Parakletos


Bookmark

Review

(19) October 5, 2008(M) Holy Spirit (Part-1)
Short Note:
သန့်ရှင်းသော ၀ိညာဉ်တော် (၁)
အခြေပြုကျမ်း - တမန်-၈း၁
ကျွန်ုပ်တို့အား တန်ခိုးပေးသောသူကား သန့်ရှင်းသော ၀ိညာဉ်တော်ဖြစ်သည်။ ထိုသန့်ရှင်းသောဝိညာဉ်တော်ကား သုံးပါးတစ်ဆူဘုရားတည်းဟူသော
ခမည်းတော်၊ သားတော်နှင့် တတိယပုဂ္ဂိုလ် ဖြစ်သည်။ သူကိုယ်တိုင်သည် ထာဝရဘုရားဖြစ်တော်မူသည်။ ကျမ်းစာကို ကြည့်ပါက ခမည်းတော်၏ လှုပ်ရှားမှုကို
ဓမ္မဟောင်းကျမ်းတွင်တွေ့ရပြီး၊ သားတော်၏ လှုပ်ရှားမှုအား ခရစ်ဝင်ကျမ်း(၄)ကျမ်းဖြစ်သော မဿဲ၊ မာကု၊ လုကာ၊ ယောဟန် ကျမ်းတို့တွင်တွေ့ရှိရသည်။
ခရစ်တော်ကောင်းကင်ဘုံသို့ တက်သွားပြီး (၁၀)ရက်တွင် ဂျေရုဆလင်မြို့၊ အထက်ခန်းမတွင် သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာခဲ့သည်။
ယောလအနာဂတ်တိကျမ်းတွင်ရေးသားထားသည့်အတိုင်း နောက်ဆုံးသော ကာတွင် လူယောင်္ကျား၊ လူမိန်းမတို့အပေါ် ငါ့ဝိညာဉ်သွန်းလောင်းမည် ဟူသော
ကျမ်းစကားယနေ့ပြည့်စုံလာခြင်းဖြစ်သည်။ ၀ိညာဉ်တော်ကို မူရင်း ဂရိစကားအရ Parakletos ဟုခေါ်သည်။ အဓိပ္ပါယ်ကား ကျွန်ုပ်တို့အား ကူညီမစရန် အနားမှာ
အဆင်သင့် အမြဲရှိသောသူ ဟူ၍ဖြစ်သည်။ ထို့ကြောင့် ယနေ့ ခရစ်တော်ကို ရရှိသော ယုံကြည်သူသားသမီးတိုင်းအတွက် ထို Parakletos သည် အမြဲအသင့်ရှိနေခြင်းဖြစ်သည်။

Comments
Hits 1371

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm