slide 1

 

ဆုတောင်းခြင်း

Written by Rev Cin Kim Pau. Posted in Spiritual Words

ရှင်ယာကုပ် ၁:၇-၈:
၇-၈ ထိုသို့သောသူသည် စိတ်နှစ်ခွရှိသော သူ၊ ပြုလေသမျှတို့၌ မတည်ကြည်သော သူဖြစ်၍ ၊ ထာဝရဘုရား၏ လက်တော်မှ တစုံတခုကို ရမည်ဟု မထင်မမှတ်စေနှင့်။

ကျွန်ုပ်တို့ဆုတောင်းတဲ့အခါစိတ်နှစ်ခွရှိနေသောကြောင့်မရပါ။ ကျွန်ုပ်တို့၏ဦးနှောက်နဲ့ တွေးခေါ်ဆင်ခြင်ခြင်းမှတဆင့် သံသယစိတ်လာတတ်ပါသည်။ ဘုရားသခင်၏ တတ်နိုင်တော်မူခြင်းကို ဆင်ခြင်အောက်မေ့ရမည့်အစား ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို လူ့ဦးနှောက်နဲ့စဉ်းစားမိတဲ့အခါ

သံသယစိတ်ဖြစ်ထွန်းစေပြီး ထိုသံသယစိတ်က စိတ်နှစ်ခွမွေးဖွားပေးပါသည်။ စိတ်နှစ်ခွဖြစ်ခြင်းနဲ့သံသယရှိခြင်းတို့သည် မယုံကြည်ခြင်း၏လက္ခဏာများပင်ဖြစ်ပါသည်။ ယုံကြည်ခြင်းမပါရင် ဘုရားစိတ်တော်နဲ့ မတွေ့နိုင်ပါ။ မယုံကြည်နိုင် မကိုးစားနိုင်ခြင်းသည် ဘုရားသခင်၏တတ်နိုင်တော် မူခြင်းသော်၎င်း စေတနာစိတ်တော်အား၎င်း တားဆီးနေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဆုတောင်းသည့်အခါ ကလေးသူငယ်များကဲ့သို့ဆုတောင်းဖို့လိုအပ်ပါသည်။

ယာကုပ်၄:၃ တွင်"ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာဘို့ရှိစေခြင်းငှါ၊ အလွဲတောင်းသော ကြောင့်မရကြ။" ဆုတောင်းသည့်အခါမှာ ကျွန်ုပ်တို့၏ စိတ်နေ သဘောထားက အရမ်းဘဲအရေးကြီးပါတယ်။ ဘာရည်ရွယ်ချက်နဲ့တောင်းလျှောက်နေတာလဲ။ ဘာအတွက်တောင်းလျှောက်နေတာလဲ။ ဒီမေးခွန်းတွေကကိုယ့်ကိုယ်ကိုအရင်မေးဖို့ရန်သိပ်ကို အရေးကြီးနေပါတယ်။ ရည်ရွယ်ချက်မှန်ကန်ဖို့အရေးကြီးပါတယ်။ အလွဲမတောင်းမိဖို့လိုပါသည်။

ယာကုပ် ၅:၁၆ တွင်"အချင်းချင်း တယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဘော်ပြတောင်း ပန်ကြလော့၊ ချမ်းသာရမည် အကြောင်း အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသော ပဌနာသည် အလွန်တန်ခိုးပါ၏"ဟု ဖော်ပြထားပါသည်။

ဘုရားသခင်ဆီတိုးဝင်ချဉ်းကပ်သည့်အခါ (သို့) ဆုတောင်းသည့်အခါ နေရာ မှန်ယူတတ် ဖို့လိုပါသည်။ အပြစ်သားနေရာမှ ဆုတောင်းဖို့မဟုတ်ဘဲ ဖြောင့်မတ်သောသူနေရာမှ ဆုတောင်းရပါမည်။ ဘုရားသခင်သည် အလျှောက်တော်တော်တဲ့သူ (သို့) ကောင်းသော သူများကိုနှစ်သက်တဲ့ဘုရားမဟုတ်ပါ။ ယုံကြည်ခြင်းနဲ့ဆုတောင်းသူကိုနှစ်သက်တဲ့ ဘုရားဖြစ်ပါသည်။ ကိုယ်တော်ရယ်ကျွန်ုပ်ဟာ အပြစ်သားပါ။ မစုံလင်ပါ။ သို့သော်လည်း ကျွန်ုပ်၏ဆုတောင်းသံကိုကိုယ်တော်နားညောင်းပေးပါလို့ချဉ်းကပ်ဆုတောင်းဖို့မဟုတ်ပါ။ သင်နဲ့ကျွန်ုပ်သည် ယေရှုအားဖြင့်ဖြောင့်မတ်သူများဖြစ်ပါသည်။ ဘုရားရဲ့ရှေ့တော်မှာ ရဲဝံ့စွာယုံကြည်ခြင်းနဲ့တိုးဝင်ချဉ်းကပ်ရပါမည်။ ငါ့ကိုခေါ်လော့။ ငါထူးမည် ဟု ဂတိပေးထားသည်။ ကောင်းကင်အဖထံတော်မှာ ဆုတောင်းရအောင်။
ယေရမိ ၃၃:၃ ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသော အရာ၊ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။
By Rev Cin Kim Pau

Tags: Author Rev Cin Kim Pau

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm