slide 1

 

ကြိုလင့်နေသော မင်္ဂလာနေ့ရက်များ

Written by Super User. Posted in Pastor Mung Preaching Article

ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ ၀မ်းမြောက်ရွှင်လနး်ကြကုန်အံ့။(ဆာလံ ၁၁၈း၂၄)

နှစ်သစ်တစ်ခု ၀င်လိုက်တာနှင့် ရက်ပေါင်း (၃၆၅)ရက်က စောင့်ကြိုနေတာဖြစ်တယ်။ အဲဒီနေ့ရက်ကာလတွေကို ဘုရားသခင်က ပိုင်တယ်။ လူတိုင်းကို တစ်ရက်မှာ (၂၄)နာရီစီပေးထားတယ်။ ရရှိတဲ့ အချိန်နာရီတွေကို တန်ဖိုုးရှိရှိ အသုံးပြုဖို့လိုတယ်။ အချိန်နာရီ တိုင်းမှာ ဘုရားသခင်၏ ကောင်းချီး များကို ရေတွက်ရင်း ဖြတ်သန်းနိုင်သူ ဖြစ်ဖို့ ဘုရားသခင်ကောင်းချီးပေးပါစေ။ ဘုရားသခင်ဟာ ကောင်းမြတ်တဲ့အတွက် ကျွန်တော်တို့အဖို့ ဆိုးတဲ့ နေ့ရက်တွေကို မပေးဘူး။ အကြံ မထမြောက်မယ့်နေ့၊ အမင်္ဂလာနေ့ဟာ ဘယ်နေ့ဘယ်ရက်ဖြစ်ပါစေဆိုတာ ဘုရား သခင်မှာမရှိဘူး။ သမ္မာကျမ်းစာထဲမှာ. .ဤနေ့ရက်သည် ထာဝရ ဘုရား စီရင်တော်မူသော နေ့ရက်ဖြစ်၍၊ ယနေ့ ၀မ်းမြောက်ရွှင်လန်း ကြကုန်အံ့ . . လို့ပြောတာဖြစ်တယ်။ ဒါကြောင့် ဒီနေ့ဟာ ထိုးဖောက်မှုရဖို့၊ အောင်မြင်ဖို့၊ ၀မ်း မြောက်ဖို့၊ ကောင်းချီးမင်္ဂလာရဖို့၊ ဘုရားသခင်ပြင်ဆင်ပေးတဲ့ နေ့ရက်ဖြစ်တယ်ဆိုပြီး နှုတ်ကပတ်တော်အတိုင်း ယုံကြည်တဲ့သူဟာ ထိုးဖောက် အောင်မြင်မှု ရရှိမှာဖြစ်တယ်။

နှိမ့်ချစွာအစပြုခဲ့တာ မမေ့ပါနှင့်

Written by Super User. Posted in Pastor Mung Preaching Article

သေးငယ်နှိမ့်ချစွာ အစပြုခဲ့သော အချိန်ကာလကို မမေ့လျော့ပါနှင့်။ တစ်နည်းအားဖြင့် ဒုက္ခရောက်ခဲ့တဲ့အချိန်၊ ပြဿနာ အမျိုးမျိုး ကြုံခဲ့တဲ့အချိန်တွေကို မမေ့လျော့ပါနှင့်။ အဲဒီအချိန်ဟာ သင့်အတွက် အကောင်းဆုံး အချိန် ဖြစ်ပါတယ် ဆိုတာကို ဘုရားသခင်က ကျွန်တော့ကို ဖွင့်ပြတာဖြစ်ပါတယ်။ ယေရမိ ၂၉း၁၁ "တဖန် မိန့်တော်မူသည်ကား ငါသည် သင်တို့ကို အကျိုးနည်းစေချင်းငှာ ကြံစည်သော အကြံမဟုတ်ဘဲ သင်တို့သည် မျှော်လင့်သော အကျိုးကို ရမည် ဖြစ်ကြောင်း ငြိမ်ဝပ် စေခြင်းသာ သင်တို့အဖို့ ကြံစည်သော အကြံတို့ကို ငါသိ၏" ရောမ ၈း၂၈ " ဘုရားသခင်ကို ချစ်တော်မူသော သူတည်း ဟူသော ကြံစည်တော်မူခြင်း အတိုင်း ခေါ်တော်မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုစုကြ သည်ကို ငါတို့ သိကြ၏" ကျွန်တော်တို့ အသက်တာမှာ ကြံုတွေ့လာသမျှ အခက် အခဲ တွေဟာ ကျွန်တော်တို့ ဆိုးကျိုး အတွက် မဟုတ်ဘဲ ကောင်းကျိုး အလို့ငှာ ဖြစ်ကြောင်း တွေ့ရတယ်။ မဖြစ်ချင်တာ ကို ဖြတ်သန်း ကျော်ဖြတ် ခဲ့ရတယ်။

လွတ်မြောက်စေချင်သူ

Written by Super User. Posted in Pastor Mung Preaching Article

(၁) ၀န်ထုပ်တွေကို ဖယ်ရှားပေးချင်တဲ့ ယေရှု
၀န်ထုပ်တွေကို ဖယ်ရှားပေးချင်တဲ့ ယေရှု (မဿဲ၁၁း၂၈-၃၀) ဒီနေ့ ယေရှုက အားလုံးကို ဖိတ်ခေါ်တာဖြစ်တယ်။ ဒီနေ့ ခရစ်ယာန်တွေ ကယ်တင်ခြင်းရပြီး ၀န်ထုပ်တွေ လျောကျသွားတာ မဟုတ်ဘဲ ၀န်ထုပ်တွေကို ပြန်ပြန်ထမ်းတဲ့ လူများစွာ ရှိတာဖြစ် တယ်။  စိတ်ပင်ပန်းခြင်း၊ စိုးရိမ်မှုနှင့် ပြည့်ခြင်း၊ အားငယ်နေခြင်း၊ ကြောက်ရွံ့သိမ်ငယ်နေမှု၊ မရင်ဆိုင်ရဲတာတွေ များလာခြင်း၊ လူတွေက ငါ့ကို ဘယ်လိုမြင်မလဲ စသည့် မမြင်ရတဲ့ ၀န်ထုပ်တွေအတွက် ယေရှုက "၀န်လေး၍ ပင်ပန်းသောသူအပေါင်း ငါ့ထံသို့ လာကြ" လို့ ပြောထားတာဖြစ်တယ်။ ဒီနေ့ ဘာဝန်ထုပ်ပဲ ရှိရှိ ယေရှုက ဖိတ်ခေါ်တာဖြစ်တယ်။ အပြစ်ဝန်ထုပ်တွေ များစွာ ရှိပေမဲ့ ယေရှုက "၀န်လေး၍ ပင်ပန်းသောသူအပေါင်း ငါ့ထံသို့ လာကြ" လို့ ပြောနေတယ်။ "ငါချမ်းသာပေးမယ်" လို့ ဖိတ်ခေါ်နေပါတယ်။ ဟေရှာယအနာဂတ္တိကျမ်းထဲမှာ "လာကြ ဆွေးနွေးကြကုန်အံ့ သင်တို့အပြစ်ဟာ ကမ္ဗလာလို နီသော်လည်း မိုးပွင့်ကဲ့ သို့ ဖြူစင်စေမယ်" လို့ ပြောထားပါတယ်။

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm