slide 1

 

ဘုရားအခွင့်ပေးသလောက်ပဲ

Written by Rev Mang Uap. Posted in Spiritual Words

လောကလူသားအားလုံးအတွက် ခရစ်တော်ဘုရားအသေခံဖို့ဆိုတာ ခမည်းတော်ဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်။ အသေခံခြင်းအတွက် အပ်နှံတဲ့သူ၊ရောင်းစားတဲ့သူ၊ဆုံးဖြတ်ချက်ချသူတွေဆိုကလည်း အလိုတော်ထဲမှာ သူခွဲခန့်ပြီးသားပါ။ ရန်သူများလက်မှာအပ်နှံခြင်းခံမယ်။ကဲ့ရဲ့ခြင်းခံမယ်။ နှိပ်စက်ခြင်းခံမယ်။အသေခံမယ်။အသက်စွန့်မယ်ဆိုတာလည်းကြိုတင်ဟောပြောပြီးသားပါပဲ။ ဒါပေမယ့် ဒီအရာတွေပြည့်စုံလာဖို့အတွက်ဆိုရင် ပါဝင်မယ့်သူရဲ့ရွေးချယ်မှုလည်းလိုပါတယ်။

သိုးထိန်းနဲ့သိုးများ

Written by Rev Cin Kim Pau. Posted in Spiritual Words

John 10:2-5
၂ သိုးထိန်းမူကား၊ တံခါးဝဖြင့်ဝင်တတ်၏။ ၃ ထိုသူအား တံခါးစောင့်လည်းဖွင့်တတ်၏။ သူ၏စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏။ သူသည်မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ ထုတ် ဆောင်တတ်၏။ ၄ သိုးများကိုထုတ်သော အခါ သိုးတို့ရှေ ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသော ကြောင့် လိုက်တတ်ကြ၏။ ၅ မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသော ကြောင့်၊ မဆိုင်သောသူ နောက်သို့ မလိုက်ဘဲ ပြေးတတ်ကြသည် ဟုမိန့်တော်မူ၏။

သိုးများသည်သိုးထိန်းနောက်သို့လိုက်ရပါမည်။ ထာဝရဘုရားသည်ကျွန်ုပ်တို့၏သိုးထိန်းဖြစ်သောကြောင့်သူ့နောက်သို့လိုက်ရပါမည်။

ဘုရားသခင်နဲ့ ရင်းနှီးအကျွမ်းဝင်ပါ

Written by Rev Cin Kim Pau. Posted in Spiritual Words

ယောဘဝတ္တု ၂၂:၂၁ ဘုရားသခင်နှင့် အကျွမ်းဝင်၍  မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်း သို့ ရောက်ရလိမ့်မည်။

ကောင်းကြီးမင်္ဂလာအားလုံး၏မူလအရင်းအမြစ်ဖြစ်သည် ကောင်းကင်ဘုံအဖဖြစ်ကြောင်းအရင်သိ ဘို့လိုအပ်ပါသည်။ ဘဝမှာကျွန်ုပ်တို့ ရရှိသောကောင်းကြီးမင်္ဂလာများသည် ကိုယ့်ရဲ့အစွမ်းအစ၊ ကိုယ့်ရဲ့အရည်အချင်းများကြောင့်မဟုတ်ပါ။ ကောင်းကင်ဘုံအဖ ကြောင့်သာဖြစ်ပါသည်။ ဘဝမှာတကယ်ကောင်းစား ချင်ပါက ကောင်းကင်ဘုံအဖနဲ့ ရင်းနှီးအကျွမ်းဝင်ဖို့လိုအပ်ပါသည်။ ထိုသို့ ရင်းနှီးအကျွမ်းဝင်ဖို့ရန် ဘုရားသခင်နဲ့ အချိန်ယူဖို့လိုပါသည်။ ဘုုရားကိုုသိကျွမ်းလေလေ သင်သည် လည်း ကောင်းစားလာလေလေ ဖြစ်လာမည်။

ခွင့်လွှတ်ခြင်း

Written by Super User. Posted in Spiritual Words

အပိုင်း(၁)
ခွင့်လွှတ်ခြင်းဆိုတာ လူတိုင်းရင်ဆိုင်ရတဲ့အခက်အခဲတစ်ခု ဒါကိုဘယ်လိုကျော်လွှားအောင်မြင်မလဲ။ မသဲ ၁၈ ကို အောက်ပါအတိုင်းဖော်ပြလိုပါသည်။

၁။ခွင့်လွှတ်ခြင်းဆိုသည်မှာ အပြစ်လွှတ်ခြင်းမဟုတ်ပါ။ လူအများစုကခွင့်လွှတ်ရန်ငြင်းဆန်ကြသည်။ထိုအရာနှင့်ပတ်သက်၍သဘောပေါက်မှားသောကြောင့်ဖြစ်သည်။ သခင်က ရန်သူအားခွင့်လွှတ်ပြီးချစ်ရန်ပင် မိန့်ကြားခဲ့ရာ..
၂။ခွင့်လွှတ်ခြင်းဆိုသည်မှာ လူတစ်ဦး၏ အပြစ်ကိုဆေးကြောဖြေလွှတ်လိုက်ခြင်းမဟုတ်ပါ။သင့်ကိုနက်ရှိုင်းစွာဒဏ်ရာရရှိစေသူကို ခွင့်လွှတ်ခြင်းဆိုသည်မှာသူတို့အပြစ်များကိ်ုဖြေလွှတ်လိုက်ပြီဟုကြေငြာခြင်း လည်းမဟုတ်ပါ။ ထိုအမှုသည် ထိုသူနှင့် ဘုရားသခင်နှင့့်သာဆိုင်ပြီး သင့်အပေါ် ကျူးလွန်သောအမှု အတွက် ဘုရားသခင်ထံတွင် သူတို့တာဝန်ယူရပေသည်။ မကြာခဏ ဆိုသလို လူတို့ခွင့်မလွှတ်လိုခြင်းမှာ ထိုသို့ပြုလုပ်ခြင်းအားဖြင့် လက်နက်ချ အရှုံးပေး၍ထိုသူကိုအောင်နိုင်ခွင့်ပေးသည်ဟုခံစားသောကြောင့်ဖြစ်သည်။

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm