Rev. Nant Aye Aye (Syama Baby Toe)

Written by Super User. Posted in Our Ministers

ကယ်တင်ခြင်းရပြီးတဲ့နောက်ပိုင်း၊ ၁၉၈၉ ခုနှစ်? အရေးခင်းနောက်ပိုင်းပေါ့။ ကရာနီအသင်းတော်(အေဂျီ)အသင်းတော်နှင့် မိဿဟာရလုပ်ရင်း ပုသိမ်မှာ သာသနာပြုရင်းနှင့် ဆရာမုန်သောင်တို့နဲ့တွေ့ခဲ့တယ်။ ဆရာကကမ်းလှမ်းလာတယ်။ အဲဒီမှာ ဆရာတို့က Full Gospel Assembly Mission အနေနဲ့ ပုသိမ်မှာပဲ (၁)နှစ် သာသနာဆက်ပြုဖို့ လွှတ်လိုက်တာ။ အဲဒါပြီးတာနဲ့၁၉၉၁ မှ ၉၃ ခုနှစ်ထိ မြစ်ကြီးနားက ဧ၀ံဂေလိ ဓမ္မတက္ကသိုလ် (EBI) မှာ (၃)နှစ်တက်ခဲ့တယ်။ တက်နေတုန်းမှာလဲ ဒီအသင်းတော်မှာပဲ ဆက်ပါဝင်တယ်။ ကျောင်းပြီးတော့ ဒီအသင်းတော်မှာပဲ ဆက်ကပ်ပါဝင်ခဲ့ပါတယ်။

အမျိုးသား ဆရာပေါင်ဟွေ့(SYA PAU SUAN MUNG) နှင့် ဒီဘုရားကျောင်းမှာပဲတွေ့ကြတယ်။ သမီးကြီးက Mery Niang Suan Bawi, Grace Thang Hau Nuam Cing နှစ်ယောက်ရှိတယ်။ အဲဒီနှစ်ယောက်ကြားက ယောင်္ကျားလေးတစ်ယောက်မွေးခဲ့ပေမဲ့ အဖတ်မတင်ခဲ့ဘူး။ သမီး(၂) ယောက်ရှိ တယ်။ မိသားစုတစ်ဖက်၊ အမှုတော်ဆောင်သူတစ်ဖက် အနေနှင့်တော့ ခက်ခဲ့မှုဆိုတာကတော့ ရှိတာပေါ့လေ။ အောင်ဆန်းမှာ နေတုန်းက တော့ တော်တော်ဝေးနေတော့ ဘုရားကျောင်းလာရတာတော်တော်ကို ခက်ခဲ့ပါတယ်။

ပြီးတော့ ဒေါပုံမှာ ပြောင်းတော့လဲ ရေတစ်တန်ကုန်းတစ်တန်နဲ့ တော်တော်ကို ခက်ခဲ့ပါတယ်။ သို့သော် ယုံကြည်ခြင်းနှင့်သာ ကိုယ်တော်က ကျော်လွှားနိုင်ခဲ့ပါတယ်။ အိမ်ငှားရတဲ့ဘ၀ဆိုတော့ လစာကတော့ အိမ်အတွက်ပဲ ဖြစ်ဖြစ်သွားတာပေါ့နော်။ ကျန်တာကတော့ ယုံကြည်ခြင်းနဲ့ပဲ လျှောက်လှမ်းနေပါတယ်။ ဘုရားကျောင်းမှာတော့ ကျမအဓိက တာဝန်ယူရတဲ့အပိုင်းက ကလေးသာသနာပါ။ ဒါပေမဲ့ အသင်းတော်မှာတော့ ကျမ်းစာကျောင်းမှာလဲ စာသင်ရတယ်။ ဧ၀ံဂေလိနယ်မြေကိုလဲသွားရပါတယ်။ စမ်းချောင်းနယ်မြေနှင့် မရမ်းကန်း ဧ၀ံဂေလိနယ်မြေတွေကိုသွားပါတယ်။ စမ်းချောင်း Home Cell ကိုလဲ တာဝန်ယူရပါတယ်။ ဧ၀ံဂေလိနယ်မြေတွေကို စနေ၊ ဗုဒ္ဒဟူးနေ့တွေမှာ မရမ်းကုန်း၊ ကျိုက်ဝိုင်း ကို ပုံမှန်သွားပါတယ်။  အင်္ဂါနေ့က စမ်းချောင်းမှာပါ။

ကလေးသာသနာမှာက ၀ိညာဉ်ရေးအပြင် ကိုယ်ကာယပိုင်း၊ ကျမ်းမာရေးကြည့်ရှုမှုတွေလဲ လိုအပ်တဲ့နေရာမှာ အလျင်းသင့်သလို လုပ်ရပါတယ်။ တစ်ခါတစ်လေတော့ Sunday School က ကလေးတွေကို ခေါ်ပြီး ဧ၀ံဂေလိဝေငှတာမျိုးလဲရှိတယ်။
အချိန်ပြည့်အမှုတော်ဆောင် တစ်ယောက်ဖြစ်သည့်နည်းတူ သာရေး၊ နာရေးမှအစ လုပ်ရပါတယ်။

BABY TOE
(Rev. Nant Aye Aye)

Worship Services

    Myanmar (Main)
  • 9:00 AM to 1:00 PM
    Zomi
  • 1:00 PM to 4:00 PM
    Emglish
  • 5:00 PM to 7:00 PM
    Youth (Saturday)
  • 1:00 PM to 3:00 PM
    Women (Saturday)
  • 10:00 AM to 12:00 PM
    Church School
  • 9:00 AM to 1:00 PM (in main Service)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm