slide 1

 

ရွေးချယ်မှု မှန်ပါစေ

Written by Super User. Posted in Pastor Mung Preaching Article

မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင်မမည်။ ငါ့သစ္စာ လက်ျာလက်ဖြင့်ထောက်ပံ့မည်။ (ဟေရှာယ ၄၁း၈-၁၆)

အသက်တာအောင်မြင်နိုင်ရန်အတွက် မည်သူ့ဘက်မှာ ပါရမလဲဆိုတာ အရေးကြီးပါသည်။ အထူးသဖြင့် ဘုရားသခင် ဘိသိက်ခဲ့တဲ့ နေရာ၊ ပုဂ္ဂိုလ်ကို ရွေးတတ်ဖို့အရေးကြီးသည်။ ရှောလုနဲ့ ဒါ၀ိဒ် အသက်တာကို ကြည့်ပါ။ ရှောလုသည် ဣသရေလရှင်ဘုရင်ဖြစ်ပြီး ဘုရားသခင် ဘိသိက်ခဲ့တဲ့သူ ဖြစ်သော်လည်း ဘုရားသခင် ၏စကား နားမထောင်သည့် တစ်နေ့၊  ဘုရားသခင်ရဲ့ ဘိသိက်ခြင်း သူ့ဆီမှာ မရှိတော့ပါ။ ထိုအချိန်တွင် ဘုရားသခင်က နောင်တက်မယ့် ဘုရင်အဖြစ် ဒါ၀ိဒ် ကို ရွေးခဲ့ပါသည်။ ဘုရားသခင်သည် ဒါ၀ိဒ်နဲ့ အတူပါရှိသည့်အတွက် ရှောလုက ရန်ဘက်ပြုလာပြီး ရှောလုအနေနဲ့ လက်ရှိနန်းထိုင်နေ တုန်းဖြစ်သော်လည်း ဘုရားသခင်၏အမြင်တွင် ဘုရင်မဟုတ်တော့ပါ။ တစ်နေ့တော့ ဂေါလျက်ဆိုတဲ့လူသည် ဣသရေလ တစ်တပ်လုံးကို စိန်ခေါ်လိုက်ပါသည်။ ထိုအခါ ရှောလုကိုယ်တိုင် တုန်လှုပ်ကြောက်ရွံ့ခဲ့သည်။ ထိုအဖြစ်ကို တပ်ထဲတွင် အလည်လာသော ဒါ၀ိဒ်က ကြား၍ မခံနိုင်ခဲ့ပါ။

ဘာကြောင့်ဧဝံဂေလိဟောရမလဲ

Written by Super User. Posted in Pastor Mung Preaching Article

 "သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြား လော့။ ယုံကြည်၍ ဗတ္တိဇံကို ခံသောသူသည် ကယ်တင်တော်မူခြင်း သို့ရောက်လတ္တံ့။ မယုံကြည်သောသူကား အပြစ်စီရင်ခြင်းကို ခံရ လတ္တံ့။ (မာကု ၁၆း၁၅-၁၆)

ခရစ်တော် ကောင်းကင်ဘုံသို့ ပြန်မကြွခင် ယုံကြည်သူများ ကို ဘာမှားသွားသလဲဆိုတော့ ဧဝံဂေလိ တရားဟောပြောဖို့မှာသွားပါတယ်။ ဒါဟာ ယေရှုခရစ်ရဲ့ မိန့်မူချက်ဖြစ်တယ်။ မေတ္တာရပ်ခံတာ မဟုတ်ဘူး။ ဟောချင်တဲ့ အချိန်ဟောမယ်၊ အဆင်မပြေရင်မဟောနဲ့ ဆိုတာမျိုး မဟုတ်ဘူး။ တစ်ခါတုန်းက သားအဖနှစ်ယောက်  ဘူတာရုံ၊ ကားဂိတ် စတဲ့ နေရာတွေမှာ ဧဝံဂေလိဝေစာတွေကို သွားဝေကြတယ်။ ဒီလို ဝေသွားရင်း မိုးကအုံ့လာတယ်။ လေက တိုက်လာတယ်။ ဒီတော့ ဖခင်ကသားကို မိုးရွာတော့မယ်ဆိုတော့ အိမ်မှာပဲ ကွေးလိုက်ကြရ အောင်လို့ ပြောတယ်။ သားငယ်က ဘာပြန်ပြောသလဲဆိုတော့ ဒါဆို အဖေမိုးရွာတဲ့နေ့မှာ ယေရှုက လောကီသားများပေါ်ထားတဲ့ မေတ္တာ ပျက်ပြယ်သွားလို့လားလို့ မေးလိုက်တယ်။

မေတ္တာ

Written by Super User. Posted in Pastor Mung Preaching Article

မေတ္တာမရှိလျှင် အချည်းနှီးသက်သက်ဖြစ်၏ ... (၁ ကော ၁၃း၁-၈)
သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ ညွန်းလောင်းတော်မူ၏ ... (ရော ၅း၅-၁၁)
ကမ္ဘာပေါ်မှာ အကြီးမားဆုံးလက်နက်ဟာ မေတ္တာဖြစ် တယ်။ အသက်တာမှာ အမှားကို ရှောင်ပြီး အမှန်နှင့်အသက်ရှင် ဖို့ အင်မတန် အရေးကြီးတယ်။ အမှားနှင့်အမှန်ကို ကောင်းမွန်စွာ ခွဲခြားတတ်ဖို့ လိုတယ်။ ဒါပေမယ့် ၀ိညာဉ်တော်က ဘာပြောသလဲ ဆိုတော့ ဒီအရာတွေထက်ပိုအရေးကြီးတာက မေတ္တာနဲ့အသက်ရှင် ဖို့ ဖြစ်တယ်လို့ ဖွင့်ပြပါတယ်။
လုကာ ၁၅း၁၁-၃၂ ကိုကြည့်ရင် သားအကြီးက ဖခင် အပေါ်သစ္စာရှိတယ်။ သားအငယ်ကတော့ မလိမ္မာဘူး။ သူ့ရဲ့ အမွေ ကို ယူပြီး ကာမဂုဏ်ထဲမှာ ဖြုန်းတီးပစ်တယ်။ ဒီသားမိုက်ပြန်လာ တော့ ဖခင်က အကောင်းဆုံးအရာတွေနှင့် ပွဲလုပ်ပေးတယ်။ ဒီတော့ သားအကြီးက မကျေနပ်ဘူး။ သူ့လို သစ္စာရှိတဲ့ သားကျတော့ ပွဲလုပ်ပေးဖို့ ဆိတ်ကလေးတစ်ကောင်တောင် မသတ်ပေးဖူးဘူးလို့ ပြောတယ်။ လောကအတွေးအခေါ်အတိုင်းကြည့်ရင် သားကြီးပြော တာ မှန်တယ်။ တစ်ချိန်လုံး ဖခင်အနားမှာ သစ္စရှိရှိ အလုပ်လုပ်နေ တဲ့ သူ့အဖို့တော့ တကယ်လည်း မကျေနပ်စရာပါဘဲ။

ဆုတောင်းခြင်းဖြင့် စောင့်စားခြင်း

Written by Super User. Posted in Pastor Mung Preaching Article

လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည် အကြောင်း ...။ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့ သည် ညဉ့်နေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရား သခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော ...။ ငါဆိုသည်ကား သူတို့ဘက်၌ အလျင်အမြန် တရားစီရင် တော်မူမည်။ (လုကာ ၁၈း၁-၈)

ဘုရားသခင်ဟာ ယုံကြည်သူတွေရဲ့ နှလုံးသားပါလျက် ဆုတောင်းတဲ့အသံကို လစ်လျူမရှုဘဲ ဂရုစိုက် နားညောင်းအဖြေပေး တဲ့ ဘုရားသခင် ဖြစ်တယ်။ ဘယ်သူမဆို နှလုံးသား မပါဘဲ ဆုတောင်းပါက အဖြေရရှိနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က စိတ်နှလုံးအပြည့် သူ့ကို ကိုးစားတာ လိုချင်လို့ ဖြစ်တယ်။ ဒါကြောင့် ကျမ်းစာထဲမှာပါတဲ့ မုဆိုးမလို မလျော့သော ဇွဲနှင့် မရမချင်း ဆုတောင်းရမှာ ဖြစ်တယ်။ ဆုတောင်းပေမယ့် အဖြေက မရနိုင်သေးဘူးဆိုရင်တောင် ယုံကြည်ခြင်းနှင့် ဆက်လက် ဆုတောင်းပါ။ဘုရားသခင်က အမှန် တကယ် ဆုတောင်းတဲ့သူကို ချန်မထားပါဘူး။ ဘုရားသခင်မှာ ယုံကြည်သူတွေအပေါ် ဆိုးညစ်တဲ့ အကြံအစည်မရှိပါဘူး။ အကောင်းဆုံးအကြံအစည်ပဲ ရှိပါတယ်။ နှောင့်နှေးသလို ခံစားရပေ မယ့် အကောင်းဆုံးရရှိလာမှာဖြစ်တယ်။

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm