
Soe Moe Nai
ကျွန်တော်ကတော့ စိုးမိုးနိုင်ပါ။ အဖေ U Go Khan Thawng ဟု ခေါ်ပါသည်။ တွန်းဇန်မြို့ဖြစ်ပြီး၊ ဖခင်မှာ မီးသတ်ဦးစီးဌာနမှာလုပ်သောကြောင့် ဟားခါးမှာ မွေးပါသည်။ ငယ်စဉ်က ဆေးထိုးမှားသောကြောင့် ပိုလီယိုဖြစ်ခဲ့သည်။ ဟားခါးအေးလွန်းသောရာသီဥတုကြောင့် ပိုလီယိုနှင့်လဲ မခံနိုင်သောကြောင့် ရန်ကုန်သို့ လာခဲ့ပါသည်။ FGBTC အပတ်စဉ်(၂)တွင် စတင်တက်ရောက်ခဲ့သည်။ ဘုရားကျောင်းတွင် Volunteer အဖြစ် (၁၀)နှစ်လောက် ၂၀၀၄ ခုနှစ်သြဂုတ်လ (၁)ရက်နေ့တွင် Full Gospel Assembly အချိန်ပြည့်အမှုတော်ဆောင်ဖြစ်ခွင့်ရခဲ့သည်။ ယခု Yankin Area Pastor အဖြစ် အမှုတော်မြတ်တွင်ပါဝင်ဆက်ကပ်နေပါသည်။
ကျေးဇူးတော်ကြောင့် ဘုရားရှင်က မြန်မာပြည် ဒေသအချို့နှင့် Singapore, Malaysia, Thailand စသော နိုင်ငံအသီးသီးရှိ ယုံကြည်သူများထံသို့ ဘုရားရှင်ကောင်းမြတ်ကြောင်းဝေငှသက်သေခံခွင့်ကိုလဲ ရရှိခဲ့ပါသည်။ ဒီအသင်းတော်သည် ကျွန်တော့်အတွက် ထူးခြားသော အသင်းတော်ဟုဆိုချင်ပါသည်။အကြောင်းမှာ ဧ၀ံဂေလိကို တကယ်ဟောပြောသော အသင်းတော်ဖြစ်နေခြင်းဖြစ်သည်။ အမှုတော်ဆောင်များသာမက အသင်းသူအသင်းသားများကပါ တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းပါဝင်နေကြပါသည်။ ဒီလောကမှာ ကျွန်ုပ်တို့အသက်ရှင်ခြင်းသည် ဧ၀ံဂေလိအတွက်သာ မဟုတ်ပါ၏လော။