slide 1

 

မှောင်မိုက်ကြီးလေလေ အလင်းပိုလိုအပ်လေလေ

Written by Rev Mang Uap. Posted in Spiritual Words

ဘဝမှာ ကြုံတွေ့ရသောဆိုးဝါးသောအခြေအနေများတွင် ဘုရားမရှိဘူးလား..မသိဘူးလားဟု ခံစားမိကြပါသည်။ ဘာကြောင့်လဲ ဆိုသောမေးခွန်းများရှိတတ်ပြီး ဘုရားကမတရားတာကိုဘာလို့ခွင့်ပြုရသလဲဟု မေးမိတတ်သည်။
၁. ဆိုးရွားသောကိစ္စများသည် ဘုရားဆီကမလာပါ။ ဘုရားသည်ကောင်းမြတ်သောဘုရားဖြစ်ပြီး မကောင်းတာတစ်ခုမှလုပ်လို့မရပါ။
၂. လောကတွင်အပြစ်တရားစိုးမိုးနေပြီး ထိုအကျိုးဆက်ကြောင့် လူကောင်းများလည်း ရောဂါဆိုးများရကြသည်။ မာရ်နတ်လက်အောက်တွင်ကျရောက်နေသောကမ္ဘာကြီးတွင်လူတွေသည်ပိုမိုဆိုးညစ်လာကြောင်းတွေ့ရသည်။
ထိုသူတို့သည်အကြောင်းမရှိဘဲ လူတွေကိုလိုက်လံဒုက္ခပေးတတ်သည်။
၃. လောကနိုင်ငံတစ်ခုလုံးသည် ဘုရား၏ကယ်မခြင်းကျေးဇူးကို မျှော်လင့်နေကြပြီး ထိုအမှုကိုပြုမည့်သူများသည် ဘုရားသားသမီးများဖြစ်ကြသည်။
ထို့ကြောင့် "ထလော့၊လင်းလော့။ သင်၏အလင်းရောက်လာပြီ။ ထာဝရဘုရား၏ဘုန်းတော်သည် သင့်အပေါ်မှာ ပေါ်ထွန်းလျက်ထင်ရှားပြီ။" (ဟေရှာယ ၆၀:၁)

By Rev. Mang Uap (June1st, 2016)

ယုံကြည်ခြင်းနဲ့စောင့်စားခြင်း

Written by Super User. Posted in Spiritual Words

ဟေဗြဲ၁၁:၃၈" ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်း မရှိဟု ဘုရားသခင်အမိန့်တော် ရှိ၏။"စောင့်တယ်ဆိုတာ ဘယ်သူမှမလုပ်ချင်တဲ့အရာတစ်ခု..ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ရဲ့ဗိုက်ထဲက ထွက်လာမယ့် ကလေးဟာစောထွက်လာလို့မရသလို..(၉)လဆိုတဲ့အချိန်ကာလတစ်ခုကိုစောင့်ရတယ်..ယောသပ်ဟာ အိပ်မက်ရပေမယ့် ပြည့်စုံမယ့်အချိန်တစ်ခုကိုစောင့်ရတယ်။ အာဗြဟံဟာ ကတိရပေမယ့် ပြည့်စုံလာဖို့ စောင့်ခဲ့ရတယ်။ ထိုကာလမှာမျှော်လင့် လျက်သည်းခံရတယ်..စိတ်ရှည်ရတယ်။

ဝိညာဉ်ဆန်တယ်ဆိုတာ

Written by Super User. Posted in Spiritual Words

ယာကုပ်၁:၁၆ "ငါချစ်သော ညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှ တို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍ ၊ အထက်အရပ်မှ လာကြ၏။ "

ဘုရားသခင်ဆီက ကောင်းတဲ့စိတ်ကူး အတွေးလေးတွေဝင်လာတတ်ပါတယ်။ အဲဒီအတွေးကို အမိအရဖမ်းဆုပ်ပြီး တစ်စုံတစ်ခုစတင်လုပ်ဆောင်ရင် အင်မတန်ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ရရှိမှာဖြစ်တယ်။ဥပမာ- လျှပ်စစ်မီးတီထွင်ခဲ့တဲ့ အက်ဒီဆင်လိုမျိုး လောကကမ္ဘာကြီးအတွက်အကျိုးပြုမယ့်အလုပ်တွေ လုပ်မိသူအဖြစ်သမိုင်းမှာကျန်ရစ်မယ်။ ပူအိုက်တဲ့ရာသီဥတုအတွက်လေအေးစက်ထွင်ပေးတဲ့လူတွေလိုပေါ့... လူတွေကအမှုတော်ဆောင်လို့ပြောရင် ဆုပဲထိုင်တောင်း၊ ကျမ်းစာကိုင်ပြီး တရားဟော ရမယ့်သူလို့ပဲတွေးမိတယ်။

နေရာနှင့်မဆိုင်ပါ အလုပ်ပြီးဖို့ဘဲ

Written by Super User. Posted in Spiritual Words

ယောဟန် ၁၇: ၄ - အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါပြီ။ အကျွန်ုပ် ဆောင်ရွက်စရာဘို့ အကျွန်ုပ်၌အပ်ပေးတော်မူသော အမှုကို အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။
အရင်တုန်းက ဘဝမှာ မြန်မာပြည်သားဖြစ်ရတာ။ မြန်မာပြည်မှာနေရတာ ကို ကျေးဇူးတော်မချီးမွမ်းနိုင်ခဲ့ဘူး။ လူတိုင်းအားကျတဲ့ နိုင်ငံကြီးမှာ ဘာလို့ မမွေးတာလဲ။အဲဒီနိုင်ငံတွေမှာ ဘာလို့မနေရတာလဲ အားငယ်မိပါသည်။ နိုင်ငံကြီးမှာနေသူတွေကိုအားကျမိခြင်းဖြစ်သည်။ သူတို့က အဆင့်မြင့်ပြီး ကိုယ်က အဆင့်နိမ့်သလိုခံစားခြင်းဖြစ်သည်။

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm