Jenny

Written by Super User. Posted in Our Ministers

ကျွန်မ အသင်းတော် များစွာမှာ ပါဝင်ခဲ့ ဖူးပါတယ်။ ဒီအသင်းတော်မှာတော့ ၂၀၀၀ပြည့်နှစ်၊ စက်တင်ဘာလ ကစပြီး ပါဝင်ခဲ့တယ်။ အမှုတော်ဆောင် ဖြစ်လာဖို့ အိပ်မက်နှင့်တောင် မမက်ခဲ့ပါဘူး။ စီးပွားရေးပဲ လုပ်ချင်တာဖြစ်တယ်။ ဒါပေမဲ့ ဘုရားရဲ့ခေါ်ခြင်းကိုတော့ အကြိမ်ကြိမ်ရရှိခဲ့တယ်။ အကြိမ်ကြိမ်လည်း ငြင်းပယ်ခဲ့ပါတယ်။ အမှုတော် ဆောင်ဖို့ မိသားစုက အားမပေးခဲ့ဘူး။ ကျွန်မကိုယ်တိုင်လည်း အလွန်ကြောက်တယ်။ ဆင်းရဲမှာ၊ မလုံလောက်မှာကို စိုးရိမ်ခဲ့တယ်။ ၂၀၀၆ခုနှစ်မှာ ဘုရားရဲ့ခေါ်ခြင်းကို နောက်ဆုံး အကြိမ်ရရှိခဲ့ တယ်။ ဒီတစ်ကြိမ် ထပ်ငြင်းရင် အသက်ဝိညာဉ်ကို ရုပ်သိမ်းမယ်ဆိုပြီး ကိုယ်ခန္ဓာနှင့် ၀ိညာဉ် ကင်းကွာ နေတာကို မြင်ခဲ့တယ်။

Huai Suan Dim

Written by Super User. Posted in Our Ministers

ကျွန်မ ဝဲဆွမ်းဒိန်၏ အဖ ဦးထန်ရှင်းငင် (Haklang) နှင့် အမိ ဒေါ်ညောင်လွန်းကျင် (Naulak) တို့သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်ဘုံကျေးရွာ မှ မင်းဘူးမြို့နယ် မကွေးတိုင်းတွင် စစ်မှုထမ်းဆောင်ရင်း ၁၂.၆.၁၉၈၁ ခုနှစ်တွင် ကျွန်မကို မွေးဖွားခဲ့ပါသည်။ မောင်နှမ (၅)ယောက် အနက် ကျွန်မက ဒုတိယမြောက် သမီး ဖြစ်ပါသည်။ အစ်ကို ထောင်ခန့်ခိုင်(Math)၊ ညီမ အွပ်ရှမ်းလွန်(B.A)၊ ညီမ ငင့်ခန့်လွမ်(L.L.B)၊ ညီမ ကျင်လမ်းဟွဲ(B.E) တို့ ဖြစ်ပါသည်။

Huai San Nuam (Mi Mi)

Written by Super User. Posted in Our Ministers

ကျွန်မရဲ့ နာမည်မှာ ဟွဲ့စမ်းနွမ် ဖြစ်ပါသည်။ မိသားစု (၅) ယောက် ရှိပါတယ်။ ဖခင်နှင့် မိခင်သည် ချင်းပြည်နယ်၊ တွီးတွမ်းရွာက ဖြစ်ပါတယ်။ ဖခင်သည် အစိုးရဝန်ထမ်း (ဆေးတပ်) တွင် တာဝန် ထမ်းဆောင်ရသဖြင့် ကွပ်ခိုင်၊ တောင်ကြီး၊ မိတ္ထိလာ၊ ကျိုင်းတုံ၊ မြစ်ကြီးနား ၊ တနိုင်း ၊ ရန်ကုန်သို့ ပြောင်းရွေ့ အခြေစိုက်ရင်း ဖခင်ကြီး (ဦးဟန်ခန့်ဒါလ်) သည် ၁.၁၀.၂၀၁၁ ခုနှစ်တွင် ဘုန်းတော်ဝင်စား ခဲ့ပါသည်။ ကျွန်မ၏ မွေးဇာတိမှာ ကွပ်ခိုင် ဖြစ်ပါသည်။ အခုလက်ရှိ မိခင် ဒေါ်ဒိမ့်ငိုက်ကျိန်၊ မောင်လေး ခင်ပြောင်စိန် နှင့်အတူ ယုဇနဥယျာဉ်မြို့နယ်တွင် နေထိုင်ပြီး အစ်ကို ဝုန့်ရှင်ခိုင်သည် မလေးရှားတွင် အလုပ်လုပ်နေပါသည်။

Grace Hnin Pan

Written by Super User. Posted in Our Ministers

ကျွန်မကတော့ Grace နှင်းပန်း ဖြစ်ပါတယ်။ ဇာတိက တောင်ကြီးမြို့ ဖြစ်ပါတယ်။ ကျွန်မရဲ့ ဖခင်က ဦးချစ်ဆွေ ( ဟိုတယ် မန်နေဂျာ)နှင့် မိခင် ဒေါ်စေးစေး (သာသာပြု) တို့ ဖြစ်ပါတယ်။ ဘုရားသခင်၏ ကျေးဇူးတော် သက်သက်ကြောင့် ဇာတိမြေ တောင်ကြီးမြို့ မှ ရန်ကုန်မြို့သို့ ၂၀၀၈ ခုနှစ်တွင် Full Gospel Assembly မှ ဖွင့်လှစ်ထားသော FGBTC ကျောင်းတော်ကြီး၌ ပထမဦးဆုံး အကြိမ် (၉လ) သင်တန်း တက်ရောက်ဖို့ရန် ရောက်ရှိလာခဲ့ ပါသည်။ ထိုအချိန်မှစ၍ ဒီအသင်းတော်၌ သာ ပါဝင်ခဲ့ရာ ကျောင်းတက်စဉ်ကတည်းက ဧ၀ံဂေလိ နယ်မြေအဖြစ် ချမှတ်ပေးခြင်းခံရသော ရှမ်းတဲကြီး နယ်မြေ၌ ယနေ့အချိန်ထိ ပါဝင်ခဲ့ရာမှ ၉.၅.၂၀၁၀ (တနင်္ဂနွေ) နေ့မှစ၍ ဒီအသင်းတော်မှာ အမှုတော်ဆောင် တစ်ဦးအနေဖြင့် ပါဝင်ခွင့် ရခဲ့ပါသည်။

Worship Services

    Myanmar (Main)
  • 9:00 AM to 1:00 PM
    Zomi
  • 1:00 PM to 4:00 PM
    Emglish
  • 5:00 PM to 7:00 PM
    Youth (Saturday)
  • 1:00 PM to 3:00 PM
    Women (Saturday)
  • 10:00 AM to 12:00 PM
    Church School
  • 9:00 AM to 1:00 PM (in main Service)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm