slide 1

 

သစ္စာနှင့်ပြည့်စုံသောဘုရား

Written by Rev. Roija. Posted in Spiritual Words

၁ ကော ၁ဝး၁၃
လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်း ကိုသာ သင်တို့သည်ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော် မူသည်ဖြစ်၍ ၊ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့ သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်း အရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော် မူလိမ့်မည်။

ယောဘ အကြောင်း စဉ်းစားဆင်ခြင်မိတဲ့အခါ ယောဘကို အံ့သြမိတယ်။ ဘာ့ကြောင့်ပြင်းထန်တဲ့ဆုံးရှုံးမှုတွေ ကြေကွဲမှုတွေကို ခံနိုင်နေရတာလဲလို့ပေါ့။ ငါသာယောဘဆိုရင် ခံနိုင်မှာမဟုတ်ဘူးလို့ ခံစားမိချိန် ဒီနှုတ်ကပတ်တော်လေးဟာ ကျမရဲ့နှလုံးသားထဲရောက်လာပါတယ်။ ဘုရားသခင်ရဲ့သစ္စာတရားဖြစ်ပါတယ်။ ယောဘ ဘာလို့ စုံစမ်းခြင်းတွေကိုခံ နိင်တာလဲ။

ဘုရားသခင်က ယောဘ ခံနိုင်တယ်လို့ သေချာတဲ့ အတိုင်းအတာအထိပဲ စုံစမ်းခြင်းတွေကို ခွင့်ပြုတာပါ။ ကျမဟာလည်း ယောဘမဟုတ်ပါဘူး။ ယောဘ တွေ့ကြုံရတဲ့အရာတွေ ကျမဆိုခံနိုင်မှာမဟုတ်ကြောင်း ကိုယ်တော်သိပါတယ်။ ကျမနှင့်သင့်ကို မခံနိုင်တဲ့စုံစမ်းခြင်းတွေ ကြုံဖို့ ကိုယ်တော်ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ပါဘူး။ တစ်ခါတစ်ရံ ကျမတို့ဘဝမှာတွေ့ကြုံရတဲ့ စုံစမ်ခြင်း ခက်ခဲမှုတွေကို ငါမခံနိုင်ဘူး။ ဘာဖြစ်လို့ ငါမှကြုံတွေ့ရတာ
လဲ ခံစားမိတယ်။ ဘုရားသခင်ကို စိတ်ချပါ။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော် မူသည်ဖြစ်၍ ၊ ကျမတို့မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်း ကို ကျမတို့၌ရောက်ဖို့ အခွင့်ပေးမှာမဟုတ်ပါဘူး။ စုံစမ်ခြင်းတွေ တွေ့ကြုံရင်လည်းထွက်မြောက်ရာလမ်းကို ပြင်ဆင်ထားပြီးဖြစ်ပါတယ်ဆိုတဲ့ ဘုရားသခင်ဟာသစ္စာနှင့်ပြည့်စုံသောဘုရား၊ မိတ်ဆွေကို စုံစမ်းခြင်းအလယ်မှာ ချန်မထားတဲ့ဘုရား၊ မစခြင်းငှာ အဆင်
သင့်ရှိတဲ့ဘုရားဖြစ်ပါတယ်။ သူ့ရဲ့ကတိတော်ဟာ သစ္စာနဲ့ပြည့်စုံတာဖြစ်ပါတယ်။

ဆုတောင်း။ အိုအဖဘုရားသခင် သား/သမီး မခံနိုင်တဲ့စုံစမ်းခြင်းတွေ သမီး/သားကို တွေ့ကြုံစေမှာမဟုတ်လို့ ကိုယ်တော်ကိုကျေးဇူးတင်ပါတယ်။ သား/သမီးတို့ ယခုတွေ့ကြုံရသော စုံစမ်းခြင်းများဟာလည်း သား/သမီး ခံနိုင်ရည်ရှိမယ်လို့ စိတ်ချရတဲ့အထိဘဲ ကိုယ်တော်က အခွင့်ပေးကြောင်း ထွက်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးမှာဖြစ်ကြောင်းသဘောပေါက်ရလို့ကျေးဇူးတင်ပါတယ်။ ယေရှုနာမ၌ ဆုတောင်းပါ၏။
Rev Roija

Tags: Author Rev Roija

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm