slide 1

 

ယေရှုတတ်နိုင်တယ်

Written by Rev Mang Uap. Posted in Spiritual Words

လူ့အနေနဲ့ မဖြစ်နိုင်မတတ်နိုင်တဲ့အရာ တွေအားလုံးယေရှုဘုရားနဲ့တွေ့တဲ့အခါ... မာကုအခန်းကြီး ၅:၁-၁၅ မှာ ဂါဒရပြည်မှာ နတ်ဆိုးစွဲလို့ မိသားစု မြို ့ရွာနဲ့ပတ်ဝန်းကျင်ကို ဖျက်ဆီးနှောင့်ယှက်နေသူတစ်ယောက်.. ယဉ်ကျေးအောင်ဘယ်လောက်ပဲသွန်သင်ဆုံးမပါစေ..ဘယ်လိုမှမတတ်နိုင်..ဘယ်သူမှမလုပ်နိုင်လို့ နောက်ဆုံး သူ့ကိုထိန်းနိုင်ဖို့အတွက် သံကြိုးတွေနဲ့တုပ်နှောင်ထားရတဲ့အထိ ကြမ်းတမ်းတဲ့ ညစ်ညူးသောနတ်စွဲတဲ့ လူတစ်ယောက်အကြောင်းကိုတွေ့ရပါတယ်။

သူ့အတွက် မိသားစု..အသိုင်းအဝိုင်းဆိုလို့ မရှိတော့ဘဲ..ဘယ်သူမှသူနဲ့မပေါင်းဖော်နိုင်ဘဲ နတ်ဆိုးများကသာသူ့ဘဝကိုချုပ်ကိုင်လွှမ်းမိုးလို့ ရောမစစ်တပ်မှာရှိတဲ့တစ်တပ်စာ အင်အား(၆၀၀၀)အထိရှိတဲ့ လေဂေါင်နတ်သူ့အထဲမှာ စွဲကပ်လို့နေပါတယ်။ (သူ့အထဲကနတ်ကတော့အကောင်၆ဝဝဝပြည့်မပြည့်မသိရပါ။) သို့သော်နတ်ဆိုးအများကြီးရှိနေတဲ့အတွက် သူ့ကိုယ်သူ နာကျင်အောင် ကျောက်စောင်းတွေနဲ့သူ့အသားတွေကို ရှနစေတယ်။သွေးထွက် သံယို ဖြစ်စေတယ်။ အထဲကနတ်ဆိုးတွေကနှိပ်စက်လို့သူ့ကိုအရှက်တကွဲဖြစ်အောင် သချိုင်းတစပြင်မှာ ပဲနေစေပြီး ဘာအဝတ်မှမဝတ်ဘဲ တစ်ကိုယ်တည်းနေ့ညများစွာ မိုးဒဏ်လေဒဏ်ခံကာ စူးရှစွာအော်ဟစ်နေလို့ အကူအညီမဲ့ဘဝ ရောက်နေပါတယ်။ သူ့ကို ထိန်းချုပ်ဖို့ချည်နှောင်တဲ့သံကြိုးအားလုံးကိုဖြတ်တောက်နိုင်ပြီး ကူညီသူအားလုံးကိုတောင်ရန်ပြုတိုက်ခိုက်နိုင်ပါတယ်။

ဒီလိုနဲ့နေရင်း ..ဘယ်သူမှ မတတ်နိုင်လို့လက်လျော့ထားရတဲ့လူတစ်ယောက်... တစ်နေ့ ထိုသူရှိနေတဲ့ ဂါဒရပြည်ကိုယေရှုရောက်လာခဲ့တယ်။ ယေရှုက ထိုညစ်ညူးသောနတ်ကိုမောင်းထုတ်ပစ်ခဲ့တယ်။ ထိုအချိန်ကစပြီး လေဂေါင်နတ်ဆိုးဟာသူ့အထဲကထွက်သွားခဲ့ရတယ်။ ထိုသူဟာလည်းလူကောင်းပကတိ အဖြစ်သို့ပြန်လည်ရောက်ရှိကာ လူ့အသိုင်းအဝိုင်းမှာပြန်လည်ဝင်ဆန့်လာခဲ့တယ်။

မြန်မာပြည်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ နတ်ဆိုးလေဂေါင်စွဲသလိုပဲ မိမိကိုယ်ကို ဖျက်ဆီးကာသွေးထွက်သံယိုဖြစ်အောင် မိမိအသားကိုခုတ်ထစ်ရှနကာ တစ်ပြည်လုံးမှာ ဖျက်ဆီးတဲ့အမှုတွေပဲပြုနေခဲ့တယ်။ တစ်ကမ္ဘာလုံးကသူ့ကိုယဉ်ကျေးအောင်နိုင်ငံတကာမှနည်းလမ်းအမျိုးမျိုးနဲ့ ထိန်းချုပ်ပေးဖို့ကြိုးစားကြပေမယ့် သူဟာထိန်းချုပ်လို့မရအောင် ဖြစ်နေခဲ့တယ်။ ဒါပေမယ့်ဒီနေ့ယေရှုသူ့ရှေ့ရောက်လာတဲ့
အခါ ယေရှုဘုရားသူ့ကိုကူညီဖို့ရောက်လာတဲ့အခါ........................။

၂ကော၅:၁၇ "လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသော အရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီ။"

ဟေရှာယ ၄၃:၁၈-၁၉။ " ဖြစ်ဘူးသော အမှုတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏ အရာတို့ကို ပမာဏမပြုကြနှင့်။ကြည့်ရှုလော့။ အမှုသစ်ကိုငါပြုမည်။ ယခုပေါ်လာလိမ့်မည်။သင်တို့ သည်အမှန်သိမြင်ရကြလိမ့်မည်။ အကယ်စင်စစ် တော၌လမ်းကို၄င်း၊ လွင်ပြင်၌ စီးသော ရေကို၄င်း ငါဖန်ဆင်းမည်။"
By Rev. Mang Uap (July 01, 2016)

Tags: Author Rev. Mang Uap

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm