တမလွန်အတွက်အာမခံချက်ပေးသူ
လူ့အသက်ဟာအမြဲဘူး ဘယ်အချိန်လမ်းဆုံးမလဲ မသိနိုင်ပါဘူး။ လမ်းဆုံးရင် ဘယ်ရောက်မလဲ။ ကောင်းတဲ့နေရာရောက်မှာလား။ မကောင်းတဲ့နေရာလား။ သေချာတာကတော့ လမ်းဆုံးရင်တော့ သိလိမ့်မည်။ ကောင်းကင်ဘုံလား။ ငရဲလား။ ကောင်းတာလုပ်ရင် ကောင်းတဲ့နေရာရောက်မည်တော့လူတွေပြေတယ်။ ဒါပေမယ့် ကောင်းတာဘယ်သူလုပ်နိုင်သလဲ။ ဘယ်လောက်ကော လုပ်နိုင်သလဲ။ ဘုရားတရားကို အသက်ကြီးတဲ့အလါနှာလုပ်မယ်တော့ပြောကြတယ်။ အသက်မကြီးခင်သေရင်ရော။ ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိသာတဲ့လေ။ ဘယ်ကောင်းမှုလုပ်နိုင်စေဦး၊ ငရဲကနေမလွတ်နိုင်ပါဘူး။ နေ့တိုင်း ကာယကံ၊ ၀စီကံ၊ မနောကံ စတဲ့ ကံ ငါးပါးနှင့်ကျူးလွန်နေကြတာပါပဲ။
အပြစ်ဆိုတာလုပ်မှအပြစ်သားဖြစ်သွားတာမဟုတ်ပါ။ မွေးကတည်းက အပြစ်ဗီဇနဲ့မွေးလာလို့ အပြစ်လုပ်တတ်တာဖြစ်တယ်။ ဥပမာ-မိဘကHIVရောဂါပိုးရှိနေရင် ကလေးဟာ အဲ့ရောဂါနဲ့မွေးလာတာဖြစ်တယ်။ သူဘာမှမလုပ်ဘဲနဲ့ ရောဂါရပြီးသားဖြစ်နေတယ်။ ငါးကိုရေကူးသင်စရာမလိုသလို အပြစ်သားကိုလည်း အပြစ်လုပ်တတ်အောင်သင်စရာမလို..။
ဒါကြောင့် လိမ်တတ်၊ညာတတ်၊အပြစ်လုပ်တတ်တာဖြစ်တယ်။ ဒါကြောင့်အသက်တွေကြီးလာတာနဲ့အမျှ အပြစ်တွေများလာတာဖြစ်တယ်။ အပြစ်မရှိသူတစ်ယောက်မှမရှိ။ လောကမှာ ပြစ်မှုတစ်ခုကျူးလွန်မိတဲ့အခါ တရား ရုံးမှာ စီရင်ချက်ချခံရတယ်။ ဘာကြောင့်လဲဆိုရင် ဥပဒေဆိုတာရှိနေလို့ဖြစ်တယ်။ တရားသူကြီးက တရားခံကို လွှတ်ပေးချင်ရင်တောင်လွှတ်လို့မရတာ ဟာ မချစ်လို့မဟုတ်၊ မသနားလို့မဟုတ်။ တရားသဖြင့်စီရင်ချက်ချရလို့ဖြစ်တယ်။ ထို့နည်းအတိုင်းပဲ အပြစ်တစ်ခုလုပ်ရင်တောင် ဒဏ်ခံရတယ်ဆိုရင် ကျွန်မတို့ နေ့စဉ်ရက်ဆက်ပြုလုပ်တဲ့အပြစ်တွေအတွက် စီရင်ချက်ချခံရမယ်ဆိုရင် ငရဲကလွဲလို့လွတ်လမ်းမရှိတော့ပါ။ ထောင်ကျတဲ့သူတွေဟာ အပြစ်များကြီးကျူးလွန်သူတွေဖြစ်နေကြသလို၊ပြစ်မှုတစ်ခုနဲ့လည်းကျနေသူတွေဖြစ်နေတယ်။
ဘုရားဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်လို့ သမ္မာကျမ်းစာမှာဖော်ပြထားတယ်။ ဒါကြောင့်သူဟာ လူကိုတရားမစီရင်ချင်ဘူး။သို့သော်အဲဒီကျမ်းစာကပဲပြစ်မှားခြင်းအပြစ်တို့ကိုအချည်းနှီးသက်သက်ဖြေလွှတ်တော်မမူသောဘုရားသခင်လို့လည်း ဖော်ပြထားပါတယ်။ဒါကြောင့်အပြစ်ကိုလွှတ်ချင်ပေမယ့် သူ့ရဲ့ဖြောင့်မတ်ခြင်းကြောင့် တရားစီရင်ရတာဖြစ်တယ်။ ကျမ်းစာကတော့ “အပြစ်ရဲ့အခဟာသေခြင်း”ဖြစ်တယ်လို့ဖော်ပြထားတယ်။ဒါကြောင့် ပြစ်မှားတဲ့ဝိညာဉ်ဟာ အမှန်သေရမှာဖြစ်တယ်။
ဘုရားကသင့်ကိုချစ်တဲ့အတွက် မသေစေချင်ဘူး။ သင့်ကို အပြစ်ဒဏ်မခံစေချင်ဘူး။ ဒါကြောင့်သူဟာ သူ့ရဲ့တစ်ပါးတည်းသားတော်ယေရှုခရစ်ကို ဤလောကထဲစေလွှတ်ကာ အပ္ပါယ်လားရမယ့် လူသားများကို အသေခံကာရွေးနှုတ်ကယ်တင်လိုက်တာဖြစ်တယ်။ လှေမျောရင် လှေနဲ့လိုက်..ငွေမျောရင် ငွေနဲ့လိုက်ရသလိုပဲ..လူမျောတဲ့အခါ လူနဲ့လိုက်ရတယ်။
အပြစ်ထဲမှာ မျောနေတဲ့လူသားတွေကို ကယ်တင်ဖို့ရန် အတွက် ဘုရားသားတော်ဟာ လူ့ဇာတိခံယူပြီးလောကထဲကြွဆင်းခဲ့တာဖြစ်တယ်။ ထောင်ကျမယ့်သူကို အာမခံပေးဖို့ဆိုရင် အပြစ်သားအချင်းချင်းလုပ်ပေးလို့မရသလို ၊အပြစ်ရှိသူအချင်းချင်းအပြစ်ဒဏ်ကနေလွတ်အောင်မကယ်ပေးနိုင်ဘူး။ အပြစ်မရှိသူက အာမခံနဲ့ရွေးယူရသလို အပြစ်မဲ့တဲ့ယေရှုဘုရား လူသားတွေအတွက် မိမိအသက်နဲရွေးယူအာမခံပေးလိုက်တာဖြစ်တယ်။ အပြစ်ရဲ့အခ ပေးရမယ့်ဒဏ်အားလုံးကို သူကခံယူသွားတယ်။
လွန်ခဲ့တဲ့အနှစ်၂၀၀၀က ကရာနီလို့ခေါ်တဲ့အရပ်မှာ အသွေးသွန်းလောင်းပြီး အပြစ်စီရင်ခြင်းဒဏ်ကိုခံယူခဲ့တယ်။ လူသားတွေအသက်အတွက် သူ့အသက်ကိုပေးဆပ်လိုက်တယ်။ ကမ္ဘာလူသားအားလုံးအပြစ်ကြောင့်ငရဲကျစရာမလိုတော့ဘူး..။ သူကကိုယ်စားခံယူသွားပြီ။ ပြီးရင် သူဟာ အမှုပြီးပြီလို့ကြွေးကြော်ပြီး အသက်ကိုစွန့်ထုတ်လိုက်တယ်။
ဒီကနေ့ ယေရှုက သင့်ကိုပေးနေတဲ့အရာတစ်ခုကတော့ “ထာဝရအသက်” ပါပဲ။ သူ့ကို ယုံကြည်လက်ခံသူတိုင်းဟာ ထိုအသက်ကိုရတယ်။ အပြစ်စီရင်ခြင်းနဲ့ကင်းလွတ်တယ်။ သင်ကောင်းလို့၊မကောင်းလို့မဟုတ်ပါ။ ယေရှုက သင့်အားကောင်းကင်သွားမယ့်လမ်းခရီးကိုပြင်ဆင်လိုက်ခြင်းသာဖြစ်တယ်။ သူဟာ သေခြင်းကိုအောင်မြင်ကာ သုံးရက်မြောက်သောနေ့မှာ သင်္ချိုင်းဂူပွင့်ကာရှင်ပြန်ထမြောက်ခဲ့ပြီးဖြစ်တယ်။ ရောမ၆:၂၃ “အပြစ်တရား၏ အခကား သေခြင်း ပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူး တော်ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက် ပေတည်း။ “
၁ယော ၅:၁၂-၁၃ “ထိုအသက်သည်လည်း သားတော်၌ပါ၏။ ဘုရားသခင်၏ သားတော်ကိုမရသောသူမူကားအသက်ကိုမရ။ ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင် ရသည်ဟုသိစေခြင်း ငှါ၊ ဤအရာအများကိုသင်တို့အားငါရေး၍ ပေးလိုက်၏။”