Kham Sian Tuang

Written by Super User. Posted in Our Ministers

Kham Sian Tuang( တွောင်ပူ) လို့ ခေါ်ပါတယ်။ ကျွန်တော့် ဖခင်နှင့် မိခင်ကတော့ ဦးဇမ်ရှင်းထန်(အမှုတော်ဆောင်)နှင့် ဒေါ်ညောင်ငိုက်လွန်း တို့ဖြစ်ပါတယ်။ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ရှိပါတယ်။ ကျွန်တော်က သားကြီး ဖြစ်ပြီး ကျွန်တော့် ညီလေးနာမည်က မောင်ဂင့်ကိမ်းစိန် လို့ ခေါ်ပါတယ်။ မွေးဖွားရာ ဇာတိက ချင်းပြည်နယ် တီးတိန်မြို့မှာ ဖြစ်ပါတယ်။ ယခုအချိန်မှာ ကျွန်တော့်မိဘတွေနှင့် ညီက ဘိုကလေးမြို့မှာ အမှုတော်ဆောင်ပြီး ဘိုကလေးမြို့မှာပဲ နေထိုင်ကြပါတယ်။ ကျွန်တော်က ရန်ကုန်မှာ နေပါတယ်။

lian Lun Cing (Syama Lun Cing)

Written by Super User. Posted in Our Ministers

ဖခင် U Khai Za Thang မိခင် Daw Man Za Dim တို့ဖြစ်ပါတယ်။ မောင်နှမ မိန်းကလေး(၄)ယောက်၊ ယောင်္ကျားလေး(၁)ယေက်ဖြစ်ကြပြီး၊ Niang Hau Man, Thang Khua Kim Piang, Cing Lian Muang, Kham Lun Niang တို့ဖြစ်ကြတယ်။ မောင်နှမ(၅)ယောက်ထဲတွင် အကြီးဆုံးသမီးပါ။
ရွာနာမည်ကတော့ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ Kan Sai Zang ရွာပါ။၂၀၀၀ခုနှစ်မှ ၂၀၀၄ ခုနှစ်မှာ ရန်ကုန်လာပြီး Yangon Theological Seminary (YTS)ကျောင်းမှာ B.th တက်ပါတယ်။

Nuam San Uap

Written by Super User. Posted in Our Ministers

ကျွန်မတို့ မိသားစု (၆)ယောက် ရှိပါတယ်။ မိခင်၊ဖခင် နှင့် မောင်နှမ (၄)ယောက်တို့ပဲ ဖြစ်ပါတယ်။ ဖခင်က ဦးချင့်ဇခိုင် ဖြစ်ပြီး မိခင်ကဒေါ်ကျင်းပေါင် ဖြစ်ပါတယ်။ အဖေကတော့ ဘုရားသခင်ရဲ့ ရင်ခွင်တော်ထဲတွင် (၂၅.၁၁.၁၉၉၂) တွင် အိပ်ပျော်သွားခဲ့ပါပြီ။ကျွန်မ FGA အသင်းတော်ကို ၂၀၀၃ ခုနှစ် (၇)လပိုင်းတွင် အသင်းသား အနေဖြင့် ဆက်ကပ်ခဲ့ပါတယ်။ (၂၀၀၄-၂၀၀၅) ခုနှစ်တွင် FGBTC ကျောင်းတော်ကြီးတွင် တက်ရောက်ပြီး (၂၀၀၅-၂၀၀၈) ၃ နှစ်သာ အဆောင်မှူး အနေဖြင့် ပါဝင်ဆက်ကပ်ခဲ့ပါတယ်။

Win Zaw

Written by Super User. Posted in Our Ministers

ကျွန်တော်က ဗုဒ္ဓဘာသာဝင် မိသားစုမှ မွေးဖွားလာပါတယ်။ ၂၀၀၀ ခုနှစ်တွင် ပင်လယ်ငါးဖမ်း စက်လှေလိုက်ရင်း လုပ်ဖော်ဆောင်ဖက် ခရစ်ယာန်တဦးမှာ ဧ၀ံဂေလိသတင်းစကား ဝေဌခြင်းကြောင့် ယေရှုခရစ်တော်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း ၊လူသားတွေကို အပြစ်ငရဲမှ အမှန်တကယ် ကယ်တင်သောအ ရှင် ဖြစ်ကြောင်းသိရှိနားလည် သဘောပေါက်၍ ယုံကြည်လက်ခံ ကိုးကွယ်ခဲ့ပါတယ်။ ထိုနောက်ပိုင်းတွင် ဘုရားသခင်၏ လမ်းပြမှုကြောင့် ယုံကြည်သူ သူငယ်ချင်းတစ်ယောက်အားဖြင့် ယေရှုခရစ်တော်ကို ဗဟိုပြု၍ ဘုရားသခင်ကိုစိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းကိုးကွယ်ပြီး ပျောက်ဆုံးသော ၀ိညာဉ်တွေကို ၀န်တာရှိ၍ ဧ၀ံဂေလိလုပ်ဆောင်သော FGA အသင်းတော်မှာ အသင်းသားအဖြစ် ပါဝင်ဆက်ကပ် ခဲ့သည်။

Worship Services

    Myanmar (Main)
  • 9:00 AM to 1:00 PM
    Zomi
  • 1:00 PM to 4:00 PM
    Emglish
  • 5:00 PM to 7:00 PM
    Youth (Saturday)
  • 1:00 PM to 3:00 PM
    Women (Saturday)
  • 10:00 AM to 12:00 PM
    Church School
  • 9:00 AM to 1:00 PM (in main Service)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm