slide 1

 

အမြဲတမ်းအတူရှိနေသူ

Written by Super User. Posted in Spiritual Words

မ ၂၈း၂၀
လူတိုင်းသည် မိမိဘဝအသက်တာတွင် အခက်အခဲ မကြုံဘူးသူဟူ၍ မရှိပေ။ ထိုအချိန်တွင် အဘယ်အရာကို ခိုလှုံကိုးစားကြပါသနည်း။ ဘဝ၏မုန်တိုင်း လှိုင်းတံပိုးကြားထဲတွင် မတုန်မလှုပ် အစဉ်တည်မြဲ ခိုင်မာသော ကျောက်ဆောင်တစ်ခု ရှိနေမည်ဆိုပါက အဘယ်မျှပင် ခိုလှုံကိုးစားရန် သင့်လျော်ပါမည်နည်း။ ထိုအရာသည် ငြိမ်သက်ဝမ်းမြောက်ခြင်းကို အစဉ်ပေးစွမ်းနိုင်မည် ဖြစ်သည်။လူများစွာတို့သည် မိမိတို့ထက်သာ၍ စွမ်းဆောင်နိုင်သောလူများ၊ မိမိတို့ ပိုင်ဆိုင်ထားသော ဥစ္စာရတနာ အဖိုးတန်ပစ္စည်းများကို မှီခိုအားထားတတ်ကြသည်။ အချစ်ဆုံးသော မိဘများသည်ပင် ကျွန်ုပ်တိုနှင့် ထာဝစဉ်အတူ မရှိနိုင်သကဲ့သို့၊ ဇနီးခင်ပွန်း သားသမီးများကိုလည်း ထာဝရပိုင်ဆိုင်၍ မရပါ။ ရာထူးနှင့်ဂုဏ်ပကာသနများကို ထာဝစဉ် အသုံးပြု၍ မရသကဲ့သို့၊ ဥစ္စာစည်းစိမ်များကိုလည်း မကြာမှီတွင် အခြားသူတစ်ဦးထံတွင် ထားခဲ့ရမည်သာဖြစ်သည်။

အရင်းအမြစ်

Written by Rev Mang Uap. Posted in Spiritual Words

၁ယော ၄း၁၉
အရာခပ်သိမ်းတွင် ထိုအရာအသီးသီးတို့၏ အရင်းအမြစ်သည် အရေးကြီးဆုံး ဖြစ်သည်။ ဥပမာအားဖြင့် အပင်တစ်ပင်၏ အသီးကောင်းစွာ သီးနိုင်ခြင်း၊ မသီးနိုင်ခြင်းမှာ ထိုအပင်၏ အမြစ်သည် အဓိကအရေးကြီးဆုံး ဖြစ်သည်။ ထိုအမြစ်များသည် ရေနှင့်မြေသြဇာကို ကောင်းစွာ ရရှိပါက မိိမိအလိုအလျောက် အားထုတ်ရန်မလိုပဲ အသီးသီးလာမည် ဖြစ်သည်။ ပညတ်တရားအောက်တွင် အကြီးမြတ်ဆုံးသော ပညတ်နှစ်ခုမှာ ဘုရားကိုချစ်ရန်နှင့် လူကိုချစ်ရန်ဖြစ်သည် (မ ၂၂း၃၆-၄၀)။

ငြိမ်သက်ခြင်း

Written by Rev Mang Uap. Posted in Spiritual Words

(ယော၁၄:၂၇) "ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။

ကမ္ဘာလောကကြီးက သင့်ကို စစ်မှန်တဲ့ငြိမ်သက်ခြင်းမပေးနိုင်ပါ။ လူတစ်ချို့က ငွေရှိရင် ငြိမ်သက်မှာပဲလို့ထင်တယ်။တစ်ချို့ကတော့ အိမ်ရှိရင်၊ကားရှိရင် စသဖြင့်ပြောကြသည်။အတိုင်းအတာတစ်ခုအထိတော့မှန်ပါသည်။ငွေရှိရင် စိုးရိမ်စရာတော့မလိုပေ။ အရေးရယ်အကြောင်းရယ်ဆို စိတ်အေးရသည်။ သို့သော် ငွေရှိလို့ငြိမ်သက်ခြင်းရှိနေတာတော့မဟုတ်ပါ။ ငွေကြောင့်စိုးရိမ်သောကဖြစ်ပြီးအိပ်ရေးပျက်တဲ့သူပင်ရှိသည်။ ငါ့ငွေသူခိုးများခိုးသွားမလား..ဓမြအတိုက်ခံရမလားနဲ့.. မှတ်မှတ်ရရ..မြန်မာပြည်အစိုးရက ၂၅ကျပ်တန်၊ ၃၅ ကျပ်တန် ၇၅ကျပ်တန် ငွေစက္ကူတွေ တရားမဝင်ငွေအဖြစ်ကြော်ငြာလိုက်တုန်းက ကိုယ့်ငွေသေတ္တာကိုဖွင့်ကြည့်ပြီး အသက်တစ်ခါတည်းပါသွားတဲ့ သူပင်ရှိခဲ့သည်။

နာခံခြင်း၏အကျိုး

Written by Rev Mang Uap. Posted in Spiritual Words

ခရစ်ယာန်အသက်တာအတွက် အဓိကနှင့်အခြေခံကျသောအုတ်မြစ်မှာ "ယုံကြည်ခြင်းနှင့်နာခံခြင်းဖြစ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အသက်တာအတွက် အကောင်းဆုံးကိုသိမြင်တော်မူပြီးကျွန်ုပ်တို့အတွက် အကောင်းဆုံးကိုသာကြံစည်တော်မူသည်။ ဆာလံ ၁၃၉း၁၇-၁၈တွင် ဆာလံဆရာက "အိုဘုရားသခင်၊ အကျွနု်ပ်၌ ကိုယ်တော်၏ အကြံအစည်တို့သည် အလွန် ထူးဆန်းကြပါ၏။ အလွန် များပြားကြပါ၏။ထိုအကြံအစည် တော်တို့ကို ရေတွက်လျှင်၊ သဲလုံးနှင့်အမျှမက သာ၍ များပြားကြပါ၏။ အကျွနု်ပ်သည် နိုးသော အခါ ကိုယ်တော်ထံ၌ အစဉ်ရှိပါ၏"ဟု ဆိုထားပါသည်။ မှန်ပါသည်။ထိုအကြံအစည်တော်များပြည့်စုံ နိုင်စေရန် အတွက် ကျွန်ုပ်တို့ဘက်မှ သခင်တောင်းဆိုသောအရာမှာ သူ့အားယုံကြည်ရန်နှင့် နာခံရန်ပင်ဖြစ်ပါသည်။ထိုသို့ပြုနိုင်ရန်အတွက်မူ ကိုယ်တော်၏ ဘုရားဖြစ်တော်မူခြင်းဂုဏ်အင်္ဂါတော်ကို သံသယမရှိရန်လိုအပ်ပါသည်။

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm