ခရစ်တော်၏သံတမန်လူငယ်အဖွဲ့ကို အသင်းတော် စတင်တည်ထောင်သည့်နေ့ ၁၉၈၇ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်တွင်ပင်စတင်ဖွဲ့စည်းခဲ့ပါသည်။ထိုအချိန်တွင် လက်ထောက်သင်းအုပ်ဆရာသိက္ခာတော်ရဆရာဦးခမ်ခန့်ခိုင်မှဦးဆောင်ပြီး ဆရာ ထန်နိုး၊ကိုပါဒု၊ မသိင်္ဂိမော်၊ မသန္တာမော်၊ မခင်စန်းမော် စသည့်(၆)ဦးဖြင့်အစပြုခဲ့ပါသည်။ စတင်တည် ထောင်ချိန်တွင် အလွန်အားနည်းသော်လည်း ယနေ့ ထိတိုင်အောင် ပို့ဆောင်ကောင်းကြီး ပေးနေသော အဖဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

YOUTH CAMP
ဧပြီလသင်္ကြန်ကာလအတွင်း Youth Camp ပြုလုပ်မြဲဖြစ်ပါသည်။ ယခုနှစ် Covid 19 ကပ်ရောဂါကြောင့် မလုပ်ဖြစ်သော်လည်း နောင်နှစ်များတွင် ဆက်လက်လုပ်ဆောင်နိုင်ရန် မျှော်လင့်ဆုတောင်းနေပါသည်။ ဤ Youth Camp အားဖြင့် မြောက်များစွာသော လူငယ်များ ကယ်တင်ခြင်းရရှိကြပြီး၊ ဝိညာဥ်ဆုကျေးဇူး၊ ဝိညာဥ်နှစ်ခြင်းများအားဖြင့် ဘုရားရှင်က လူငယ်များကို ကြီးမားစွာ နိုးထမှုပေးနေပါသည်။

HISTORY MAKER
လူငယ်များ၏ဦးဆောင်မှုအကြီးမားဆုံးထဲက တစ်ခုဖြစ်ပြီး History Maker Conference အားဖြင့် ဂိုဏ်းဂဏအသီးသီးမှ လူငယ်မြောက်များစွာပါဝင်လျက် ဘုရားရှင်ကို ဆာငတ်သောနှလုံးသားနှင့် တိုးဝင်ခွင့်ရရှိသည့် Conference ကြီးလဲဖြစ်ပါသည်။

အပတ်စဉ် လူငယ်လှုပ်ရှားမှာလရောက်ပါဝင်မယ်ဆိုရင်တော့ အပတ်စဉ်စနေနေ့ နံနက် ၁၀း၃၀ မှာ Bible Study ရှိပြီး၊ ညနေ(၁)နာရီမှာ လူငယ်ဝတ်ပြုစည်းဝေးခြင်းရှိပါတယ်။ Tuesday ကတော့ Sport Day ဖြစ်ပါတယ်။ ကြာသပတေးနေ့မှာတော့ ဧဝံဂေလိ လှုပ်ရှားမှုနှင့် Home Visitရှိပြီး၊ သောကြာနေ့ ညမှာတော့ Night Prayer ရှိပြီး ညနေ(၇)မှ ညသန်းခေါင် (၁၂)နာရီထိဖြစ်ပါတယ်။