slide 1

 

ဘုရားအချိန်နှင့် လူ့အချိန်

Written by Sayama Awi Suan Huai. Posted in Spiritual Words

ထိုကြောင့်၊ ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို မြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။ ၁ပေ၅း၆ )

ကျွနု်ပ်တို့ ပတ်ဝန်းကျင်တွင် အချိန်တန်ပြီ ဆိုသည့် စကားမကြာခဏ ကြားရပါသည်၊၊ သို့သော် အချိန်တန်ဖို့ရန် ကာလတစ်ခုကို အရင်ကျော်ဖြတ်ရမည်ဆိုတာ သတိထားမိဖို့ လိုအပ်ပါသည်၊၊အထက်ပါ ကျမ်းပိုဒ်ကပင် “ ကာလ အချိန် တန်လျှင် "ဟုရေးသားထားသည်၊၊ ၎င်းကာလသည် စောင့်ရသည့်ကာလ ၊ ပေးဆပ်ရသည့်ကာလ၊ ဆုတောင်းရာကာလ ၊အဖိုးအခပေးရသည့်ကာလ၊ စိုက်ပျိုးရာကာလ စသည်ဖြင့် ကာလအမျိုးဖြစ်နိုင်သည်၊၊ထို့ပြင် ဘုရားအချိန် အတွက် သင့်ကိုပြင်ဆင်ရာ ကာလလည်းဖြစ်နိုင်သည်၊၊

ဘုရားအချိန်နှင့် လူ့အချိန်မတူကြောင်းကို ကာနမြို့မလာဆောင်ပွဲတွင် ရှင်းလင်းစွာတွေ့ရသည် (ယော ၂း၁-၁၁ )၊၊စပျစ်ရည်ကုန်သွားသောအခါ မယ်တော်မာရိက ယေရှုကို အကြောင်းကြားသော်လည်း ယေရှုက “ငါ့အချိန်ရောက် သေး" ဟုဖြေကြားခဲ့သည်၊၊ မိတ်ဆွေ ဒီနေရာတွင် ရှင်းလင်းစွာ တွေ့မြင်ရသောအရာက အချိန်တန်ခြင်းသည် ဘုရားဘက်ကအချိန်ဖြစ်သည်၊၊ ကျွနု်ပ်တို့တာဝန်သည် သူခိုင်းထားသော ကျောက်အိုးစရည်းခြောက်လုံး
ကို ရေဖြည့်ရန်သာဖြစ်သည်၊၊ ၎င်းကျောက်စရည်းများသည် မိတ်ဆွေ၏ ကာလအမျိုးမျိုးဖြစ်ပေသည်၊၊ နောက်ဆုံး ဘုရားအချိန်ရောက်သောအခါ လူ့လက်နှင့် လုပ်ခြင်းထက် သာ၍ ကောင်းသော စပျစ်ရည်ဖြစ်လာ သည်၊၊
အထက်ပါနိယာမကို ကောင်းစွာ နားလည်ဘောပေါက်ပါက နှိမ့်ခြင်းခြင်းက အလိုလို လိုက်လာမှာဖြစ်သည်၊၊

ဘဝမှာ လူ့အနေနှင့် တစ်ချို့သော အခြေအနေတွင် နောက်ကျနေပြီ ဖြစ်ကောင်းဖြစ်နိုင်သည်၊၊ သို့သော် ဘုရား၏အချိန်ကို အကင်းပါးစွာ စောင့်ဆိုင်းတတ်ပါက လူ့လက်နှင့်ပေးလို့၊ တားလို့မရသော ဘုရားသခင်၏ လှပသော တန်ခိုးတော်နှင့်အတူ ဘုရားသခင်၏ ချီးမြှေက်ခြင်းကို မိတ်ဆွေ ခံစားရမည်ဖြစ်သည်၊၊ (အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏၊၊ ပြုလေသမျှ
တို့၌ အောင်လိမ့်သတည်း၊၊ ဆာ ၁း၃ ) အာမင်၊၊
By Sayama Awi Suan Huai (July 04, 2016)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm