slide 1

 

ဆုတောင်းခြင်းဖြင့် စောင့်စားခြင်း

Written by Super User. Posted in Pastor Mung Preaching Article

လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည် အကြောင်း ...။ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့ သည် ညဉ့်နေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရား သခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော ...။ ငါဆိုသည်ကား သူတို့ဘက်၌ အလျင်အမြန် တရားစီရင် တော်မူမည်။ (လုကာ ၁၈း၁-၈)

ဘုရားသခင်ဟာ ယုံကြည်သူတွေရဲ့ နှလုံးသားပါလျက် ဆုတောင်းတဲ့အသံကို လစ်လျူမရှုဘဲ ဂရုစိုက် နားညောင်းအဖြေပေး တဲ့ ဘုရားသခင် ဖြစ်တယ်။ ဘယ်သူမဆို နှလုံးသား မပါဘဲ ဆုတောင်းပါက အဖြေရရှိနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က စိတ်နှလုံးအပြည့် သူ့ကို ကိုးစားတာ လိုချင်လို့ ဖြစ်တယ်။ ဒါကြောင့် ကျမ်းစာထဲမှာပါတဲ့ မုဆိုးမလို မလျော့သော ဇွဲနှင့် မရမချင်း ဆုတောင်းရမှာ ဖြစ်တယ်။ ဆုတောင်းပေမယ့် အဖြေက မရနိုင်သေးဘူးဆိုရင်တောင် ယုံကြည်ခြင်းနှင့် ဆက်လက် ဆုတောင်းပါ။ဘုရားသခင်က အမှန် တကယ် ဆုတောင်းတဲ့သူကို ချန်မထားပါဘူး။ ဘုရားသခင်မှာ ယုံကြည်သူတွေအပေါ် ဆိုးညစ်တဲ့ အကြံအစည်မရှိပါဘူး။ အကောင်းဆုံးအကြံအစည်ပဲ ရှိပါတယ်။ နှောင့်နှေးသလို ခံစားရပေ မယ့် အကောင်းဆုံးရရှိလာမှာဖြစ်တယ်။

အရေးကြီးဆုံးက အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ် စေ ဘုရားသခင်ရှေ့မှာ မျက်နှာချင်းဆိုင် ဒူးတိုက်စကားပြောဖို့ပဲ ဖြစ်တယ်။ ထိမ်ဝှက်ဟန်ဆောင်တာတွေ မရှိဘဲ နှလုံးသားကို ဖွင့်ပြ မယ်။ ယာကုပ်နှင့် ဘုရားသခင် နပန်းလုံးသလိုမျိုး ကိုယ်တော် ကောင်းချီးမပေးမချင်း မလွတ်ဘူးနော်ဆိုပြီး ဆုတောင်းဖို့ဖြစ်တယ်။ အောင်မြင်တဲ့သူတွေဟာ ဘုရားသခင်နှင့်အတူ ဒေါင်ကျကျ ပြားကျ ကျ နေတတ်သူတွေဖြစ်တယ်။ လူတွေရဲ့ အမြင်နှင့် သတ်မှတ်ချက် အရ မအောင်မြင်သလိုဖြစ်ပေမယ့် တစ်နေ့မှာ သရဖူဆောင်းရမှာ ဖြစ်တယ်။ ငွေကြေး၊ ဂုဏ်ပကာသနတွေဟာ တစ်နေ့ကျရင် လွှင့်စင် ပျောက်ကွယ် သွားမှာ ဖြစ်ပေမယ့် စိတ်နှလုံး သွန်းလောင်းပြီး တောင်းတဲ့ ဆုတောင်းသံတွေက မပျောက်ပျက်နိုင်ပါဘူး။ ဘုရားသခင်ရှေ့မှာ စိတ်နှလုံးအ<ကင်းမဲ့ ချီးမွမ်းကိုးကွယ် ဆုတောင်းတာတွေက ထာဝရထင်ကျန်ရစ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ထာဝရကျန်နေမယ့်အရာတွေကို ရှာသော သူတွေဖြစ်ဖို့ ဘုရားသခင် ကောင်းချီးပေးပါစေ။ လူတစ်ဦးစီရဲ့ အနာဂတ်ဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ပဲရှိ တယ်။ မထင်မှတ်တဲ့သူဟာ တစ်နေ့မှာ ဘုရားသခင်ရဲ့အကြံအစည် ပြည့်စုံသွားပြီး အထူးကောင်းစားလာနိုင်တာ ဖြစ်တယ်။ ဒါကြောင့် လူတစ်ဦးတစ်ယောက်စီတိုင်းကို တန်ဖိုးထားတတ်ဖို့ အရေးကြီးတယ်။ ဘယ်သူ့ကိုမှ အထင်မသေးဘဲ ဘုရားသခင်ဟာ သူ့အတွက် အင်မတန်ကြီးမားတဲ့ အကြံအစည်ရှိတယ်ဆိုတာ သိထားပြီး ဆက်ဆံဖို့လိုပါတယ်။ (ဖိလိပ္ပိ ၂း၃-၅)။

ရုသဆိုတာ မုဆိုးမပါ။ တစ်ပါးအမျိုးဖြစ်တဲ့ သူ့ယောက္ခမ နှင့် သူ့အသက်ရှင်ဖို့အရေး သူများလက်ထဲမျာ ကျန်ခဲ့တဲ့ ကောက်ရိုး လေးတွေ ကောက်နေရတဲ့ သူ့ဘဝကို ဒီအတိုင်း ကြည့်မယ်ဆိုရင် အင်မတန် နှိမ့်ကျပေမယ့် မကြာခင်မှာ လယ်ပိုင်ရှင်ကတော် ဖြစ်လာတယ်။ အရင်ကောက်ရိုးကျန်တွေ ကောက်တုန်းက အလုပ် သမားတွေက ဘယ်လိုဆက်ဆံတယ်ဆိုတာ မသိပေမယ့် အဲဒီအချိန် တုန်းက ရုသရဲ့ အနာဂတ်အတွက် ဘုရားသခင်ရဲ့ အကြံအစည် တော်ကိုသာ သူတို့သိနိုင်မယ်ဆိုရင် သူတို့ရဲ့ ဆက်ဆံရေးက တစ်မျိုးဖြစ်သွား နိုင်ပါတယ်။

ယောသပ်ရဲ့ အသက်တာမှာလည်း သူက နို့ညှာဆိုတော့ သူ့အစ်ကိုတွေက အထင်မကြီးကြဘူး။ ဒါပေမယ့် တစ်နေ့တော့ အိမ်မက်လှလှမက်လာတယ်။ တစ်နေ့ကျရင် အရာရောက်တဲ့ ပုဂ္ဂိုလ် ဖြစ်လာမယ့် အိမ်မက်ဖြစ်တယ်။ ဒါကြောင့် သူ့အစ်ကိုတွေက လုံးဝမကြားချင်ဘူး။ သူ့ကို သတ်ဖို့ ကြံစည်ပြီးမှ ကုန်သည်တွေဆီကို ရောင်းလိုက်တယ်။ ဒါပေမယ့် ဘုရားသခင် ပေးပြီးသားအိမ်မက်က ပျက်ပြယ်မသွားဘူး။ တိုင်းတစ်ပါးမှာ ကျွန်အဖြစ်ရောက်သွားတယ်။ အဲဒါလည်း အိမ်မက်ပြည့်စုံဖို့ လမ်းကြောင်းဖြစ်လာတယ်။ သူ့အစ်ကိုတွေက သူ့ကို သတ်ဖို့ လုပ်ပြီးမှ ရောင်းစားလိုက်တာက လည်း ဘုရားသခင်က သူတို့ရဲ့ စိတ်ကို ပြောင်းပေးလိုက်လို့ဖြစ် တယ်။ သူ့ရဲ့ အကြံအစည်တော် ပြည့်စုံလာဖို့ ဖြစ်ပါတယ်။ ယောသပ်အနေနှင့် တိုင်းတစ်ပါးမှာ မျက်နှာရလာတယ်။ တစ်ခါ ပေါတိဖာ အမျိုးသမီးက သူ့ကို လီဆယ်တိုင်တန်းပြီး ထောင် ချခံရပြန်တယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူ့အိမ်မက်တကယ်ပြည့် စုံလာပြီး သူ့အစ်ကိုတွေက သူ့ရှေ့မှာ ပျပ်ဝပ်လာကြတယ်။ ဒါပေမယ့် သူ့အနေနှင့် အခွင့်သင့်တုန်း လက်စားချေလိုက်မယ် ဆိုတဲ့ စိတ်မျိုး မထားဘူး။   

ဒါကြောင့် ဘုရားသခင်က ဘိသိက်ပေးလာပြီဆိုရင် လူတွေရဲ့ အနှောင့်အယှက် အဟန့်အတားတွေက ဘာမှ မတတ်နိုင် ပါဘူး။ ကြောက်စရာလည်းမလိုဘူး။ အားငယ်စရာလည်း မရှိဘူး။ လူတွေက နှိပ်စက်လေလေ ဘုရားသခင်ပေးထားတဲ့ ပန်းတိုင်ဆီ နီးကပ်လေလေပဲဖြစ်တယ်။ အဲဒီလိုပဲ ဒါ၀ိဒ် အသက်တာမှာလည်း သူ့အဖေနှင့် အစ်ကိုတွေက ဘာမှမထင်ထားခဲ့ပေမယ့် ဘုရားသခင်ရဲ့ ဘိသိက်မှု သက်ရောက်လာတဲ့အခါမှာ ဘုရင်ကြီး ဖြစ်လာတာဖြစ်တယ်။ ဘုရားသခင်ရဲ့ အကြံအစည်တော်ကို ဆုတောင်းရင်းနှင့် စောင့်စားဖို့ပဲဖြစ်တယ်။
    
အသက်တာမှာ နှောင့်ယှက်သူ၊ ဒုက္ခပေးသူ၊ ဝေဖန်ကဲ့ရဲ့သူ စတာတွေကိုလည်း စိတ်ဆိုးမာန်ဆိုးနှင့် တုန့်ပြန်ဖို့မဟုတ်ပါဘူး။ တစ်နေ့မှာ မိမိဘက်က ရပ်တည်ပေးကြမယ့် သူတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ထိတွေ့ဆက်ဆံနေရတဲ့ လူတွေကို ယေရှုရဲ့မေတ္တာနှင့် ကြည့်ရှုတတ်ဖို့၊ ဘုရားသခင် ပေးထားတဲ့ တန်ဖိုးကို မြင်နိုင်ဖို့ လိုတယ်။ သူ့အထဲမှာ ဘုရားသခင်က ဘာရတနာတွေကို သိုပေးထားသလဲဆိုတာ မြင်တွေ့ပြီး ကျေးဇူးတော် ချီးမွမ်းနိုင်ဖို့ ဘုရားသခင်ကောင်းချီးပေးပါစေ။

(၂၀၀၆-ခုနှစ်၊ မတ်လ ၁၃ ရက်၊ တနင်္ဂနွေနေ့ မြန်မာ အစီအစဉ်တွင် ဟောကြားသောဒေသနာမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm