slide 1

 

sermonAudio

worshipSongsAudio

sermonVideo

ကမ္ဘာဦးကျမ်း အခန်းကြီး ၃

Written by Super User. Posted in Uncategorised

၁ မြွေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော် မူသလောဟု မေး၏။
၂ မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ရှိသော အပင်တို့၏ အသီးကိုစားရသောအခွင့် ရှိ၏။
၃ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။
၄ မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။
၅ အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ ဘုရားသခင် သိတော်မူသည်ဟု မိန်းမအားဆိုလေ၏။
၆ ထိုအပင်သည် စားဘွယ်ကောင်း၏၊ အဆင်းလည်း လှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်းစား၏။
၇ ထိုသူနှစ်ယောက် တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို မြင်လျှင်၊ မိမိတို့ဝတ်ရန်ဘို့ သင်္ဘောသဖန်းပင် အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။
၈ နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင် ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယား တို့သည် ကြားလျှင်၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ်အပင်တို့တွင် ပုန်းကွယ်လျက်နေကြ၏။
၉ ထာဝရအရှင် ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။
၁၀ လူကလည်း၊ ဥယျာဉ်၌ ကိုယ်တော်၏ အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။
၁၁ ဘုရားသခင်ကလည်း သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင့်အား အဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သောအပင်၏ အသီးကို စားပြီလောဟု မေးတော်မူ၏။
၁၂ လူကလည်း၊ ကျွန်တော်၌ အပ်ပေး တော်မူသောမိန်းမသည် ထိုအပင်၏အသီးကို ပေး၍ ကျွန်တော် စားမိပါသည်ဟု လျှောက်လေ၏။
၁၃ ထာဝရအရှင် ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြုပြီးသနည်းဟု မိန်းမအား မေးတော်မူလျှင်၊ မိန်းမက၊ မြွေသည် ကျွန်တော်မကို လှည့်စား၍၊ ကျွန်တော်မသည် စားမိပါပြီဟု လျှောက်လေ၏။
၁၄ ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကိုပြုသောကြောင့်၊ သားယဉ်၊ သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဖြင့်သွား၍ မြေမှုန့်ကို တသက်လုံးစားရမည်။
၁၅ သင်နှင့် မိန်းမ ကို၎င်း၊ သင်၏အမျိုးအနွှယ်နှင့် မိန်းမ၏အမျိုးအနွှယ်ကို၎င်း ငါသည် ရန်ညှိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
၁၆ မိန်းမကိုလည်း သင်၌ ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာ ဝေဒနာကို အလွန်များပြားစေမည်။ ပင်ပန်းစွာဝေဒနာကိုခံ၍ သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့ လိုက်၍၊ သူ၏အုပ်စိုးခြင်း ကိုခံရမည်ဟု မိန့်တော်မူ၏။
၁၇ ယောကျ်ားကိုလည်း၊ ထိုအပင်၏အသီးကိုမစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည်သင်၏ အတွက် ကျိန်ခြင်းကိုခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံး ပင်ပန်းစွာစားရမည်။
၁၈ ဆူးပင်အမျိုးမျိုး တို့ကိုလည်း သင်အဘို့မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။
၁၉ သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်း မူကား၊ သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။
၂၀ ထိုအခါ လူသည် မိမိမယားကို၊ ဧဝအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ သူသည်အသက် ရှင်သော သူအပေါင်းတို့၏ အမိဖြစ်သတည်း။
၂၁ ထာဝရဘုအရှင်ဘုရားသခင်သည်လည်း၊ လူလင်မယားဘို့ သားရေဖြင့် ဝတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏။
၂၂ ထာဝရအရှင် ဘုရားသခင်ကလည်း၊ လူသည်ငါတို့တွင်တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်းကို သိတတ် ၏။ ယခုမှာသူသည် ထာဝရအသက်ကို ရခြင်းငှါ၊ လက်ကိုဆန့်လျက် အသက်ပင်၏ အသီးကိုယူ၍ မစားသင့်ဟု မိန့်တော်မူ၍၊
၂၃ လူသည်မိမိထွက်သောမြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရား သခင်သည်၊ ဧဒင်ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။
၂၄ ထိုသို့သူကို နှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊ မီးစက်လက်နက် နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။

Welcome

Written by Super User. Posted in Uncategorised

Full Gospel Assembly Church မှ ကြိုဆိုပါသည်။ ကျွန်တော်တို့အသင်းတော်တွင်လာရောက်ပါ၀င်ဖူးပါသလား။ မလာဖူးရင် တစ်ခေါက်လောက် လာရောက်ပါ၀င်ဘို့ ဖိတ်ခေါ်ပါရစေ။ အသင်းတော်မှာ ၀တ်ပြုချိန်ကို တနဂ်နွေနေ့မှာ ဘာသာ(3)မျိုးရှိပါတယ်။
နံနက် ၉နာရီမှ ၁၂ နာရီထိ မြန်မာဘာသာဖြစ်ပြီး၊ ညနေပိုင်း ၁နာရီမှ ၃နာရီထိ ချင်းဘာသာဖြစ်ပါတယ်၊ ညနေခင်း ၅နာရီမှ ရနာရီခွဲမှာတော့ အဂ်လိပ်ဘာသာအစီအစဉ်ရှိပါတယ်။
စနေနေ့ ညနေပိုင်း ၁နာရီမှ ၃နာရီထိ လူငယ်အစီစဉ်ရှိပါတယ်။ လူငယ်များဟာ စနေနေ့ ၀တ်ပြုချိန်မတိုင်ခင်မှာ မြို့တွင်းတွေမှာ ဧ၀ံဂေလိဟောြော၀ေငှဘို့ သွားကြပါတယ်။ သင်ဟာ လူငယ်တစ်ယောက်ဆိုလျှင် သင့်ရဲ့ နုပျိုတဲ့ အချိန်တွေကို ကျွန်တော်တို့ FGA Myanmar, Youth Department မှ လှိုက်လှဲစွာ ကြိုဆ်ုပါတယ်။ ကျွန်တော်တို့အသင်းတော်မှာ လရဲ့ ပထမပတ် (၁)ရက်နေ့မှ (၁၀) ရက်နေ့ထိ အစာရှောင်ဆုတောင်းခြင်းကို ပုံမှန်ရှိပါတယ်။ ဘုရားမျက်မှောက်တော်ရှိဘို့ အယောက်စီတိုင်းကိုလဲ ဖိတ်ခေါ်ပါရစေ။
ထို့အပြင် အစာရှောင်ပြီးမှာတော့ ရန်ကုန်တစ်၀ှိုက် ဧ၀ံဂေလိသွားကြပါတယ်။ ကျွန်တော်တို့ ဧ၀ံဂေလိအဖွဲ့ကိုတော့ Rev. Kyaw Kyaw က ဉီးဆောင်ပြီးသွားရမှာပါ။

ကမ္ဘာကြီးက နေ့စဉ်ကြားရတဲ့ သတင်းတွေ၊ ဖြစ်ပျက်တာတွေကို ကြည့်ရင် နောက်ဆုံးသောကာလ ရောက်ရှိနေပါပြီ။ ယုံကြည်သူတွေ အချိန်ဖြုန်းမည့် အချိန် မဟုတ်တော့ပါဘူး။ တွေ၀ေနေမည့် အချိန်တွ မဟုတ်တော့ပါဘူး။
မိတ်ဆွ... ကျွန်တော်တို့နှင့်အတူ ခရစ်တောရဲ့ မဟာစေခိုင်းချက်အားပြည့်စုံစေဘို့ လာရောက်ပါ၀င်ရန် ဖိတ်ခေါ်ပါရစေ။

About

Written by Super User. Posted in Uncategorised

homegreeting3

FGA Myanmar Church was founded on the 13th of September 1987. As it is the primary purpose of founding this Church that everyone will know the salvation of Jesus Christ, we are focusing on spreading the Gospel by sending missionaries to 34 different places in Myanmar.

Every Sunday, we have 3 Worship Services; Myanmar Service, Chin (Zomi) Service and English (International) Service. And we have Youth Service and Women’s fellowship on every Saturday. Every week, we have Church School in different places for children and we also have combined Children Church Service on Sunday. We would like to welcome you to join our Church Services.

  • ရွေးချယ်မှု မှန်ပါစေ

    မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင်မမည်။ ငါ့သစ္စာ လက်ျာလက်ဖြင့်ထောက်ပံ့မည်။ (ဟေရှာယ ၄၁း၈-၁၆)

    အသက်တာအောင်မြင်နိုင်ရန်အတွက် မည်သူ့ဘက်မှာ ပါရမလဲဆိုတာ အရေးကြီးပါသည်။ အထူးသဖြင့် ဘုရားသခင် ဘိသိက်ခဲ့တဲ့ နေရာ၊ ပုဂ္ဂိုလ်ကို ရွေးတတ်ဖို့အရေးကြီးသည်။ ရှောလုနဲ့ ဒါ၀ိဒ် အသက်တာကို ကြည့်ပါ။ ရှောလုသည် ဣသရေလရှင်ဘုရင်ဖြစ်ပြီး ဘုရားသခင် ဘိသိက်ခဲ့တဲ့သူ ဖြစ်သော်လည်း ဘုရားသခင် ၏စကား နားမထောင်သည့် တစ်နေ့၊  ဘုရားသခင်ရဲ့ ဘိသိက်ခြင်း သူ့ဆီမှာ မရှိတော့ပါ။ ထိုအချိန်တွင် ဘုရားသခင်က နောင်တက်မယ့် ဘုရင်အဖြစ် ဒါ၀ိဒ် ကို ရွေးခဲ့ပါသည်။ ဘုရားသခင်သည် ဒါ၀ိဒ်နဲ့ အတူပါရှိသည့်အတွက် ရှောလုက ရန်ဘက်ပြုလာပြီး ရှောလုအနေနဲ့ လက်ရှိနန်းထိုင်နေ တုန်းဖြစ်သော်လည်း ဘုရားသခင်၏အမြင်တွင် ဘုရင်မဟုတ်တော့ပါ။ တစ်နေ့တော့ ဂေါလျက်ဆိုတဲ့လူသည် ဣသရေလ တစ်တပ်လုံးကို စိန်ခေါ်လိုက်ပါသည်။ ထိုအခါ ရှောလုကိုယ်တိုင် တုန်လှုပ်ကြောက်ရွံ့ခဲ့သည်။ ထိုအဖြစ်ကို တပ်ထဲတွင် အလည်လာသော ဒါ၀ိဒ်က ကြား၍ မခံနိုင်ခဲ့ပါ။

    Read more ...
  • ဘာကြောင့်ဧဝံဂေလိဟောရမလဲ

     "သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြား လော့။ ယုံကြည်၍ ဗတ္တိဇံကို ခံသောသူသည် ကယ်တင်တော်မူခြင်း သို့ရောက်လတ္တံ့။ မယုံကြည်သောသူကား အပြစ်စီရင်ခြင်းကို ခံရ လတ္တံ့။ (မာကု ၁၆း၁၅-၁၆)

    ခရစ်တော် ကောင်းကင်ဘုံသို့ ပြန်မကြွခင် ယုံကြည်သူများ ကို ဘာမှားသွားသလဲဆိုတော့ ဧဝံဂေလိ တရားဟောပြောဖို့မှာသွားပါတယ်။ ဒါဟာ ယေရှုခရစ်ရဲ့ မိန့်မူချက်ဖြစ်တယ်။ မေတ္တာရပ်ခံတာ မဟုတ်ဘူး။ ဟောချင်တဲ့ အချိန်ဟောမယ်၊ အဆင်မပြေရင်မဟောနဲ့ ဆိုတာမျိုး မဟုတ်ဘူး။ တစ်ခါတုန်းက သားအဖနှစ်ယောက်  ဘူတာရုံ၊ ကားဂိတ် စတဲ့ နေရာတွေမှာ ဧဝံဂေလိဝေစာတွေကို သွားဝေကြတယ်။ ဒီလို ဝေသွားရင်း မိုးကအုံ့လာတယ်။ လေက တိုက်လာတယ်။ ဒီတော့ ဖခင်ကသားကို မိုးရွာတော့မယ်ဆိုတော့ အိမ်မှာပဲ ကွေးလိုက်ကြရ အောင်လို့ ပြောတယ်။ သားငယ်က ဘာပြန်ပြောသလဲဆိုတော့ ဒါဆို အဖေမိုးရွာတဲ့နေ့မှာ ယေရှုက လောကီသားများပေါ်ထားတဲ့ မေတ္တာ ပျက်ပြယ်သွားလို့လားလို့ မေးလိုက်တယ်။

    Read more ...
  • မေတ္တာ

    မေတ္တာမရှိလျှင် အချည်းနှီးသက်သက်ဖြစ်၏ ... (၁ ကော ၁၃း၁-၈)
    သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ ညွန်းလောင်းတော်မူ၏ ... (ရော ၅း၅-၁၁)
    ကမ္ဘာပေါ်မှာ အကြီးမားဆုံးလက်နက်ဟာ မေတ္တာဖြစ် တယ်။ အသက်တာမှာ အမှားကို ရှောင်ပြီး အမှန်နှင့်အသက်ရှင် ဖို့ အင်မတန် အရေးကြီးတယ်။ အမှားနှင့်အမှန်ကို ကောင်းမွန်စွာ ခွဲခြားတတ်ဖို့ လိုတယ်။ ဒါပေမယ့် ၀ိညာဉ်တော်က ဘာပြောသလဲ ဆိုတော့ ဒီအရာတွေထက်ပိုအရေးကြီးတာက မေတ္တာနဲ့အသက်ရှင် ဖို့ ဖြစ်တယ်လို့ ဖွင့်ပြပါတယ်။
    လုကာ ၁၅း၁၁-၃၂ ကိုကြည့်ရင် သားအကြီးက ဖခင် အပေါ်သစ္စာရှိတယ်။ သားအငယ်ကတော့ မလိမ္မာဘူး။ သူ့ရဲ့ အမွေ ကို ယူပြီး ကာမဂုဏ်ထဲမှာ ဖြုန်းတီးပစ်တယ်။ ဒီသားမိုက်ပြန်လာ တော့ ဖခင်က အကောင်းဆုံးအရာတွေနှင့် ပွဲလုပ်ပေးတယ်။ ဒီတော့ သားအကြီးက မကျေနပ်ဘူး။ သူ့လို သစ္စာရှိတဲ့ သားကျတော့ ပွဲလုပ်ပေးဖို့ ဆိတ်ကလေးတစ်ကောင်တောင် မသတ်ပေးဖူးဘူးလို့ ပြောတယ်။ လောကအတွေးအခေါ်အတိုင်းကြည့်ရင် သားကြီးပြော တာ မှန်တယ်။ တစ်ချိန်လုံး ဖခင်အနားမှာ သစ္စရှိရှိ အလုပ်လုပ်နေ တဲ့ သူ့အဖို့တော့ တကယ်လည်း မကျေနပ်စရာပါဘဲ။

    Read more ...
  • ဆုတောင်းခြင်းဖြင့် စောင့်စားခြင်း

    လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည် အကြောင်း ...။ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့ သည် ညဉ့်နေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရား သခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော ...။ ငါဆိုသည်ကား သူတို့ဘက်၌ အလျင်အမြန် တရားစီရင် တော်မူမည်။ (လုကာ ၁၈း၁-၈)

    ဘုရားသခင်ဟာ ယုံကြည်သူတွေရဲ့ နှလုံးသားပါလျက် ဆုတောင်းတဲ့အသံကို လစ်လျူမရှုဘဲ ဂရုစိုက် နားညောင်းအဖြေပေး တဲ့ ဘုရားသခင် ဖြစ်တယ်။ ဘယ်သူမဆို နှလုံးသား မပါဘဲ ဆုတောင်းပါက အဖြေရရှိနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က စိတ်နှလုံးအပြည့် သူ့ကို ကိုးစားတာ လိုချင်လို့ ဖြစ်တယ်။ ဒါကြောင့် ကျမ်းစာထဲမှာပါတဲ့ မုဆိုးမလို မလျော့သော ဇွဲနှင့် မရမချင်း ဆုတောင်းရမှာ ဖြစ်တယ်။ ဆုတောင်းပေမယ့် အဖြေက မရနိုင်သေးဘူးဆိုရင်တောင် ယုံကြည်ခြင်းနှင့် ဆက်လက် ဆုတောင်းပါ။ဘုရားသခင်က အမှန် တကယ် ဆုတောင်းတဲ့သူကို ချန်မထားပါဘူး။ ဘုရားသခင်မှာ ယုံကြည်သူတွေအပေါ် ဆိုးညစ်တဲ့ အကြံအစည်မရှိပါဘူး။ အကောင်းဆုံးအကြံအစည်ပဲ ရှိပါတယ်။ နှောင့်နှေးသလို ခံစားရပေ မယ့် အကောင်းဆုံးရရှိလာမှာဖြစ်တယ်။

    Read more ...

Worship Services

    Myanmar (Main)
  • 9:00 AM to 1:00 PM
    Zomi
  • 1:00 PM to 4:00 PM
    Emglish
  • 5:00 PM to 7:00 PM
    Youth (Saturday)
  • 1:00 PM to 3:00 PM
    Women (Saturday)
  • 10:00 AM to 12:00 PM
    Church School
  • 9:00 AM to 1:00 PM (in main Service)
  • Vol-1slide

     

     

    Vol-1

    The very first album of Full Gospel Music, produced in 1996. This album consists (19) songs and these songs are translated from anointed English songs, Chin Songs. Readmore
  • Vol-2slide

     

    Vol-2

    This album is the secound album of Full Gospel Assembly in 1997. It's consists (21) song and our worship leader was Rev. Roija. All songs are translated from anointed english songs and chin songs.
    Available tape only. Read more

  • Vol-3slide

     

     

    Vol-3

    Our 3rd Worship album. released in Feb 20, 1998. This album consist 20 songs and translated by English Songs and Chin Songs. Our worship leader was Rev. Khin San Maw. Available tape only. Readmore

  • Vol-4slide

     

     

    Vol-4

    The 4th praise and worship album of Full Gospel Music produced in 2000. There are (19) worship songs in it.. Readmore
  • live1coverslide

     

    Live 2001

    This album was the first "LIVE ALBUM" of Full Gospel Music, released in 2001. This album istaken from the ''Festival Of Praise" in Myanmar, held at Judson Memorial Hall, MBC. There are (19) inspiring songs. Readmore
  • live2coverslide

     

    Live 2002

    This album was the first "LIVE ALBUM" of Full Gospel Music, released in 2001. This album istaken from the ''Festival Of Praise" in Myanmar, held at Judson Memorial Hall, MBC. There are (19) inspiring songs. Readmore
  • Vol-5slide

     

     

    Vol-5

    The 5th praise and worship album of Full Gospel Music produced in 2000. There are (19) worship songs in it.. Readmore
  • Vol-6slide

     

     

    Vol-6

    The 6th praise and worship album of Full Gospel Music produced in 2000. There are (15) worship songs in it.. Readmore
  • Vol-7slide

     

     

     Vol-7

    The 7th praise and worship album of Full Gospel Music produced in 2000. There are (19) worship songs in it.. Readmore
  • ahtantawpaa360

     

     

     Vol-8

    The 8th praise and worship album of Full Gospel Music produced in 2001. There are (13) worship songs in it.. Readmore
  • thakhintanaaslide

     

     

     Vol-9

    The 9th praise and worship album of Full Gospel Music produced in 2005. There are (15) worship songs in it.. Readmore

spiritualwords

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm