Do Khan Huai

Written by Super User. Posted in Our Ministers

ကျွန်မနာမည် Do Khan Huai (ခ) Mya Za Khaing ( Tawh Tawh ) ဖြစ်ပါသည်။ U Ngul Za Khai နှင့် Daw Ciang Khaw Pau တို့၏ သမီး ဖြစ်ပါသည်။ မွေးချင်းမောင်နှမ သုံးဦးတွင် အလတ်ဖြစ်ပါသည်။ အစ်ကိုတစ်ယောက် နှင့် မောင်တစ်ယောက် ရှိပါသည်။
အသင်းတော်ကို မိသားစုအားလုံး အသင်းသားအဖြစ် ရောက်ရှိလာပါသည်။ အသင်းတော်၏ လူငယ်နှင့် Sunday School လှုပ်ရှားမှုများတွင် လုပ်အားပေး ပါဝင်ခဲ့သည်။ ၁၉၉၈ ခုနှစ် မှစ၍ Sunday School လုပ်အားပေးအဖြစ် ပါဝင် ဆက်ကပ်ခဲ့သည်။ ၂၀၀၄-၂၀၀၅ ခုနှစ်တွင် FGBTC ကျောင်းသို့ တက်ရောက်ခဲ့သည်။ ကျောင်းတက်နေစဉ် ဘုရားသခင်၏ အသံဖြစ်သော `ငါ့သမီး အသက်ပေးပြီး ချစ်ခဲ့တဲ့ ငါ့အတွက် ဘာကြောင့် မပေးဆပ်၊ မဆက်ကပ်ရဲတာလဲ´ ဟု ရှင်းလင်းစွာ ကြားခဲ့တယ်။

Tuang Khan Cing

Written by Super User. Posted in Our Ministers

ကျွန်မကဒေါ်တွောင်ခန့်ကျိန် ဖြစ်ပါတယ်။ ချင်းပြည်နယ် ထုတ်လိုင်ကျေးရွာမှာမွေးဖွား ကြီးပြင်းလာခဲ့ပါတယ်။ ထုတ်လိုင်မှာနေစဉ်ကပင် သင်းအုပ်ဆရာတို့နဲ့ သိခဲ့ပါတယ်။ မိသားစုသဖွယ် နေခဲ့ပါတယ်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၁၉၉၆ ခုနှစ်တွင် ကျွန်မတို့ မိသားစုအားလုံးလည်း ရန်ကုန်မှာ ပြောင်းရွှေ့လာခဲ့ပါတယ်။ ထိုအချိန်မှစ၍ ဒီအသင်းတော်မှာ ပါဝင်ပြီး အသင်းသားအဖြစ် ဆက်ကပ်ခဲ့ပါသည်။

Clara

Written by Super User. Posted in Our Ministers

ကျွန်မသည် အမှုတော် မဆောင်ခင်က မိရိုးဖလာ ခရစ်ယာန်တစ်ယောက် ကဲ့သို့သာ အသက်ရှင်ခဲ့၍ ဈေးသည်တစ်ဦး ဘ၀ဖြင့်သာ နေခဲ့သည်။ တစ်နေ့တွင် အိပ်မက်တစ်ခု မက်ခြင်းအားဖြင့် ရူပါရုံကို မြင်ခဲ့ရသည်။ ထိုအိပ်မက်ထဲတွင် ကျွန်မ သင်္ဘောစီးရင်း သင်္ဘောနစ်သွားခဲ့သည်။ ကျွန်မက သင်္ဘောရဲ့ သံတန်းတစ်ခုကို ကိုင်ရင်းမျှောကာ ကုန်းပေါ်သို့ ရောက်လာခဲ့သည်။

Cing Sian Dim (Mi Mi)

Written by Super User. Posted in Our Ministers

ကျွန်မ၏ နာမည်မှာ မီးမီး (ခ) ကျိန်ရှင်းဒိမ့် ဖြစ်ပါသည်။ ကျွန်မ၏ မွေးရပ်ဇာတိကတော့ မန္တလေးတိုင်း မတ္ထ္ထီလာမြို့ ဖြစ်ပါသည်။ မတ္ထ္ထီလာမြို့တွင် ကြီးပြင်းခဲ့ပါသည်။ မိဘများကတော့ U Ngin Hau နှင့် Daw Dim Uap တို့ ဖြစ်ပါသည်။ ကျွန်မတွင် အစ်ကို တစ်ယောက်နှင့် ညီမလေး (၄) ယောက် ရှိပါသည်။
ဘုရားသခင်၏ လမ်းပြပို့ဆောင်မှုအားဖြင့် ၁၉၉၈- ၉၉ ခုနှစ်တွင် FGBTC (၃) ကြိမ်မြောက်တွင် တက်ရောက်ခွင့် ရရှိခဲ့ပါသည်။

Worship Services

    Myanmar (Main)
  • 9:00 AM to 1:00 PM
    Zomi
  • 1:00 PM to 4:00 PM
    Emglish
  • 5:00 PM to 7:00 PM
    Youth (Saturday)
  • 1:00 PM to 3:00 PM
    Women (Saturday)
  • 10:00 AM to 12:00 PM
    Church School
  • 9:00 AM to 1:00 PM (in main Service)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm