Lydia (Lily)

Written by Super User. Posted in Our Ministers

ကျွန်မနာမည် လေဒီယာ( Lydia) ခေါ် Lily ဖြစ်ပါတယ်။ ကျွန်မ မိဘများကတော့ Rev. San Cung Nung နှင့် ဒေါ်ခမ်းကုန်း တို့ ဖြစ်ပါသည်။ ကျွန်မ ဖခင်ကတော့ အချိန်ပြည့် အမှုတော်ဆောင် တစ်ဦးဖြစ်ပြီး ယခုလက်ရှိ တာဝန်ထမ်းဆောင်ရသော အလုပ်အကိုင်ကတော့ MEGST ကျမ်းစာကျောင်းရဲ့ ကျောင်းအုပ်တာဝန်ကို ထမ်းဆောင်နေပါတယ်။ ကျွန်မ မိခင်ကတော့ မိသားစုအားလုံးအတွက် မိခင်ကောင်းတစ်ဦး အနေဖြင့် အိမ်ရှင်မတာဝန်ကို ထမ်းဆောင်နေပါတယ်။

Ngaih Nem Lun (Lunpi)

Written by Super User. Posted in Our Ministers

ကျွန်မက ငယ်ငယ်ကတည်းက Full Gospel Assembly အသင်းတော်အကြောင်းကို ကြားခဲ့ဖူးပါတယ်။ အလွန်လည်း စိတ်ဝင်စားခဲ့ပါတယ်။ ကျမ်းစာကျောင်းတက်ဖို့ ရန်ကုန်ရောက်တဲ့ အခါမှာ မမျှော်လင့်ဘဲနှင့် Full Gospel Bible Training Center ကျမ်းစာကျောင်းကို ဘုရားသခင်က အံ့သြဖွယ် ပို့ဆောင်ပေးခဲ့ပါတယ်။ကျမ်းစာကျောင်း ပြီးတဲ့အခါမှာ သာသနာနယ်မှာ တစ်နှစ်၊ နယ်လှည့်ဧ၀ံဂေလိမှာ တစ်နှစ် ဆက်ကပ်ပြီး ရွာကိုပြန်ဖို့ စိတ်ကူးနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆရာမ ခင်စန်းမော်က ကျွန်မကိုခေါ်ပြီး ဒီအသင်းတော်မှာ အမှုတော်ဆောင်ဖို့ မဆက်ကပ် ချင်ဘူးလားလို့ မေးပါတယ်။

Leh Leh Aung

Written by Super User. Posted in Our Ministers

ကျွန်မသည် အဖေ မယုံကြည်သူ တဂုတ်လူမျိုး ဗုဒ္ဓဘာသာနှင့် အမေ ခရစ်ယာန်ယုံကြည်သူ ပိုးကရင်လူမျိုး တို့မှ မွေးဖွားလာပါတယ်။ ၁၉၉၂ ခုနှစ်တွင် မိသားစုများနှင့်အတူ FGA အသင်းတော်သို့ ဆရာမမေရီ အားဖြင့် ရောက်ရှိလာပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ထိုနှစ်ပိုင်းတွင်ပင် ယေရှုခရစ်တော်ကို ကျွန်မရဲ့ကယ်တင်ရှင် အသက်သခင်အဖြစ် ယုံကြည်လက်ခံခဲ့ပြီး စိတ်ချမှု ရရှိခဲ့ပါသည်။

Khin Thidar

Written by Super User. Posted in Our Ministers

ကျွန်မမှာ မောင်နှမ (၃) ယောက်ရှိပါတယ်။ ကျွန်မတို့ မိသားစုသန်လျင်မှာ နေထိုင်းပါတယ်။ ကျွန်မဟာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ပါတယ်။ သိတတ်စ အရွယ်ထဲက ဘာသာတရားတွေ လုပ်ခဲ့ပါတယ်။ အဖိုးအဖွားတွေကလည်း ကောင်းတာတွေ လုပ်ဖို့ပဲပြောခဲ့တယ်၊ သွန်သင်တယ်။ ဒီလိုနဲ့ ကျွန်မပိုပြီး တရားတွေ ကျင့်ဖြစ်ပါတယ်။ အဖိုးနဲ့အဖွားတို့က ရှေ့ဆင့် နောက်ဆင့် ဆုံးပါးသွားပါတယ်။ ကျွန်မကိုချစ်တဲ့ အဖေကလဲ အရက်ရောဂါနဲ့ ဆုံးသွားတယ်။ ကျွန်မကိုချစ်တဲ့သူတွေ ဒီလောကကနေ ခွဲခွာသွားကြတယ်။ အဲဒီအချိန်မှာ စဉ်းစားတယ်.. သေရင် ဘယ်သွားမှာလဲ ဆိုတာကို အဖြေရှာရင်နဲ့ ဘုရားတရားတွေ ပိုပြီးလုပ်ဖြစ်တယ်။ သေမှာကိုလည်း ကြောက်လာတယ်။ တရွာမပြောင်း သူကောင်းမဖြစ် ဆိုတာရှိပါတယ်။

Worship Services

    Myanmar (Main)
  • 9:00 AM to 1:00 PM
    Zomi
  • 1:00 PM to 4:00 PM
    Emglish
  • 5:00 PM to 7:00 PM
    Youth (Saturday)
  • 1:00 PM to 3:00 PM
    Women (Saturday)
  • 10:00 AM to 12:00 PM
    Church School
  • 9:00 AM to 1:00 PM (in main Service)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm