slide 1

 

သမ္မာကျမ်းစာ လေ့လာခြင်း

Written by Super User. Posted in Knowledge Articles

သမ္မာကျမ်းစာသည် စာအုပ်အားလုံးအနက် အထွဋ္ဋ်အထိပ်(အမြင့်မြတ်ဆုံးသော) ဖြစ်သောစာအုပ်ပေတည်း။ ဘုရားသခင်ကိုယ်တော်တိုင် လူသားတို ့ကို အမိန် ့ရှိတော်မူသောစာအုပ်ဖြစ်၏။ မြင့်မြတ်သန် ့ရှင်းသော ညွန်ကြားမှုကို ပေးသည့် စာအုပ်လည်းဖြစ်သည်။ ၀မ်းနည်းချိန်၌ နှစ်သိမ့်မှုကို ၄င်း၊ စိတ်ရှုပ်ထွေးနေ သည့်အခါ၌ လမ်းညွန်မှုပေးခြင်း၊ ပြဿနာများကို ဖြေရှင်းပေးခြင်း၊ အပြစ်များအတွက် ဆိုဆုံးမခြင်းနှင့် ကျွနိုပ်တို ့ လိုအပ်သည့် အရာများကို နေ ့စဉ်လျှို ့ဆော်ပေးလျှက်ရှိသည်။ သမ္မာကျမ်းစာသည် စာအုပ်တအုပ်တည်းသာမဟုတ်။ စာအုပ်ပေါင်းချုပ်တအုပ်ဖြစ်ပြီး စာပေရသ မျိုးစုံနှင့် ပြည့်လျက်ရှိသည်။ သမိုင်း ရာဇဝင်အကြောင်းအရာများ၊ ကဗျာ၊ လင်္ကာ၊ အထုပ္ပတိ၊ ကြိုတင်ဟောကြားချက်များ၊ ဒဿ နဗေဒ၊ သိပ္ပံနှင့် စိတ်ဝိညာဉ် လျို ့ဆော်မှု ရစေသော စာပေရသများ ပါ၀င်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျမ်းစာ တအုပ်လုံးကိုသော်၄င်း၊ အချို ့အပိုင်းများကို ၄င်း၊ ဘာသာစကား အမျိုးပေါင်း ၁၂၀၀ ထက်မက ဘာသာပြန်ဆိုထားပြီး၊ နှစ်စဉ်ရောင်းချရသော လုံးချင်းစာအုပ်များအနက် အရေအတွက် အများဆုံးရောင်းရသော စာအုပ်တအုပ်လည်း ဖြစ်သည်။

ကျမ်းစာထဲက ကောင်းကင်တမန်များအကြောင်း

Written by Super User. Posted in Knowledge Articles

ကောင်းကင်တမန်များ၏ လုပ်ဆောင်ချက်၊ တာဝန်မှာ အဓိကအားဖြင့် ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ခြင်း၊ ယုံကြည်သူများဆုတောင်းချက်ကို ဘုရားသခင်က ကောင်းကင်တမန်များကို အသုံးပြုပြီးအဖြေပေးခြင်း  (ဒံ ၉း၂၀-၂၂၊ တမန် ၁၂း၅၊၇၊၁၂)၊ ဖွင့်ပြခြင်း (ဒံ ၉း၂၀-၂၂-ဣသရေလလူမျိုး၏အနာဂတ်ကို ဖွင့်ပြသည်)၊ ဘုရားသခင်၏အလိုတော်ကို ပြောပြခြင်း (လုကာ ၁း၁၉၊ ၂၆-၃၀) ဘုရားသခင်ထံမှ လမ်းပြမှုကို ပေးခြင်း (မဿဲ ၁း၂၀-၂၁။ တမန် ၁ဝး၁-၈၊ ၈း၂၆) နှင့် အိပ်မက်နှင့် ရူပါရုံကို အနက်ပြန်ပေးခြင်းဟူ၍ (၆)မျိုးတွေ့ရသည်။ သမ္မာကျမ်းစာထဲတွင် ပထမဆုံးဖေါ်ပြသော ကောင်းကင်တမန် သည် ခေရုပ်ဗိမ် (Cherub/Cherubim) ဖြစ်သည်။ (ကမ္ဘာ ၃း၂၄၊ ယေဇ ၁း၄-၁၈၊ ၁ဝး၁၄-၁၅) ခေရုပ်ဗိမ်ကောင်းကင်တမန် တို့၏ပုံပန်းသဏ္ဌာန်ကို ဖေါ် ပြရခက်သည်။ မျက်နှာလေးခု၊ အတောင်လေးခုရှိသည်။ ယေဇ ၂၈း၁၃-၁၄က လူစီဖါကို ခေရုပ်ဗိမ်ဟု ခေါ်သည်။ တစ်ပါးနှင့်တစ်ပါး ပုံစံမတူပါ။ ဘုရားသခင်၏ဘုန်းတော်နှင့် မျက်မှောက်တော်နှင့် ဆက်နွယ်နေသည်။ ဆာလံ ၉၉း၁၊ ခေရုပ်ဗိမ်အလယ်တွင် ကျန်းဝပ်သော ဟူ၍၄င်း၊ ထွက်မြောက် ၂၅း၁၈-၂၀၊ "ထို ခေရုပ်ဗိမ် နှစ်ပါးကို သေတ္တာပုံးကိုယ်ထဲကထုတ်၍သေတ္တာဖုံးအပေ၌ တစ်ဖက်တစ်ပါးစီလုပ်ပြီးလျှင်" ဟူ၍လည်းကောင်း၊  ယေဇ ၁ဝး၁၈။ "ထိုအခါ ထာဝရဘုရား၏ဘုန်းတော်သည် အိမ်တော်တံခါးခုံမှ ရွေ့၍ ခေရုပ်ဗိမ်အပေါ်မှာ တည်လေ၏" ဟူ၍ ဖော်ပြထားသည်။

ခရစ်တော်၏ (၁၈) နှစ်ပြသနာ

Written by Super User. Posted in Knowledge Articles

ယေရှုခရစ်တော်၏ သက်တော်စဉ်ကို ဖတ် ရှုလေ့လာကြ သောအခါ သက်တော် (၁၂) နှစ် မှ အနှစ် (၃၀) အတွင်း ကြားကာလ (၁၈) နှစ်တွင် ယေရှုခရစ်တော်သည် ဘယ်မှာရှိနေသနည်း။ ထိုကာလ ယေရှုခရစ်တော်၏ ဘဝတစိတ်တပိုင်းနှင့် ပတ်သက်၍ ခရစ်တော်ကြောင့် ခရစ်ယာန်ဘာသာဆိုတာ ဓမ္မဟောင်းကို အခြေပြုထားတာမို့ အလွန်ရှေးကျတဲ့ ဘာသာလို့ ပြောနို်င် ပါတယ်။ သို့သော်လည်း တကယ့် တကယ်တော့ ခရစ်တော်သာလျှင် ခရစ်ယာန်ဘာသာတရားကို စတင်တည်ထောင ်သူဖြစ်ပါတယ်။ ဓမ္မဟောင်း ကျမ်းကာလဟာ ဂျူးဘာသာ ကာလလို့ ပြောရင် မမှားလောက်ပါဘူး၊ လောကကြီးစတင်ဖန်ဆင်းခြင်း ခံရပြီး ပထမလူသား အာဒံမှ ခရစ်တော်မပေါ်ပေါက်မှီကာလတိုင်အောင်ဖြစ်တဲ့ ဓမ္မဟောင်းကျမ်း အယူအဆကို ဂျူးဘာသာ၊ အစ္စလန်ဘာသာ နဲ့ ခရစ်ယာန်ဘာသာတို့က လက်ခံခဲ့ကြပါတယ်။

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm