slide 1

 

နှိမ့်ချစွာအစပြုခဲ့တာ မမေ့ပါနှင့်

Written by Super User. Posted in Pastor Mung Preaching Article

သေးငယ်နှိမ့်ချစွာ အစပြုခဲ့သော အချိန်ကာလကို မမေ့လျော့ပါနှင့်။ တစ်နည်းအားဖြင့် ဒုက္ခရောက်ခဲ့တဲ့အချိန်၊ ပြဿနာ အမျိုးမျိုး ကြုံခဲ့တဲ့အချိန်တွေကို မမေ့လျော့ပါနှင့်။ အဲဒီအချိန်ဟာ သင့်အတွက် အကောင်းဆုံး အချိန် ဖြစ်ပါတယ် ဆိုတာကို ဘုရားသခင်က ကျွန်တော့ကို ဖွင့်ပြတာဖြစ်ပါတယ်။ ယေရမိ ၂၉း၁၁ "တဖန် မိန့်တော်မူသည်ကား ငါသည် သင်တို့ကို အကျိုးနည်းစေချင်းငှာ ကြံစည်သော အကြံမဟုတ်ဘဲ သင်တို့သည် မျှော်လင့်သော အကျိုးကို ရမည် ဖြစ်ကြောင်း ငြိမ်ဝပ် စေခြင်းသာ သင်တို့အဖို့ ကြံစည်သော အကြံတို့ကို ငါသိ၏" ရောမ ၈း၂၈ " ဘုရားသခင်ကို ချစ်တော်မူသော သူတည်း ဟူသော ကြံစည်တော်မူခြင်း အတိုင်း ခေါ်တော်မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုစုကြ သည်ကို ငါတို့ သိကြ၏" ကျွန်တော်တို့ အသက်တာမှာ ကြံုတွေ့လာသမျှ အခက် အခဲ တွေဟာ ကျွန်တော်တို့ ဆိုးကျိုး အတွက် မဟုတ်ဘဲ ကောင်းကျိုး အလို့ငှာ ဖြစ်ကြောင်း တွေ့ရတယ်။ မဖြစ်ချင်တာ ကို ဖြတ်သန်း ကျော်ဖြတ် ခဲ့ရတယ်။

သို့သော် အသက်တာကို ပြန်ကြည့်မယ်ဆိုရင် ဖြတ်သန်း ကျော်လွှား ခဲ့ရတဲ့ အတွေ့အကြံု အားလုံးဟာ ခံစား ခဲ့တုန်းက မလွယ်ပေမဲ့ ဘုရားသခင်က တန်ခိုးကြီးသော လက်တော်နှင့် ပို့ဆောင်ခဲ့တာ ဖြစ်တယ်။ မျက်ရည်ကျနေရတာတွေ သူတစ်ပါးရဲ့ နှိမ့်ချမှုတွေ ခံနေရတာဟာ ဘုရားသခင်က ကျွန်တော်တို ့ကို ပေး တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြံုတွေ ဖြစ်တယ်။ လူတွေအနေနဲ့ မထီမဲ့မြင် ပြုချင်လောက်အောင် မအောင်မြင်တဲ့ အချိန်ဖြစ်တယ်။ သို့သော် ဘုရားသခင်ရှေ့မှာ အဲဒီအတွေ့အကြံု အားလုံးဟာ တန်ဖိုးအရှိဆုံး အချိန်တွေ ဖြစ်တယ်။ သမိုင်းမှတ်တိုင်သစ် ထူမည့် အချိန်ဖြစ်တယ်။ တစ်ခါတစ်လေ ဒီအရာတွေကို ကျွန် တော်တို့ နားမလည်နိုင်ကြဘူး။ ကျွန်တော့် အသက်တာမှာ အဖေဆိုတာ မြင်ခွင့်မရတဲ့ လူတစ်ယောက်ဖြစ်တယ်။ ကျွန်တော်မမွေးခင် အဖေဆုံးပါးသွားလို့ အဖေရယ်လို့ ခေါ်ခွင့်မရခဲ့ဘူး။ (၉)နှစ်သားအရွယ်မှာ ကျွန်တော့် အမေကဆုံးပြန်တယ်။ ဘဝကို နာမယ်ဆိုရင် ကျွန်တော်လည်း ဘဝ နာစရာ အများ ကြီးရှိတာပဲ။ ဘဝမှာ မေးခွန်းထုတ်စရာတွေ အများကြီးရှိလာပါတယ်။ ကျွန်တော်လည်း နားမလည်ပါဘူး။ ဒီလိုပဲ မိတ်ဆွေ ကြံုနေရတဲ့ အရာကိုလည်း နားလည်နိုင်မှာ မဟုတ်ပါဘူး။ မေးခွန်းထုတ်ရင်လည်း အဖြေမှန် ရလာနိုင်မှာ မဟုတ်ပါဘူး။ သို့သော် မဖြေနိုင်တဲ့ အဖြေဟာ ဘုရားသခင်ရဲ့ အကြံအစည်ထဲမှာ ရှိတာဖြစ်ပါတယ်။ အခု ကျွန်တော်အသက် (၅၀) အရွယ်မှာတော့ နှစ်ပေါင်းများစွာ အဖြေမရှိခဲ့တာတွေကို အဖြေကောင်းကောင်း ရခဲ့တာဖြစ်တယ်။ ဒီနေ့ ကျွန်တော် သင်းအုပ်ဆရာ ဖြစ်လာပြီး ၀ိညာဉ်ရေးရာ ခေါင်းဆောင်၊ ၀ိညာဉ်ရေးရာ ဖခင်တစ်ဦး ဖြစ်လာ တဲ့အခါမှာ ကလေးသူငယ်လေးတွေ၊ မိဘမရှိတဲ့ ကလေးတွေကို သနားချစ်ခင်တတ်ဖို့၊ သံယောဇဉ်တွယ်ဖို့၊ ကြင်နာတတ်ဖို့ နှင့် ပြုစုဖေးမပေးချင်တဲ့ စေတနာရှိဖို့အတွက် ဘုရားသခင်က လက်တွေ့ ဖြတ်သန်းခွင့်ပြုတဲ့ အတွေ့အကြံုဖြစ်ပါတယ်။ မြင်ရတဲ့ အောင်လက်မှတ် မဟုတ်ပေမယ့် နှလုံးသားထဲမှာ ပိုင်ပိုင်နိုင်နိုင် အောင်မြင်ရတဲ့ လက်မှတ် ကို ပေးတာဖြစ် တယ်။ လူတွေက လက်တွေ့ မြင်ရတဲ့ အောင်လက်မှတ်တွေ၊ နံရံမှာ ချိတ်တဲ့ အောင် လက်မှတ်တွေကို ဦးစားပေးကြပါတယ်။

ဒီနေ့ ဘုရားသခင်ကနံရံမှာ ချိတ်တဲ့အောင်လက်မှတ်ပဲ မဟုတ်ဘဲ လက်တွေ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြံုနှင့် အောင်လက်မှတ် တပ်ပေးချင်တာ ဖြစ်တယ်။ ရင့်ကျက်စေချင်တဲ့ ဘုရားသ ခင် ဖြစ်တယ်။ အတွေ့အကြံု ကောင်း ကောင်းနဲ့ မွေးထုတ်ပေးပြီး ခေါင်းဆောင်ကောင်း တစ်ယောက် မိခင်ကောင်း၊ ဖခင်ကောင်း ဖြစ်စေချင်တဲ့ ဘုရားသခင်ဖြစ်တယ်။ ရင့်ကျက်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်လာအောင် ဘုရား သခင်က လူမမြင်နိုင်တဲ့ အောင်လက်မှတ် ဆွတ်ခူးစေချင်တာ ဖြစ်တယ်။ ခင်ဗျားရဲ့ နိမ့်ကျတဲ့ဘဝကနေစပြီး လှလှကြီး သင်တန်း တက်ခဲ့ရတာဖြစ်တယ်။ ကျွန်တော့်ဘဝမှာ သိမ်ငယ်တဲ့စိတ် ခဏခဏရှိတာ ဖြစ်တယ်။ နောက်ခံအင်အားလည်မရှိ၊ ဆွေရယ်မျိုးရယ်လို့ ပြောစရာလည်းမရှိတာဟာ ဘုရားသခင်က ကျွန်တော့်အတွက် ကောင်းသော အကြံအစည်တစ်ခုရှိလို့ပဲ ဖြစ်တယ်။ဒီလိုခက်ခဲမှု ကြောင့် ကောင်းသောအခွင့်အရေး တွေအသက်တာမှာ ရခဲ့ပါတယ်။ ဒါက ဘုရားသခင် ကလွဲလို့ အားကိုးရမယ့်လူမရှိဘူး။ ဒါကြောင့် စိတ်နှလုံးအ<ကင်းမဲ့ ဘုရားသခင်ကို မျှော်ကိုး တတ်လာတယ်။ ဒါဟာ ဘာနှင့်မှ နှိုင်းလို့မရတဲ့ ကြီးမားတဲ့ အခွင့်အရေးဖြစ်တယ်။ ဘုရားသခင်က တစ်ခြားလူတစ်ယောက်အပေါ် မှီတွယ်နေတာမျိုး ကိုအလိုမရှိဘူး။ ထာဝရဘုရားကို အားကိုးတဲ့သူဟာ မြစ်နားမှာ စိုက်တဲ့အပင်နဲ့တူတယ်။ အရွက်မညှိုးနွမ်းဘူး။ အချိန်တန်ရင် အသီးသီးတယ်။ မှီတွယ်စရာတွေ မရှိတဲ့အခါ အားမငယ်ပါနဲ့။ ဘုရားသခင်က အကောင်းဆုံးသော အခြေအနေ ခင်ဗျားအတွက် ပြင်ဆင်ပေးတာ ဖြစ်တယ်။ အကောင်းဆုံးသော အတွေ့အကြံုနှင့် လှပမွှေးကြိုင်တဲ့ သက်သေခံချက်ဟာ ဒီလို ခက်ခဲမှုထဲက ထွက် လာမှာဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်က ကျွန်တော့်ကို ]]သေးငယ်ခဲ့တဲ့အရာ၊ ခက်ခဲကြမ်းတမ်းခဲ့တဲ့ ဘဝတွေကို မခန့်လေးစား မပြုမိပါစေနှင့်}} လိုပြောလာတာ ဖြစ်တယ်။ အဲဒီ အချိန်တွေမှာ သင်ဟာငါနှင့် အနီးကပ်ဆုံးသော အချိန်တွေ ဖြစ်တယ်။ ခင်ဗျားရဲ့ ဆင်းရဲလှပါတယ် ဆိုတဲ့ ဘဝဟာ ဘုရားသခင် အတွက် အလှပဆုံးသော ကာလလည်း ဖြစ်နိုင်တယ်။ ဒါကြောင့်အား မငယ်ပါနှင့် ဘုရားသခင်ရှိတာ ဖြစ်တယ်။ ဘုရားသခင်လက်ထဲမှာ ခင်ဗျား ရှိနေတာဖြစ်တယ်။ အသက်တာမှာ လူစဉ်မမီသလို ခံစားနေရတယ်။ ဗဟုသုတ မကြွယ်သလို ခံစားနေရတယ်။ သူများပြောသလိုလည်း
မပြောနိုင်ဘူး။ ပြောလိုက်ပြန်ရင်လည်း သူများအတွက် ပြက်ရယ်ပြုစရာ ဖြစ်နေတယ်။ အားမငယ်ပါနှင့် ဘုရားသခင်ရှိတာ ဖြစ်တယ်။ ဒါတွေအားလုံး မှတ်တမ်းတင်တဲ့ ဘုရားသခင်ရှိတယ်။ ဘုရားသခင်က ခင်ဗျားကို ဂရုစိုက်တာဖြစ် တယ်။ ကျွန်တော်တို့ လစဉ် အသုံးစရိတ်တွေက လစာထက်အများ ကြီးပိုများတယ်။

ဘုရားသခင်က ကျွန်တော်တို့ကို ထောက်ပံ့ ကျွေးမွေးနေတာ ဖြစ်တယ်။ ကျွန်တော်အသက်တာကို ပြန်ကြည့်တဲ့အခါမှာ ငယ်ငယ် တုန်းက ဘုရားသခင် ရက်စက်ခဲ့တယ်လို့ ထင်ခဲ့မိတာတွေက ကျွန်တော့်အတွက် အကောင်းဆုံး အကြံအစည်တွေဆိုတာ နားလည်လာခဲ့တယ်။ ဒါ ကြောင့် စစ်မှန်သော ချမ်းသာကြွယ်ဝခြင်း သည် ဘဏ်မှာ ငွေဘယ် လောက်ရှိသလဲဆိုတာ မဟုတ်ဘူး။ ဘုရား သခင်ကို ဘယ်လောက် ယုံကြည်ကိုးစားသလဲဆိုတာပဲ ဖြစ်တယ်။ နှလုံးသားထဲမှာ မကုန်ဆုံးနိုင်တဲ့ ရတနာသိုက်ဖြစ်တဲ့ ဘုရားသခင် ရှိတယ်ဆိုရင် ဒါဟာ မကုန်ဆုံးနိုင်တဲ့ ဘဏ်တိုက်ပြဲဖစ်တယ်။ ဒီနေ့ ကျေးဇူတော်ကြောင့် ကျွန်တော်တို့ အသင်းတော် ဟာ ရန်ကုန်မြို့ လယ်မှာ လူပြည့်လျှံလျက်ရှိနေတယ်။ ဒါပေမယ့် စတင်ခါစ ကံဘဲ့မှာ ဘုရားရှိခိုးတုန်းက လူ (၁၀) ယောက်လောက်ပဲ လာတယ်။ သီချင်းဆိုရင် ဘေးကလူတွေက မခံနိုင်တော့ ကျောက်ခဲ မိုးတွေ ရွာလာတယ်။ ကြောက်ရွံ့တုန်လှုပ်စွာ ငိုေ<ကးခဲ့ရတယ်။ အားငယ်ခဲ့ရတယ်။

ဒါပေမယ့် ကမ္ဘာအရပ်ရပ်ကို သွားတဲ့အခါ ဒီအခြေအနေထဲက ထိုးဖောက်မှုရလာပြီး အခုအသင်းသား (၂၈၀၀)လောက်ရှိလာတာ ၊ သာသနာပြု ဆရာအယောက် (၅၀)လောက် စေလွှတ်လာနိုင် တာတွေကို ပြန်ဝေငှတဲ့အခါ လူတွေအတွက် ကောင်းချီးဖြစ်လာတယ်။ လူတွေ စိန်ခေါ်မှုရလာ ပြီး သူတို့ ဘဝတွေ ကို ပြန်တည့်မတ်လာနိုင်ကာ မျှော်လင့်ချက် ရောင်ခြည်သန်းလာတာဟာ ကျွန်တော်တို့ရဲ့ သေးငယ်ဘဝအဦး က အကြောင်းအရာတွေကြောင့် ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဘုရား သခင်က ပိုက်ဆံပဲ ပြင်ဆင်ပေးနိုင်တာမဟုတ်ဘူး။ တရားဟောချက် လည်း ပြင်ဆင်ပေးနိုင်တာ ဖြစ်တယ်။ လူတွေအတွက် လိုအပ်တဲ့ ၀ိညာဉ်အစာကို ကျွေးပိုင်သော အရှင်ဟာ သန့်ရှင်းသောဝိညာဉ် တော်ပဲ ဖြစ်တယ်။ ပိုက်ဆံမရှိတိုင်း လူ့တန်ဖိုးကျသွားတာ မဟုတ်ဘူး။ လူ့ တန်ဖိုးဟာ ပိုက်ဆံနှင့် မတွက်ဘူး။ ယေရှုရဲ့ အသွေးတော်နဲ့ တွက် တာဖြစ်တယ်။ ယေရှုက ခင်ဗျားရဲ့ အသက်တာကို စကြာဝဋ္ဌာကြီး ထက် ပိုတန်ဖိုးထားတာ ဖြစ်တယ်။ ဒါကြောင့် ပိုက်ဆံမရှိတိုင်း စျေးကျတယ်လို့ မထင်ပါနှင့်။ ကျပ်တည်းနေတဲ့ ဘဝကနေ တဖြည်း ဖြည်း တက်လာပြီး များစွာသော လူတွေအတွက်ကောင်းချီး ဖြစ် လာမှာ ဖြစ်တယ်။ ယုံကြည်ခြင်းနဲ့ ဆက်သာလျှောက်ခဲ့ပါ။ ဘုရား သခင်က ပြင်ဆင်ပေးမှာဖြစ်တယ်။ ဘုရားသခင်က တစ်ဆင့်ပြီး တစ်ဆင့် ဖြေရှင်း ပေးမှာ ဖြစ်တယ်။

ဘုရားသခင်က တစ်လှမ်းပြီး တစ်လှမ်း ပို့ဆောင်လာမှာ ဖြစ်တယ်။ တစ်ခါတစ်ခါ ကျွန်တော်တို့က အဆင့် ကျော်ပြီး သွားချင်တယ်။ ဘုရားသခင်က အဆင့်ကျော်ပြီး ကျွန်တော် တို့ကို မပို့ဆောင်ဘူး။ ဘုရားသခင်ကိုသာ မျှော်ကြည့်ပါ။ တစ်ဆင့်ပြီး တစ်ဆင့် ခေါ်သွား မှာ ဖြစ်တယ်။ စိတ်ဆန္ဒမစောဘဲ တစ်ဆင့်ပြီးတစ်ဆင့် ဘုရားသခင်နဲ့ လျှောက်လှမ်းတဲ့ သူဖြစ်ဖို့ အရေးကြီးတာ ဖြစ်တယ်။ မအောင်မြင်ဘူးလို့ ထင်ခဲ့တဲ့ အသက်တာဟာ ဘုရား သခင်အတွက် အမွှေးကြိုင်ဆုံးသော အချိန်ကာလဖြစ်နေတယ်။ ဒါကြောင့် အထင်မသေးပါနှင့်။ ကြေကွဲသော နှလုံးသားနှင့် ခင်ဗျား ယဇ်ပူဇော်နေတဲ့ အချိန်ဖြစ်ကောင်း ဖြစ်မယ်။ ယောသပ်ရဲ့ အသက် တာမှာ သစ္စာရှိစွာ ဘုရားသခင်နဲ့ ပုံမှန်လျှောက်လှမ်းတဲ့အတွက် ကြောင့် ဘုရားသခင်က ချီးမြှောက်ခဲ့တာ ဖြစ်တယ်။ တစ်ဆင့်ပြီး တစ်ဆင့် ပို့ဆောင်တဲ့ ဘုရားသခင်ဖြစ်တယ်။ ဘုရားသခင်ရဲ့ ပို့ဆောင်မှုကို မစောင့်ဘဲ အဆင့်ကျော်ပြီး ၀ုန်းဒိုင်း ကောင်းစား ချင်တဲ့အခါ အလုပ်လုပ်ဖို့ ပျင်းလာကြတယ်။ ဆုတောင်းရင် ချက်ခြင်း မထူးခြားပေမယ့် အချိန်တန်ရင် ဘုရားသခင်က ကောင်းချီးပေးမှာ ဖြစ်တယ်။ ဘုရားသခင်က သူသတ်မှတ်တဲ့ အချိန်ဆိုတာရှိတယ်။ ကျွန်တော်တို့ သစ္စာရှိစွာ လှမ်းလာခဲ့ဖို့ပဲ ဖြစ်တယ်။ အသက်တာမှာ ဆုံးရှုံးမှုတွေ့ရတာက အလွယ်ကလေးနဲ့ ဖြတ်လမ်းက သွားချင်လို့ပဲ ဖြစ်တယ်။ သစ္စာရှိရှိနဲ့ လုပ်စရာရှိတာ လုပ်ပြီး ဘုရားသခင် မျက်နှာကိုသာရှာပါ။ အချိန်တန်ရင် ကြီးပွား ခွင့်ပေးမှာ ဖြစ်တယ်။ စိတ်စောနေရင် အကျနာမှာ ဖြစ်တယ်။ ခက်ခဲကြမ်းတမ်းပြီး သေးငယ်ခဲ့တဲ့ ဘဝတွေကို မမေ့ပါနှင့်။

ခင်ဗျား ဘဝက အဲဒီနေရာကစတာ ဖြစ်တယ်လို့ ဘုရားသခင်က ပြောလာ တယ်။ ဒီနေရာဟာ ခင်ဗျားရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်။ မွှေးကြိုင်တဲ့ သက်သေခံချက်တွေ ထွက်ပေါ်လာတာဖြစ်တယ်။ ဆုံးရှုံးမှုကို မကြောက်ပါနှင့်။ ဆုံးရှုံးမှုထဲကနေ လှပတဲ့အောင်မြင်မှု ရောက်လာမှာ ဖြစ်သည်။ မအောင်မြင်ခဲ့တဲ့ နေရာကနေ ဘုရား သခင်ကို ဖက်ရမ်းလာတဲ့အခါမှာ ဘုရားသခင်က အဲဒီနေရာကပဲ ဖြည်းဖြည်းချင်း ခေါ်လာမှာ ဖြစ်တယ်။ တစ်ခါမအောင်မြင်တာနဲ့ ခင်ဗျားဘဝ ဆုံးတာမဟုတ်ဘူး။ တက်လမ်းအများကြီး ရှိသေးတယ်။ အားမလျော့ပါနှင့်။ ဖြတ်လမ်းတော့မလိုက်ပါချင်ပါနဲ့။ မှားသွား မယ်ဆိုတာကိုတော့ သတိပေးချင်တာ ဖြစ်တယ်။ လောဘမြူစွယ် မှုမှာ မမြှုပ်ဘဲ ယေရှုကို မျှော်ကြည့်ပြီး လျှောက်လှမ်း လာခဲ့ပါ။ ဘုရားသခင်မပေးဘဲ လုပ်ယူကြံဖန်ပြီး တိုးပွားဖို့ မကြိုးစားပါနှင့်။ ဒါက နောက်ဆုံးခင်ဗျား ကိုပဲ နစ်နာစေမှာဖြစ်တယ်။ ဇာတိနဲ့ မျိုးစေ့စိုက်သောသူဟာ ပုပ်ပျက်ခြင်းကို ရိတ်သိမ်းရမှာဖြစ်တယ်။ ၀ိညာဉ်နဲ့ မျိုးစေ့ကြဲတဲ့သူဟာ အသက်ရှင်ခြင်းကို ရိတ်ရမယ်လို့ ကျမ်းစာက အတိအလင်း ပြောထားတာဖြစ်တယ်။ ဒါကြောင့် ဖြတ်လမ်းမလိုက်ဘဲ ဘုရားသခင်နှင့်ပဲ လျှောက်လှမ်းလာပါ။ သစ္စာရှိရှိလုပ်လာခဲ့ပါ။ ဘုရားသခင် ကောင်းကြီးပေးမှာ ဖြစ်တယ်။ ဘုရားသခင်က ခင်ဗျားအတွက် ဆိုးညစ်သော အကြံအစည် မရှိဘဲ ကောင်းသော အကြံအစည် တစ်ခုသာ ရှိတာ ဖြစ်ပါတယ်။ ယခု တွေ့ကြံုနေရတဲ့ ဒုက္ခဟာ ဆုံးရှုံးမယ့်ဒုက္ခ မဟုတ်ဘူး။ လှပလာမယ့် အရာတွေဖြစ်တယ်။ မွှေးကြိုင်တဲ့ ဒုက္ခပဲ ဖြစ်လိမ့်မည်။ အချိန်ကာလ တန်တဲ့အခါမှာ ဖြစ်လာလိိမ့်မည်။ ခံစားမှုထက် ဘုရားသခင်ကို ပိုပြီး ဦးစားပေးပါ။ အောင်မြင်မှုက စောင့်ကြိုနေမှာဖြစ်တယ်။

၂၀၀၆-ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်၊ တနင်္ဂနွေနေ့ မြန်မာ အစီအစဉ်တွင် ဟောကြားသောဒေသနာမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm