slide 1

 

ကတိတော်ပြည်မှာ အမွေခံလိုပါသလား

Written by Super User. Posted in Spiritual Words

(ယောရှုမှတ်စာ ၁၄း ၆-၁၅) ဘုရားသခင်သည် လူတစ်ဦးစီတိုင်းကို စိတ်ဝင်စားသောဘုရားသခင်ဖြစ်တယ်။ ဖန်ဆင်းကတည်းက အကြံစည်တော်နှင့် အတူ ဖန်ဆင်းထားသည်။ ထိုအကြံစည်တော်များပြည့်စုံဖို.ရန် စောင့်ဆိုင်းရသကဲ့သို့ ယုံကြည်ခြင်း အားဖြင့် ဝင်စားဖို့ လိုအပ်ပါသည်။ကျွနု်ပ်သည် ရန်ကုန်မြို့လယ်ခေါင်မှာ တိုက်ခန်းငှားပြီးနေရတာအရမ်းအဆင်ပြေပြီး ဘုရားသခင်အား ထိုအရာအတွက်အရမ်းကျေးဇူးတင်နေပါသည်။ သို့သော်ဘုရားသခင်သည်

ကျွန်ပ်အားကတိတော်ပြည်မှာ ရောက်ရှိရုံသာမဟုတ် အမွေခံဖို့ရန် အလိုတော် ရှိကြောင်း သိရှိလာသည်။ မိတ်ဆွေ သင်သည်လည်း အမွေခံဖို့ရန် ခေါ်ခြင်းခံရ သောသူဖြစ် သည်။ ကာလက်သည် ကတိတော်အတိုင်း ကတိတော်ပြည်ကိုရောက်ရှိပေမယ့် အမွေဟာ သူနှင့်ဝေးကွာနေပါသည်။

ထိုအမွေတော်ကို ရရှိရန် ၁။ ကာလက်သည် ကတိတော်ကို မမေ့/ဆုပ်ကိုင်ထားသည်။ (အငယ် ၆)ဣသရေလလူမျိုးများသည် ဘုရားသခင်ဧ။် ကတိတော်အတိုင်း ခါနာန်ပြည်ကိုရောက်လာကြပြီး ဘုရားသခင်သည် မောရှေအားဖြင့် မှာထားတော်မူသည့်အတိုင်း စာရေးတံပြု၍ ဣသရေလလူမျိုး (၁၂)မျိုးအလိုက် အမွေခွဲဝေပေးကြသည်။ ကာလက်သည် ယုဒအမျိုးဖြစ်သောကြောင့် သီးသန့်အမွေမရတော့ပါ။ ခေါင်းဆောင်ဖြစ်သော ယောရှု ကလည်း ထိုကတိတော်ကို သတိမရတော့ပေ။ ထို့ကြောင့် ကာလက်သည် ယောရှုဆီသွားပြီး ထာဝရဘုရားသည် ကာဒေရှဗာနာအရပ်၌ ကိုယ်တော်နှင့်အကျွန်ုပ်ကို ရည်ဆောင်၍ဘုရားသခင်ဧ။်လူမောရှေအား မိန့်တော်မူသော စကားကို ကိုယ်တော်သိပါဧ။်။ ထိုကတိတော်များမှာ (ထွက် ၁၃း ၆၊ ၉၊ ၃၀။ တော ၁၄း ၂၄) ''သူသွားခဲ့သောပြည်သို့ သူ့့ကို ဆောင်သွင်းသဖြင့်၊ သူဧ။်သားမြေးတို့သည် အမွေခံရကြလိမ့်မည်။'' ဟူသော ကတိတော်ရှိပါသည်ဟု အသိပေးလိုက်သည်။ ဘုရားသခင်၏ ကတိတော်ကို ဆုပ်ကိုင်ထားပါ၊ သက်တမ်းကုန်ဆုံးတယ် ဆိုတာမရှိဘူး၊ မရမချင်းဆုပ်ကိုင်ထားပါ။ ထိုကတိတော်က သင့်ကို ဝမ်းမြောက်စေမယ်။ လန်းဆန်းစေမှာဖြစ်တယ်။

၂။ ကာလက်သည် ကတိတော်၌ မှန်ကန်သောစိတ်နေသဘောထား ရှိသည် (အငယ် ရ၊၈) "အကျွနု်ပ်သည် ကိုယ်စိတ်ထင်သည်အတိုင်း ပြန်ကြားလျှောက်ထားပါဧ။်။ အကျွနု်ပ်သည် ထာဝရဘုရား နောက်တော်သို့ လုံးလုံး လိုက်ပါဧ။်" ခေါင်းဆောင် (၁၂)ယောက်တို့သည် ခါနာန်ပြည်ကို အတူတကွ စူးစမ်းကြသည်။ သို့သော် အဖြေက (၂)မျိုးထွက်လာသည်။ ဘုရားသခင်၏ ကတိတော်ကို မယုံကြည်နိုင်၊ မမှီခိုရဲသောသူတိုု့၏ အဖြေသည် အရမ်း ကြောက်စရာကောင်းပြီး၊ သူတို့ကိုသူတို့ မဟုတ်သောသူဖြစ်စေသည်။ ခါနာန်ပြည်၏ ကြွယ်ဝခြင်းသည်လည်း သူတို့နဲ့ မထိုက်တန်ဘူးဖြစ်သွားသည်။ သို့သော် ဘုရားသခင်၏ ကတိတော်ကို ယုံကြည်သော ယောရှုနှင့် ကာလက် တို့၏အဖြေသည် အရမ်းဝမ်းမြောက်စရာကောင်းသော သတင်းကောင်းဖြစ်သည်။ ကောင်းကြီးသည် ကတိတော်ခံရသည့် သူတွေအတွက် ဖြစ်မှန်းလုံးဝသိသည်။ ကာလက်ကလည်း ချက်ချင်းချီသွား၍ ထိုပြည်ကို သိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟုသော်လည်းကောင်း၊ ငါတို့ စူးစမ်းသောပြည်သည် အလွန်တရာကောင်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်ဖြစ်၍ဘုရားသခင်သည် ငါတို့အားအပိုင်ပေးတော်မူလိမ့်မည်် လို့ပြောလိုက်သည်။( တော ၁၃း ၃၀၊ ၁၄း ၇-၉)

၃။ ကိုယ့်ကိုကိုယ် စိတ်ချမှုရှိ (၁၀၊ ၁၁)
ဘုရားသခင်၏ကတိတော်ရရှိသည့် အချိန်မှာ ကာလက်သည် အသက် ၄၀ ပဲရှိသေးတယ်၊ သန်မာတဲ့အရွယ်ဖြစ်တယ်။ အခုတော့ ကာလက်သည် အသက် ၈၅နှစ် ဖြစ်သည်။ သို့သော် ကာလက်သည် လုံးဝမကြောက်ဘဲ ကတိတော်ကိုဆွဲကိုင်လျက် " မောရှေစေလွတ်သောနေ့၌ ခွန်အားရှိသကဲ့သို့ ခွန်အားရှိပါဧ။်။ ထွက်ဝင်ခြင်းအမှု၊စစ်တိုက်ခြင်းအမှုကို ဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင် သကဲ့သို့ ယခုလည်း တတ်စွမ်းနိုင်ပါ၏}} (၁ဝး ၁၁) လို့ပြောတယ်။ ကတိတော် အမွေခံရဖို့ စစ်တိုက်သည့်အခါ သင့်ရဲ့ ငယ်ရွယ်ခြင်း၊ ကြီးရင့်ခြင်းဖြင့် အဟန့်အတားမဖြစ်စေပါနဲ့။ ကတိတော်ဖြစ်သောကြောင့် ရဲရဲဝံ့ဝံ့သာ ရင်ဆိုင်လိုက်ပါ။ အရမ်းငယ်ရွယ်သေးတဲ့ ဒါ၀ိဒ်က ရှင်ဘုရင်ရှောလုရဲ့ဆုလာဒ်တွေကို မြော်လင့်ရင်း ကြီးမား လှသော ဂေါလျက်ကြီးကို အကြောင်းပြချက်မရှိ ရင်ဆိုင်တိုက်ထုတ်လိုက်တယ်။ (၁ ဓမ္မ၁၄း ၃၁-၃၇၊ ၁ရး ၂၅၊၂၆) ကတိတော်အမွေခံရဖို့ စစ်တိုက်သည့်အခါ သင့်ရဲ့ ငယ်ရွယ်ခြင်း၊ ကြီးရင့်ခြင်းဖြင့် အဟန့်အတားမဖြစ်စေပါနဲ့။ ကတိတော်ဖြစ်သောကြောင့် ရဲရဲဝံ့ဝံ့သာ ရင်ဆိုင်လိုက်ပါ။ အသက်တာမှာ ဂေါလျက်ကဲ့သို့သော အရိပ် အယောင် များပေါ်လာတတ်သည်။ ထိုအရာတွေကို ရဲဝံ့စွာ တိုက်ထုတ်လိုက်ပါ။ သင်သည် ကတိတော်အမွေခံရတော့မည်ဖြစ်သည်။

၄။ ဤတောင်ကို အကျွနု်ပ်အားပေးပါ။ (အငယ် ၁၂) ကာလက်သည် ဘုရားသခင်၏ ကတိတော်ဖြစ်သော ဟေဗြုန်တောင်ကို ပေးပါဟု တောင်းတဲ့အခါ ယောရှုကလည်း ကတိတော်ရှိပြီးသားဖြစ်သောကြောင့် ရန်သူ
ဘယ်လောက်များများပေးလိုက်ရသည်။ ကာလက်ကလည်း ကတိတော်ပြည်မှ ရန်သူတွေကို ဖယ်ရှားပြီးငြိမ်းချမ်းစွာ နေရသည်။ ၁ရာဇဝင်ချုပ် ၄း၁ဝမှာ ယာဗက်က ကိုယ်တော် ကျွနု်ပ်ကို အစဉ်ကောင်းကြီးပေးပါ လို့တောင်း တယ်။ ဧလိရှဲက သူ့သခင်၏ နှစ်ဆသော ၀ိညာဉ်/ဘိက်သိက်ခြင်းကိုတောင်းတယ်။(၄ ဓမ္မ ၂း၉) ကျွနု်ပ်တို့သည် ကတိတော်ပြည်မှာ ရောက်ပြီးသားဖြစ်တယ်။ လက်ထဲမှာ လက်ဆုပ်လက်ကိုင်ရရှိဖို့ဘုရားသခင်ဆီမှာ တောင်းရ မယ်။ အသနားခံခြင်း မဟုတ်တော့ပါ။ သင်သည် ဘုရားသခင်၏ အမွေစားအမွေခံဖြစ်သည်။ ထိုက်တန်သောသူဖြစ်သည်။ မင်းစည်းစိမ်ရှိသောအမျိုး၊ ယဇ်ပရောဟိတ်အမျိုးဖြစ်သည်။( ၁ ပေ ၂း ၉၊၁၀)။

By Sayama Niang Lam Kim (June 29, 2016)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm