရားစီရင်ပေးဖို့ ရှောလမုန် မင်းကြီးဆီ ရောက်လာတယ်။ မင်းကြီး ရှေ့မှာ ငါ့ကလေးဖြစ်တယ်။ သူ့ကလေးမဟုတ်ဘူးဆိုပြီး အကြီး အကျယ် ငြင်းကြတော့ မင်းကြီးက ကလေးကို နှစ်ပိုင်းပိုင်းလိုက် မယ်။ တစ်ပိုင်းစီယူကြလို့ အမိန့်ချလိုက်တယ်။ အဲဒီအခါမှာ မိခင်ရင်းက ကလေးကို နှစ်ပိုင်းမပိုင်းပါနဲ့။ သူ့ကိုပဲ ပေးလိုက်ပါလို့ ပြောတယ်။ အမေရင်းမဟုတ်တဲ့ သူကတော့ ရှင်ဘုရင်ပြောတာ မှန်တယ်။ နှစ်ပိုင်းပိုင်းပါလို့ ပြန်ပြောတယ်။ မိခင်ရင်းအနေနဲ့ အမှား အမှန်ပေါ်မှာ မကြည့်ဘဲ ကြင်နာမှုမေတ္တာနှင့် ပြည့်နေတာဖြစ် တယ်။
    
ဒီနေ့ လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ ဒီမေတ္တာတရား က အင်မတန်အရေးပါတယ်။ တရားတယ် မတရားဘူးဆိုတာနဲ့ပဲ သွားမယ်ဆိုရင် ခက်ခဲမှုတွေ များစွာ ကြုံတွေ့ရပါလိမ့်မယ်။ တကယ် မေတ္တာရှိလာတဲ့အခါမှာ မတရားမှုတွေကိုလည်း သည်းခံတတ်လာ တာဖြစ်တယ်။ လူတကာကို အပြစ်တင်တဲ့ မျက်လုံးနဲ့ပဲ ကြည့်မယ် ဆိုရင် မေတ္တာတွေ ရွေ့လျော့နေပြီဖြစ်တယ်။ ဒီလိုပြောတဲ့အခါမှာ မတရားမှုတွေကို အားပေးလိုတာ မဟုတ်ဘူး။ ဒါပေမယ့် အမြဲတမ်း ရာနှုန်းပြည့် ဒီအရာပေါ်မှာ အသက်မရှင်ဘဲ ကျွန်တော်တို့ရဲ့ အပြစ်အားလုံးကို ခွင့်လွတ်ပေးတဲ့  ဘုရားသခင်ရဲ့ မေတ္တာနဲ့ အရာရာကို တုန့်ပြန်ဖို့ကို ပြောလိုရင်းပဲ ဖြစ်ပါတယ်။ ဘုရားသခင်သာ ကျွန်တော်တို့ရဲ့ အပြစ်အတိုင်း အရေးယူခဲ့မယ်ဆိုရင် အသက်ရှင်နိုင်စရာမရှိတော့ဘူး။
    
ဘုရားသခင်က ကျွန်တော်တို့ရဲ့ အပြစ်တွေကို မကြည့်ဘဲ သူရဲ့ မေတ္တာနဲ့ လွှမ်းခြံုလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ အသက်တာ ဟာ စိုပြည်လန်းဆန်း နေနိုင်တာဖြစ်တယ်။ အိမ်ထောင်မှာလည်းပဲ တစ်ဦးနဲ့ တစ်ဦး မေတ္တာနဲ့ ခွင့်လွတ်နိုင်ကြတဲ့အခါမှာ အိမ်ထောင် မှာစိုပြည်လန်းဆန်းနိုင်တာဖြစ်တယ်။
 မေတ္တာရှိတဲ့ သူရဲ့ အသက်တာမှာ မိတ်ဆွေတွေ တိုးပွား လာမှာဖြစ်တယ်။ လူတွေကို ဝေဖန်နေတဲ့သူ မဟုတ်တော့ဘဲ ချီးမြှောက်နေတဲ့သူဖြစ်လာမယ်။ လူတွေရဲ့ အခွင့်အရေးကို ပိတ်ပင် တတ်တဲ့ သူမဟုတ်ဘဲ တံခါးကို ဖွင့်ပေးတဲ့သူ ဖြစ်လာတယ်။ လူတွေကြောက်ရတဲ့သူ မဟုတ်တော့ဘဲ လူတွေရဲ့ ချစ်ခင်မှုကို ရတဲ့ သူဖြစ်လာမယ်။ အပြစ်မြင်တဲ့စိတ်၊ တရားစီရင်လိုတဲ့စိတ်နဲ့ပဲ အသက်ရှင် မယ်ဆိုရင် လူတွေက ကပ်ရဲတော့မှာ မဟုတ်ဘူး။ လာပြီးရင်ဖွင့်ရဲ တော့မှာ မဟုတ်ဘူး။ မိမိဘယ်လောက်ပဲ သွေးထွက်အောင် မှန်နေ ပါစေ၊ မေတ္တာတရားမရှိဘူးဆိုရင် အသက်တာ စိုပြေလန်းဆန်းနိုင် မှာ မဟုတ်ဘူး။
    
ဒါကြောင့် မေတ္တာစိတ်ကို မွေးပါ။ မေတ္တာအားဖြင့် အောင်မြင်သူ ဖြစ်ပါ။ မေတ္တာ၊ ကရုဏာနဲ့လူတွေကို ကြည့်နိုင်တဲ့သူ ဖြစ်ပါ။ ခရစ်တော်ရဲ့မေတ္တာက ကျွန်တော်တို့ကို လက်ကမ်းကြိုဆို
နေသလို တစ်ပါးကိုလည်း မေတ္တာနဲ့ လက်ကမ်းကြိုဆိုပါ။

(၂၀၀၆-ခုနှစ်၊ မတ်လ ၂၆ ရက်၊ တနင်္ဂနွေနေ့ မြန်မာ အစီအစဉ်တွင် ဟောကြားသောဒေသနာမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပ

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm