slide 1

 

ကရုဏာတော်

Written by Super User. Posted in Spiritual Words

ယေရမိမြည်တမ်း ၃:၂၂-၂၃ ထာဝရဘုရားသည်သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာ တော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။

ကရုဏာတော် ဆိုသည်မှာ မိမိနှင့်ထိုက်တန်သော အရာကို မရရှိခြင်းဖြစ်သည်။ လူသားများနှင့် ထိုက်တန်သောအရာမှာ မိမိလုပ်ဆောင်သော အပြစ်ဒုစရိုက်များအတွက် အပြစ်ဒဏ်စီရင်ခြင်း၊ ကျိန်ခြင်းအမင်္ဂလာ၊ သေခြင်း၊ ထာဝရငရဲမီးအိုင်များသာ ဖြစ်သည်။ ထိုက်တန်သော အရာများထဲတွင် ကောင်းသောအရာ တစ်ခုမျှမရှိပေ။ အာဒံပြစ်မှားသော အပြစ်နှင့် မိမိ၏နေ့စဉ်ပြုမိသော အပြစ်များကြောင့် အပြစ်ဒဏ်ခံရန်သာ ရှိပေသည်။

ရိုးရိုးလေး ယုံကြည်ခြင်း

Written by Super User. Posted in Spiritual Words

(ဖြောင့်မတ်သော သူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ ဟဗက္ကုတ် ၂း၄ (ခ)

ကျွန်ုပ်တို့ ခရစ်ယာန်များ နေ့စဉ် အသက်ရှင်ရမည့် ပုံစံသည် ယုံကြည်ခြင်းနှင့် အသက်ရှင်ရန်ဖြစ်သည်၊၊သို့ဖြစ်ပါ၍ ခရစ်ယာန်တော်တော်များများသည် ယုံကြည်ခြင်း အားကြီးဖို့ဆုတောင်းတက်ကြသည်၊၊ ကောင်းသော ဆုတောင်းချက်ဖြစ်သည်၊၊ သို့သော် ကျမ်းစာထဲတွင် နမိတ်လက္ခဏာဖြစ်စေသော ယုံကြည်ခြင်းတိုင်း သည် ရိုးရိုးလေး ယုံကြည်ခြင်း ဖြစ်သည်၊၊

ခရစ်တော်ကိုစေ့စေ့ကြည့်ကာ

Written by Rev Mang Uap. Posted in Spiritual Words

ခရစ်တော်ကိုစေ့စေ့ကြည့်ကာအသက်ရှင်ခြင်း။
ဟေဗြဲ ၁၂: ၂ "ယုံကြည်ခြင်း ကို အစအဦးစီရင်၍ စုံလင် စေတော်မူသော သခင်ယေရှုကို စေ့စေ့ ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှှေ့၌ထားသောဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သော အရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ထိုင်နေတော်မူ၏။"

ယုံကြည်သူအသက်တာ အစဟာ ဘုရားသခင်၏သားတော်ကို ယုံကြည်လက်ခံခြင်းကနေစတင်လာတယ်။ သားတော်ရဲ့အသွေးတော်အားဖြင့်အပြစ်လွှတ်တော်မူခြင်းကျေးဇူးကိုခံစားရတယ်။ ဒါနဲ့မပြီးသေးဘူး။ ထိုသခင်ကိုအမှီပြုလျက် ကျွန်ုပ်တို့အသက်ရှင်တဲ့ နေ့ရက်တွေကိုဖြတ်သန်းဖို့ဖြစ်တယ်။ လောကမှာ ကိုယ့်ခွန်အားနဲ့ဖြတ်သန်းဖို့ဆိုတာ တစ်ချို့သောအခြေအနေတွေမှာ လုံးဝမဖြစ်နိုင်ဘူး။ ဥပမာ..သဘာဝကိုလွန်ဆန်ပြီး လူတစ်ယောက်ရေပေါ်လမ်းလျှောက်ဖို့ဆိုတာ အလွန်ခက်ခဲတဲ့အမှုကိုပြုဖို့

မရှိမဖြစ်နှုတ်ကပတ်တော်

Written by Rev Mang Uap. Posted in Spiritual Words

"ထို့အတူငါ၏ နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့ မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသော အမှု၌ အောင်လိမ့်မည်။"ဟေရှာယ ၅၅:၁၁

ဘုရားသခင်ဟာတစ်စုံတစ်ခုသောအမှုကိုပြုမယ့်အခါတိုင်းမှာ သူ့လူတွေကို မှာကြားကာပြုစေပါတယ်။ သူ့နှုတ်ကပတ်တော်ဟာ ဖန်ဆင်းနိုင်သော တန်ခိုးရှိပြီး စေခိုင်းသောအမှုတိုင်းကို ပြည့်စုံအောင်မြင်စေပါတယ်။ သူပြောတဲ့စကားဟာ မပြည့်စုံဘဲမနေရပါ။ ဘုရားသခင်ဟာကမ္ဘာကိုဖန်ဆင်းတဲ့အခါမှာလည်း ဖြစ်စေဆိုတဲ့စကားနဲ့ဖန်ဆင်းခဲ့တာဖြစ်ပြီး သူ့ကျွန်ဘဝကျရောက်နေတဲ့ ဣသရေလအမျိုးသားတို့ကို ကယ်လွှတ် ဖို့ရန် အတွက် မောရှေကိုစေခိုင်းတဲ့အခါမှာလည်း သူ့နှုတ်ကပတ်တော်ကိုပြောထုတ်ပြီး စေခိုင်းခဲ့တာဖြစ်တယ်။ ပင်လယ်နီကိုနှစ်ခြမ်းခွဲခြင်း၊ ခါးသောရေကိုချိုစေခြင်း၊

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm