slide 1

 

မိတ္တူတွေအများကြီးထက်၊ မူရင်းတစ်ခု

Written by Saya Luka. Posted in Spiritual Words

ရှင်လုကာခရစ်ဝင် ၁၉း၁၀ (လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခဲကိုမိန့်တော် မူ၏။

ဘုရားသခင်က သင် မိတ္တူတွေသုံးပြီး အသက်ရှင်နေတာကို သဘောမကျဘူး။ သင့်ရဲ့အသက်တာမှာ ဘုရားသခင်က သူပေးထားပြီးဖြစ်တဲ့ မူရင်းတွေကိုပဲ အသုံးပြုစေချင်တာဖြစ်တယ်။ မိတ္တူဆိုတာ အခြေအနေ တော်တော်များများမှာ သုံးရတာအဆင်ပြေပေမယ့်၊ ဘဝရဲ့ ရွေးချယ်မှုတစ်ခု၊ အဆုံးအဖြတ်တစ်ခု၊ ဘဝအတွက် အပြောင်းအလဲတစ်ခု ဖြစ်လာဖို့ရှိတဲ့အခါမှာ မူရင်းကပဲ ရွေးချယ်ပေးတယ်။ ဆုံးဖြတ်ပေးတယ်။ မူရင်းကပဲ ပြောင်းလဲစေတယ်။ မိတ္တူတွေ အများကြီးရဖို့ လွယ်ကူနေတဲ့အချိန်မှာ၊ မူရင်းတစ်ခုရဖို့က အင်မတန်မှ ခက်ခဲတာဖြစ်တယ်။

ဘာကြောင့်လဲဆိုတော့ မူရင်းက တန်ဘိုးပိုကြီးမားလို့ဖြစ်တယ်။ ဘုရားသခင်က ပထမဦးဆုံး လူသားကို မြေမှုန့်ကနေ ဖန်ဆင်းတဲ့အခါမှာ၊ သူ့ရဲ့နှာခေါင်းထဲကနေ ဇီဝဆိုတဲ့အသက်ကို မှုတ်သွင်းပေးလိုက်တဲ့အချိန်မှာ လူဟာ အသက်ရှင်လာတာဖြစ်တယ်။ ဘုရားသခင် နားလည်စေချင်တဲ့ အရာတစ်ခုက၊ ဇီဝအသက်ဆိုတဲ့ သူ့ရဲ့သဘောသဘာဝ၊ သူ့ရဲ့နှလုံးသားမျိုးကို ထည့်ပေးလိုက်တာဖြစ်တယ်။ ကြင်နားခြင်း၊ သနားခြင်း၊ ကူညီးပေးခြင်း၊ ပေးကမ်းခြင်းဆိုတာမှစ ကြီးမားကျယ်ပြန့်လှတဲ့ သူ့ရဲ့နှလုံးသားမျိုးကို ပေးထားတာဖြစ်တယ်။

မှန်ကိုကြည့်ဖို့ ဘယ်တော့မှမမေ့ပါနဲ့

Written by Saya Luka. Posted in Spiritual Words

ဟေဗြဲသြဝါဒစာ ၄း၁၂ (ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနဲဲ့ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ အသက်နှင့်စိတ်ဝိညာဉ်ကို၄င်း၊ အရိုးဆစ်နှင့်ခြင်ဆီကို၄င်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။)

မှန်ဆိုတာ သူအတွက်ထားတာ မဟုတ်ဘူး။ ကြည့်တဲ့သူအတွက်ထားတာ ဖြစ်တယ်။ ကိုယ့်ရဲ့ မလိုအပ်တဲ့အရာနဲ့ လိုအပ်နေတဲ့အရာတွေ၊ မှားနေတဲ့အရာတွေကို တွေ့မြင်ပြီး၊ အကောင်းဆုံးအနေအထားကို ရောက်ရှိဖို့အတွက် ပြန်လည် ပြုပြင်ပေးဖို့ဖြစ်တယ်။ ဒီကနေ့ ကျွန်တော်တို့ သိမြင်၊ ခံစား၊ တွေ့ကြုံတဲ့ အရာတွေက၊ ကျွန်တော်တို့ရဲ့ မလိုအပ်တဲ့အရာတွေကို အကုန်လုံး မဖယ်ရှားပေးနိုင်သလို၊ လိုအပ်နေတဲ့အရာတွေအတွက်ကိုလဲ အပြည့်အဝ မဖြည့်ဆည်းပေးနိုင်ဘူး ဖြစ်နေတယ်။ မှားနေတဲ့ ကျွန်တော်တို့ရဲ့ အခြေအနေတွေအတွက် ကိုယ့်ဟာကိုယ် ထိန်းချုပ်နိုင်ဖို့ လမ်းညွှန်ချက်ကိုသာပေးပြီး၊ အမှန်ကိုရောက်ဖို့ မကူညီ၊ မကယ်တင်ဘူးဖြစ်နေတယ်။

ရေပေါ်မှာ လမ်းလျှောက်သူများ

Written by Rev. Roija. Posted in Spiritual Words


မဿဲ ၁၄:၂၉ - လာခဲ့လော့ဟု မိန့်တော်မူ၏။ပေတရုသည် လှေပေါ်ကဆင်း၍ ယေရှုထံသို့ ရောက်အံ့သောငှာ ရေပေါ်မှာလှမ်းသွား၏။

ကျမဘဝမှာ အရင်တုန်းက တပည့်တော်တွေထဲမှာ ပေတရုဟာ တစ်ဦးတည်းသော ရေပေါ်မှာ လမ်းလျှောက်သူ အဖြစ် ခွန်အားရခဲ့တယ်။ ယေရှုအားဖြင့် သဘာဝလွန်ဖြစ်ရပ် ဖြစ်ခဲ့တယ်။ တစ်နေ့ ဘုရားသခင်က ပေတရုတစ်ယောက်ထဲ ရေပေါ်မှာ လမ်းလျှောက်တာမဟုတ်ဘူး သင်လည်း ရေပေါ်မှာ လမ်းလျှောက်သူဖြစ်တယ် လို့ ပြေ ာလာတော့ အံ့သြသွားတယ်။ ဘယ်တုန်းက လျှောက်လို့လဲလို့ စဉ်းစားမိတယ် ဒါနဲ့ ဘုရားသခင်က ရေလို့ဘဲမစဉ်းစားနဲ့လေ ရေပေါ်မှာ လမ်းလျှောက်လို့မရဘူး သဘာဝလွန် ဖြစ်ရပ်ဖြစ်တယ် သင့် ဝင်ငွေ မလုံလောက်ဘူး ဒါပေမယ့် လတိုင်း ဝစွာစားရတယ်။ အခြေအနေတွေက မဖြစ်နိုင်ဘူး။ ဒါပေမယ့် အဆင်ပြေနေတယ်။ ဒါတွေဟာ သဘာဝလွန်ဖြစ်ရပ်ဖြစ်တယ်။ ဘဝမှာ မဖြစ်နိုင်သောအရာတွေ မဖြစ်နိုင်သောအခြေအနေတိုင်းမှာ နေ့စဉ် ခရစ်တော်အားဖြင့် ဖြစ်တည်နေတာ ရေပေါ်မှာ လမ်းလျှောက်နေတာဖြစ်တယ်လို့ ဖော်ပြလာတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော် ချီးမွမ်းပါတယ်။ (၁ကော ၁၂ :၉) ငါ့ကျေးဇူးသည် သင့်အတွက် လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်း အဖြစ်၌ စုံလင်တတ်၏။

စိတ်နှလုံးကောင်းစားတယ်ဆိုတာ

Written by Rev Mang Uap. Posted in Spiritual Words

က ၄၅:၅
"သို့ ရာတွင် သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ ရောင်းလိုက်မိသော ကြောင့် စိတ်မညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရားသခင်သည် လူတို့အသက်ကို စောင့်မစေခြင်း ငှါ သင်တို့ရှေ ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။"

ရိုးသားတဲ့ယောသပ်..နှလုံးသားဖြူစင်လွန်းတဲ့ယောသပ်..အစ်ကိုတွေရဲ့ မုန်းတီးမှုတွေကြောင့်အရောင်းစားခံခဲ့ရပေမယ့် သူ့ဘဝဟာအဆုံးသတ်မသွားဘူး။ လောကဓံရဲ့ အလှည့်အပြောင်းတွေကြားမှာ နားမလည်အောင်ခံစားခဲ့ရပေမယ့် မိုးခါးရေတွေသောက်ရင်း ဘုရားသခင်နှင့်အတူ နေ့ညတွေဖြတ်သန်းခဲ့တယ်။
တစ်နေ့ ချီးမြှောက်ခြင်းခံရတဲ့နေ့..ဘုရားရဲ့လက်တော်သူ့အပေါ်ကျရောက်တဲ့နေ့ လူတစ်ကာရဲ့ ကြည်ညိုခြင်း အရိုအသေပေးခြင်းတွေခံရတဲ့နေ့.. နှိပ်စက်ခဲ့တဲ့အစ်ကိုတွေ ဒူးထောက်လို့အကူအညီတောင်းရတဲ့နေ့ရောက်လာတော့ သူ့နှလုံးသားဟာ အရင်တုန်းကလိုပဲ ..။ ဒုက္ခရောက်နေတဲ့အစ်ကိုတွေ.. သူတို့အပြစ်ကိုနောင်တရနေတာကို သိနေခဲ့တဲ့အခါ..သူ့အပေါ်လုပ်ရက်ခဲ့တဲ့ရက်စက်တတ်တဲ့အစ်ကိုကြီးများအပေါ် မေတ္တာစကားကိုပြောနိုင်ခဲ့တယ်..။

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm