slide 1

 

ကိုယ်တော်ပြောရင်ငြိမ်းတယ်

Written by Super User. Posted in Spiritual Words

ဘဝမှာတိုက်ခတ်လာတဲ့မုန်တိုင်း၊လှိုင်းတံပိုးတွေမမျှော်လင့်ဘဲကြုံရတတ်ပါသည်။ ဘဝခိုလှုံရာလှေငယ်လှိုင်းတံပိုးကြားလွန့်လူးရင်း ကမ်းမမြင်နိုင်ဘဲ ရှေ့ဆက်မရဖြစ်နေတတ်ကြသည်။ ဘယ်လိုငြိမ်းမလဲ။ ဘယ်လိုလုပ် မလဲ။ တတ်နိုင်သမျှကြိုးစားရုန်းကန်သော်လည်း နစ်မြှုပ်လုမတတ်ဖြစ်နေတယ်။ တပည့်တော်များကြံရာမရကြောက်လန့်အားငယ် စိတ်ပြင်းထန်လာကာ သခင်ကဘာမှမလုပ်ပေးဘူးလား။မလုပ်ဘဲအိပ်နေနိုင်သလားဟု အားကိုး တကြီးနဲ့လှုပ်နှိုးခဲ့ကြသည်။ သခင်ကမူ အေးဆေးစွာဖြင့်လေနှင့် ပင်လယ်ကိုဆုံးမလိုက်ပါသည်။

စိုးရိမ်စိတ်များလွန်းရင် ယုံကြည်ခြင်းပျောက်ကွယ်သွားတတ်သည်။ သခင်က ဘာကြောင့်ကြောက်စိတ်ဝင်သနည်း၊ ယုံကြည်သောစိတ်ဘယ်ရောက်သွားပြီလဲ။ဟုမေးပါသည်။သင့်ဘဝမုန်တိုင်းတွေကိုယ်တော်ငြိမ်းပေးနိုင်ပါသည်။ ယုံကြည်ခြင်း စိတ်တစ်ခုတည်းဆုပ်ကိုင်ထားပါ။ မပျောက်သွားပါစေနဲ့။ကိုယ်တော်၏အမိန့်တော်တစ်ခွန်းတည်းစေလွှတ်လိုက်ဖို့သာလိုပါသည်။ သခင့်ကိုသာလှုပ်နိုးလိုက်ပါ။ လုကာ၈:၂၂-၂၅

" တနေ့သ၌ယေရှုသည် တပည့်တော်တို့နှင့်အတူလှေထဲသို့ ဝင်၍ ၊ အိုင်တဘက်သို့ ကူးကြကုန်အံ့ ဟု မိန့်တော်မူပြီးလျှင် လွှင့်သွားကြ၏။ အိုင်ကိုကူးသော အခါယေရှုသည် ကျိန်းစက်တော်မူ၏။ အိုင်၌မိုဃ်း သက်မုန်တိုင်း ဖြစ်၍ ၊ လှေသည်ရေနှင့်ပြည့်သော ကြောင့်ဘေးရောက်လု၏။ တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးပြီးလျှင်၊ သခင်၊ သခင်၊ အကျွနု်ပ်တို့သည် ပျက်စီးခြင်းသို့ရောက်ပါ၏ ဟုလျှောက်ကြသော်၊ ကိုယ်တော်သည်ထ၍ လေနှင့်လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့်၊ လေနှင့်လှိုင်းတံပိုးသည် ငြိမ်း၍ သာယာလေ၏။ "ကိုယ်တော်ကလည်း၊ သင်တို့ယုံကြည်ခြင်း စိတ်သည် အဘယ်မှာရှိသနည်းဟု မေးတော်မူလျှင်၊ သူတို့သည် ကြောက်ရွံ့အံ့သြ၍၊ ဤသူကားအဘယ်သို့သောသူနည်း။ လေနှင့်ရေကိုပင်မှာ ထားတော်မူ၍ ၊ သူတို့သည် နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။"

By Rev Mang Uap

Tags: Author Rev. Mang Uap

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm