Soe Moe Nai

Written by Super User. Posted in Our Ministers

ကျွန်တော်ကတော့ စိုးမိုးနိုင်ပါ။ အဖေ U Go Khan Thawng ဟု ခေါ်ပါသည်။ တွန်းဇန်မြို့ဖြစ်ပြီး၊ ဖခင်မှာ မီးသတ်ဦးစီးဌာနမှာလုပ်သောကြောင့် ဟားခါးမှာ မွေးပါသည်။ ငယ်စဉ်က ဆေးထိုးမှားသောကြောင့် ပိုလီယိုဖြစ်ခဲ့သည်။ ဟားခါးအေးလွန်းသောရာသီဥတုကြောင့် ပိုလီယိုနှင့်လဲ မခံနိုင်သောကြောင့် ရန်ကုန်သို့ လာခဲ့ပါသည်။ FGBTC အပတ်စဉ်(၂)တွင် စတင်တက်ရောက်ခဲ့သည်။ ဘုရားကျောင်းတွင် Volunteer အဖြစ် (၁၀)နှစ်လောက် ၂၀၀၄ ခုနှစ်သြဂုတ်လ (၁)ရက်နေ့တွင် Full Gospel Assembly အချိန်ပြည့်အမှုတော်ဆောင်ဖြစ်ခွင့်ရခဲ့သည်။ ယခု Yankin Area Pastor အဖြစ် အမှုတော်မြတ်တွင်ပါဝင်ဆက်ကပ်နေပါသည်။

Rev. Nant Aye Aye (Syama Baby Toe)

Written by Super User. Posted in Our Ministers

ကယ်တင်ခြင်းရပြီးတဲ့နောက်ပိုင်း၊ ၁၉၈၉ ခုနှစ်? အရေးခင်းနောက်ပိုင်းပေါ့။ ကရာနီအသင်းတော်(အေဂျီ)အသင်းတော်နှင့် မိဿဟာရလုပ်ရင်း ပုသိမ်မှာ သာသနာပြုရင်းနှင့် ဆရာမုန်သောင်တို့နဲ့တွေ့ခဲ့တယ်။ ဆရာကကမ်းလှမ်းလာတယ်။ အဲဒီမှာ ဆရာတို့က Full Gospel Assembly Mission အနေနဲ့ ပုသိမ်မှာပဲ (၁)နှစ် သာသနာဆက်ပြုဖို့ လွှတ်လိုက်တာ။ အဲဒါပြီးတာနဲ့၁၉၉၁ မှ ၉၃ ခုနှစ်ထိ မြစ်ကြီးနားက ဧ၀ံဂေလိ ဓမ္မတက္ကသိုလ် (EBI) မှာ (၃)နှစ်တက်ခဲ့တယ်။ တက်နေတုန်းမှာလဲ ဒီအသင်းတော်မှာပဲ ဆက်ပါဝင်တယ်။ ကျောင်းပြီးတော့ ဒီအသင်းတော်မှာပဲ ဆက်ကပ်ပါဝင်ခဲ့ပါတယ်။

Mang Khan Lian Thang Kim (Sya Thangkim)

Written by Super User. Posted in Our Ministers

ဆရာထန်ကိမ်းသည် ၁၉၉၆ခုနှစ်မေလတွင် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် သွားရောက်ခဲ့ပြီး၊ ထိုခေတ်က တရားဝင်မဟုတ်သောကြောင့် ဒီဇင်ဘာလတွင်အဖမ်းခံရကာ၊ မလေးရှားထောင်တွင်ကျခဲ့ရသည်။ ထိုသို့ ထောင်အတွေ့အကြုံတွင်ပင် တုံလှုပ်ခြောက်ခြားခဲ့ရပြီး၊ ပွဲစားများက ငါးဖမ်းသင်္ဘောတွင် ရောင်းစားခြင်းခံခဲ့ရသည်။ ဒီလိုနှင့် (၈)နှစ်တိုင်တိုင် ပျောက်ဆုံးခဲ့ပြီးဘုရားကျောင်းတွင်၎င်း၊ အစာရှောင်ချိန်တွင်၎င်း၊ အသင်းတော်က အထူးဆုတောင်းခဲ့ကြရသည်။

Pau Kim Saang (Sya Pa Saang)

Written by Super User. Posted in Our Ministers

ကျွန်တော် ၂၀၀၁ ခုနှစ်က ဒီအသင်းတော်ကို တစ်ခေါက် ရောက်ခဲ့ဖူးပါတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် FGBTC ကျောင်းတက်ရန် ထပ်မံ ရောက်ရှိလာခဲ့ပါတယ်။ ကျမ်းစာကျောင်း တက်ပြီးနောက် အသင်းတော်၏ ဧ၀ံဂေလိ လုပ်ငန်းတွင် ပါဝင်ပါတယ်။ ထို့နောက် အသင်းတော်၏ အမှုတော်ဆောင် အဖြစ် ခေါ်ခြင်းဖြင့် ဒီအသင်းတော်မှာ အမှုတော်ဆောင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် မေလတွင် အချိန်ပြည့် အမှုတော်ဆောင် အဖြစ် ပါဝင် ဆက်ကပ်ခဲ့ပါတယ်။

Worship Services

    Myanmar (Main)
  • 9:00 AM to 1:00 PM
    Zomi
  • 1:00 PM to 4:00 PM
    Emglish
  • 5:00 PM to 7:00 PM
    Youth (Saturday)
  • 1:00 PM to 3:00 PM
    Women (Saturday)
  • 10:00 AM to 12:00 PM
    Church School
  • 9:00 AM to 1:00 PM (in main Service)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm