Yan Naung Hein

Written by Super User. Posted in Our Ministers

ကျွန်တော့်နာမည် ရန်နောင်ဟိန်းလို့ ခေါ်ပါတယ်။ ကျွန်တော့်ဖခင်က ဦးကျော်ဝင်း ဖြစ်ပြီး မိခင်က ဒေါ်နုနုအေး ဖြစ်ပါတယ်။ ကျွန်တော်တို့ မိသားစု(၆) ဦး ရှိပါတယ်။ ညီအစ်ကို မောင်နှမ (၄) ယောက် ရှိတယ်။ ကျွန်တော်ကတော့ အငယ်ဆုံးသား ဖြစ်ပါတယ်။ ကျွန်တော်က ရန်ကုန်မှာ မွေးဖွားပြီး ရန်ကုန်မှာပဲ ကြီးပြင်း လာခဲ့ပါတယ်။

Pau Cin Khual (Khualpi)

Written by Super User. Posted in Our Ministers

ကျွန်တော့်နာမည် Pau Cin Khual ( Khual Pi) လို့ ခေါ်ပါတယ်။ ကျွန်တော်၏ မိဘများကတော့ U Mang Khan Nang နှင့် Daw Vial Za Man တို့ ဖြစ်ပါတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် FGBTC ၌ ကျမ်းစာကျောင်း တက်ရင်း ဒီိအသင်းတော်ကို ရောက်ရှိလာပါတယ်။ ကျမ်းစာကျောင်း တက်ပြီးနောက် အမှုတော်ဆောင်ရန် အတွက် ဘုရားသခင်ရဲ့ ခေါ်ခြင်း ရရှိခဲ့ပါတယ်။

Khen Piang Sing (Singpu)

Written by Super User. Posted in Our Ministers

ကျွန်တော် ခင်ပြန်စိန်(ခ) စင်ပူ သည် အဖ ဦးဟန်ခန့်ဒါးလ်နှင့် အမိ ဒေါ်ဒိမ်ငိုက်ကျိန် တို့၏ သား/သားမီး (၃)ယောက်ထဲမှ အငယ်ဆုံးသား ဖြစ်ပါသည်။ ကျွန်တော် မွေးဖွားရာ ဇာတိက တောင်ကြီးမြို့ ဖြစ်ပါတယ်။ အဖေက စစ်သားဖြစ်တဲ့အတွက် တောင်ကြီး၊ မြစ်ကြီးနားနှင့် ကျိုင်းတုံမြို့တို့မှာ ကြီးပြင်း လာခဲ့ပါတယ်။ ၁.၁၀.၂၀၁၁ ခုနှစ်တွင် ဖခင်က ဘုန်းတော်ဝင်စား သွားပါပြီ။ အခုချိန်မှာ ကျွန်တော်တို့ သားအမိတွေ ရန်ကုန်မှာ အခြေချ နေထိုင်ကြပါတယ်။

 ကျွန်တော်သည် ၁၉၉၈ ခုနှစ်စSunday School တက်ခဲ့ပြီး ကြီးပြင်းခဲ့သောသူ ဖြစ်သည်။ ထို့နောက် ၁၀တန်း အောင်မြင်ပြီးနောက်တွင် Sunday School ဆရာအဖြစ် ယခုချိန်ထိ ဆက်ကပ်နေဆဲဖြစ်ပါသည်။ Full Gospel Assembly အမှုတော်ဆောင်ရန် အစမ်းခန့်ကို၂၄-၆-၂၀၁၁တွင် တစ်နှစ်ဆက်ကပ်ခဲ့ပြီး ၂၄-၆-၂၀၁၂ ခုနှစ်တွင် အချိန်ပြည့် အမှုတော်ဆောင် အဖြစ်  စတင်ဆက်ကပ်ခဲ့ပါသည်။

အသင်းတော်တွင် အဓိက တာဝန်ထမ်းဆောင်ရသည့် ကဏ္ဍများကတော့ လေးထောင့်ကန် ဧ၀ံဂေလိနယ်မြေတွင် တွဲဖက်တာဝန်ခံနှင့် လမ်းမတော် Homecellတွင်၎င်း ၊ ကလေးသာသနာလုပ်ငန်း၊Music ကဏ္ဍတွင် သီချင်းခွေ ဖြန့်ချိရေးတွင်၎င်း တာဝန်ထမ်းဆောင်နေပါသည်။

အသင်းတော်တွင် အမှုတော်ဆောင်ရတာကတော့ အခက်ခဲတော့ နည်းနည်းရှိတတ်တယ်။ ဒါပေမဲ့ ဘုရားအတူပါရှိလို့ အရမ်းပျော်ပါတယ်။ အသင်းသူ/သားများကို ခွန်အားပေးချင်သာကတော့ ကျွန်တော်တို့ရဲ့ ဧမာနွေလဘုရားက အနားမှာ အမြဲရှိတယ် ဆိုတာကို မမေ့ပါနဲ့။ မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလည်းသော ဘုရားလည်း ဖြစ်ပါတယ်။ အားလုံးအပေါ် ဘုရားသခင် ကောင်းကြီးပေးပါစေ။

Do Sian Siang

Written by Super User. Posted in Our Ministers

ကျွန်တော်သည် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့နယ် နန်းဟံနွဲ့ ကျေးရွာမှ အဘ (ဦးဂင့်ခင့်ခမ် နှင့် ဒေါ်ကျိန်ငိုက်လျန်း )တို့၏ သားသမီး (၅)ယောက်အနက် တတိယမြောက် သားအဖြစ် ၂၀.၃.၁၉၈၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။
၁၉၉၅ ခုနှစ်တွင် မိခင်ကြီး ခေါ်တော်မူခြင်းခံခဲ့ရာ ထိုအချိန်တွင် ကျွန်တော်သည် အသက်(၁၁) နှစ်သာ ရှိခဲ့သည်။ မိသားစု စားဝတ်နေရေး ခက်ခဲမှုကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် ၂၀၀၀ မှ ၂၀၀၇ ခုနှစ်ထိ အလုပ်လုပ်ခဲ့ပြီး မိသားစုကို ထောက်ပံ့ခဲ့သည်။

Worship Services

    Myanmar (Main)
  • 9:00 AM to 1:00 PM
    Zomi
  • 1:00 PM to 4:00 PM
    Emglish
  • 5:00 PM to 7:00 PM
    Youth (Saturday)
  • 1:00 PM to 3:00 PM
    Women (Saturday)
  • 10:00 AM to 12:00 PM
    Church School
  • 9:00 AM to 1:00 PM (in main Service)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm