အသင်းတော် စတင်တည်ထောင်သော အ ချိန်မှစ၍ ဧဝံဂေလိလုပ်ငန်းကို အထူးအာရုံစိုက်လျက်လုပ်ဆောင်ခဲ့ပါသည်။ ဝေစာများဝေငှခြင်း၊ ဆေးရုံများသို့ သွားရောက်ဆုတောင်းပေးကာ ဧဝံဂေလိဝေငှခြင်း၊ နွေရာသီကျမ်းစာသင်တန်းများ၊ သီ တင်းကျွတ်ကျောင်းပိတ်ရက်ကျမ်းစာသင်တန်းများ၊ လေဟာပြင်ဟောပြောပွဲများဖြင့် အခွင့်ရလျှင်ရသလို ဝေငှခဲ့ပါသည်။ နောက်ပိုင်းတွင် အသင်းတော်၏ ဧဝံဂေလိလုပ်ငန်းကဏ္ဍကို ၁-၈-၁၉၉၅ နေ့တွင် ဖွဲ့စည်းခဲ့ပြီး တာဝန်ခံအဖြစ် ဆရာမဂျာမိုင်းမှ ဆောင် ရွက်ခဲ့ပါသည်။
ဆရာမဂျာမိုင်း ဘုန်းတော်ဝင်စားပြီး နောက် ၁၉၉၇ခုနှစ်၊ဇန်နဝါရီလ(၃၀)နေ့မှစ၍ ဧဝံဂေလိတာဝန်ခံအဖြစ် ဆရာကျော်ကျော်ကို ခန့်အပ်ခဲ့သည်။ ဒဂုံမြို့သစ်တောင်ပိုင်း(၅၆)ရပ်ကွက်ရှိ ဦးဒိုးငိုက်လမ့် နေအိမ်ကို ပထမဆုံးဧဝံဂေလိစုရပ်အ ဖြစ်အသုံးပြုကာ ဧဝံဂေလိထိုးဖောက်ခွင့်ရခဲ့သည်။ ထိုမှတဆင့် ရန်ကုန်နယ်နိမိတ်အတွင်း တစ်နေရာပြီး တစ်နေရာ ဧဝံလေိထိုးဖောက်လုပ်ဆောင်ခဲ့ရာ ယခုအချိန်တွင် ဧဝံဂေလိစုရပ်နယ်မြေ (၂၈)နေရာ အထိ တိုးပွားခဲ့ပါသည်။ ဧဝံဂေလိနယ်မြေတာဝန်ခံ များသည် ထိုနယ်မြေအသီးသီးသို့ အပတ်စဉ် စနေ နေ့တိုင်း တစ်အိမ်တက်ဆင်း ဧဝံဂေလိသွားရောက် ဝေငှခြင်း၊ လူနာများအားဆုတောင်းပေးခြင်း၊ လူမှု ဒုက္ခရောက် နေသူများအားကူညီပေးခြင်း၊ လက်ကမ်းစာစောင် များဝေငှပေးခြင်းစသည်တို့ကို ကြိုး စားလုပ်ဆောင် လျက်ရှိကြပါသည်။
ဤဧဝံဂေလိ လုပ်ငန်း၌ နှစ်စဉ်FGBTCကျောင်းသူ/သားများလည်း ကျောင်း သင်ခန်းစာတစ်စိတ်တစ်ပိုင်းအဖြစ် လက်တွေ့ပါဝင် ဆက်က်စေပါသည်။ ယုံကြည် သူလူသစ်များကို Follow up နှင့်ရက်တိုကျမ်းစာ သင်တန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနှင့်ကြာသပ တေး နေ့တိုင်းတွင် ပြုလုပ်ပေးလျက်ရှိပါသည်။