Cing Hoih

Written by Super User. Posted in Our Ministers

ကျွန်မက ၂၀၀၉-၂၀၁၀ခုနှစ်တွင် FGBTC ကျောင်းတော်ကြီး တက်ရောက်ခြင်းအားဖြင့် အသင်းတော်ကို ရောက်ရှိလာခဲ့ပါတယ်။ ကျောင်းတက်ပြီးနောက် FGBTC ကျောင်းတွင် အဆောက်မှူးတာဝန်ကို (၃) နှစ် ထမ်းဆောင်ခဲ့ပါတယ်။ ပြီးနောက် ဘုရားသခင်ရဲ့ ခေါ်ခြင်းတရားကြောင့် ၂၀၁၂ ခုနှစ်တွင် ဒီအသင်းတော်၌ အစမ်းခန့် အမှုတော်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အချိန်ပြည့် အမှုတော်ဆောင်အဖြစ် ပါဝင်ဆက်ကပ်ခဲ့ပါတယ်။

Ciin Sian Mang

Written by Super User. Posted in Our Ministers

ကျွန်မနာမည်က Ciin Sian Mang (ကျင်းရှင်းမန်) ဖြစ်ပါတယ်။ ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်၊ ဆွောင်းဇန်ကျေးရွာတွင် ၁၈.၁၀.၁၉၉၁ ခုနှစ်တွင် မွေးဖွားခဲ့ပါတယ်။ ဖခင် Rev. Cin Za Khup (M.Div) နှင့် မိခင် Daw Pau Khan Cing တို့၏ သမီး (၂)ယောက် အနက် ကျွန်မက အငယ် ဖြစ်ပါတယ်။ အစ်မက Man Sian Deih Kim (M.Div) ဖြစ်ပါတယ်။ ကျွန်မတို့ မိသားစုသည် ဇာတိမြေ ဆွောင်းဇန်ကျေးရွာမှ ၂၀၀၃ ခုနှစ် ဧပြီလတွင် ဘုရားရဲ့ ခေါ်ခြင်းတရားနှင့်အတူ ရန်ကုန်မြို့မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

Awi Suan Huai

Written by Super User. Posted in Our Ministers

ကျွန်မသည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ သိက္ခာတော်ရ ဆရာဦးနိန်းဟောက် နှင့် ဒေါ်ကျောင်ဇင့်ကျိန်တို့၏ သားသမီး (၇) ယောက်အနက် ဆဌမမြောက်သမီး ဖြစ်၍ ၁၀.၄.၁၉၈၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အ.ထ.က(၄) တာမွေမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ၅.၆.၂၀၀၅ ခုနှစ်တွင် အချိန်ပြည့်အမှုတော်ဆောင်ရန် ဘုရားရှင်၏ ခေါ်သံကို ရှင်းလင်းစွာ ကြားခဲ့သည်။ ထို့နောက် ၂၀၀၆ မှ ၂၀၁၀ ခုနှစ်အထိ Evangel Bible College တွင် (B.th ) ဓမ္မပညာ ဆည်းပူးခဲ့ပြီး ၂၀၁၀-၂၀၁၁ တွင် FGBTC (၁၅)ကြိမ်မြောက်မှာ တက်ရောက်ခဲ့ရာ ဒီပလိုမာ ရရှိခဲ့သည်။

Saw Napoleon

Written by Super User. Posted in Our Ministers

ကျွန်တော်က လူငယ်အစီအစဉ်မှာ လာရောက်ပါဝင်ရင်း ကျမ်းစာကျောင်းကို စိတ်ဝင်စားလို့ နှုတ်ကပတ်တော်ကို ဆာငတ်သောကြောင့် ၂၀၀၈-၂၀၀၉ ခုနှစ် (၁၃)ကြိမ်မြောက်၌ ကျောင်းတက်ရင်း ဒီအသင်းတော်ကို ရောက်ရှိလာပါတယ်။ ကျောင်းဆင်းပြီး နောက်ပိုင်း ကလေးသာသနာနှင့် လူငယ်သာသနာမှာ ပါဝင်ဆက်ကပ်ခဲ့ပါတယ်။ ဤကဲ့သို့ ပါဝင်ရင်း အမှုတော်ဆောင်ဖို့ ဆုံးဖြတ် ဆက်ကပ်ခဲ့ပါတယ်။ ဒီလိုနဲ့ (၂၀၁၂) တွင် အစမ်းခန့် အမှုတော်ဆောင် အဖြစ်ဆက်ကပ်ခဲ့ပါတယ်။

Worship Services

    Myanmar (Main)
  • 9:00 AM to 1:00 PM
    Zomi
  • 1:00 PM to 4:00 PM
    Emglish
  • 5:00 PM to 7:00 PM
    Youth (Saturday)
  • 1:00 PM to 3:00 PM
    Women (Saturday)
  • 10:00 AM to 12:00 PM
    Church School
  • 9:00 AM to 1:00 PM (in main Service)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm