လူကုန်ကူးမှုအန္တရာယ်

လူကုန်ကူးမှုသည် ဆန်းကြယ်သောအရာ မဟုတ်ပါ။ ကျွန်ပြုခြင်းပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာသမိုင်းတွင်ဣသရေလလူမျိုးများ နှစ်ပေါင်း(၄၀ဝ)ကျော် အဲဂုတ္တုပြည်၌ ကျွန်ပြုခြင်း ခံခဲ့ကြရသည်။ ပိုင်ဆိုင်မှုမရှိ၊ မျှော် လင့်ခြင်းမရှိရုံသာမက၊ နေ့စဉ် ညှင်းပန်းနှိပ်စက်မှုအမျိုးမျိုး ကြုံတွေ့ခဲ့ကြရသည်။ ယနေ့အချိန်တွင် ထိုကဲ့သို့သော ကျေးကျွန်စနစ် ပျောက်ကွယ်သွားသော်လည်း၊ ခေတ်သစ်စနစ်ပုံစံဖြင့် လူကုန်ကူးမှုပေါ်လာပါသည်။ မက်လုံးပေး၍ လိမ်လည်လှည့်ဖြားပြီး ပြည့်တန်ဆာပြုခြင်း၊ အဓမ္မစေခိုင်းခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ထုတ်ယူပြီး ရောင်းစားခြင်းစသည်ဖြင့် အမြတ်ထုတ်ကြသည်။ ယနေ့ကမ္ဘာပေါ်တွင် လူ သန်းပေါင်း(၄၅.၈သန်းမျှသည် လူကုန်ကူးခံရကြသည်။နှစ်စဉ်(၁) သန်းမကတိုးလာသည်။ကမ္ဘာ့ (၁၆၇)နိုင်ငံတွင် ကြုံတွေ့လျက်ရှိ ပါသည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြောက်ကိုးရီးယားတို့ပြီးလျှင်၊ မြန် မာနိုင်ငံသည် လူကုန်ကူးမှုအများ ဆုံး အဆင့်(၉)တွင် ရှိနေသည်။ နိုင်ငံရေးမငြိမ်မသက်မှု၊ ပြည်တွင်း ရေးပဋိပက္ခ၊စစ်မက်ဖြစ်ပွားမှု၊ ဆင်းရဲမွဲတေမှုတို့သည်...

Continue reading

FGA သို့သဝဏ်လွှာ

FGAအသင်းတော်နှစ်ပေါင်း ယနေ့တိုင်ပို့ဆောင်ပေးသောဘုရားသခင်ရဲ့ကျေးဇူးတော်ကို အထူးချီးမွမ်းပါသည်။ခက်ခဲမှုမြောက်များစွာကို ရင်ဆိုင် ကျော်လွှားနိုင်သော အစွမ်းသတ္တိ၊ ဘုရားသခင်ကို သာမျက်မှောက်ပြုပြီး ယုံကြည်သူများကိုလက်တွဲကာဆုတောင်းအားပေးသော ဆရာ/မများကို လည်းအထူးဂုဏ်ပြုလိုပါသည်။ ကျွန်တော့်အနေဖြင့် ၁၉၈၉ အစပိုင်းမှ ဘုရားကျောင်းစောင့်(ပြာတာ)လုပ်ဆောင်ရသောအခွင့် ရာထူးကိုရရှိခဲ့ပါသည်။ ရာထူးငယ်သော်လည်း ဆရာ/မများ၏လက်တွဲခေါ် ဆောင်ခြင်းကြောင့်သီချင်းဦး ဆောင်ခြင်း၊ သဘာပတိ၊ဆုတောင်းဦးဆောင်ခြင်း၊ တရားဟောခွင့်ပင်လျှင်ရရှိခဲ့ပါသည်။ ကျွန်တော်၏ အမှုတော်ဆောင်ခြင်းကိုအစပြုခဲ့သောနှစ်အဖြစ် သတ်မှတ်ခဲ့ပါသည်။FGA တိုးတက်ခြင်းအကြာင်းရင်းများစွာမှ ကျွန်တော့်အမြင်တစ်ချို့ကိုရေးသားလိုပါသည်။ ဤအသင်းတော်သည် –(၁) ဘုရားသခင်နဲ့သိကျွမ်းခြင်းနှင့်ဘုရားဘုန်းတော်ကိုထင်ရှားခြင်း( Kwowing and Glorify God ဦးစားပေးသည်။ဘုရားကိုသိကျွမ်းရန်ဆုတောင်းခြင်း၊ကျမ်းစာဖတ်ခြင်းတို့၌အ မှုတော်ဆောင်ဆရာ/မအားလုံးသည် စံထိုက်သောပုဂ္ဂိုလ်များဖြစ်သည်။ (၂) လူကိုလူကဲ့သို့တန်ဖိုးထားပြီးချစ်ခင်သော အသင်းတော် (Training & Equiing) အသင်းဝင်သောသူများသာမဟုတ်ဘဲ တခြားပုဂ္ဂိုလ်များ၏လိုအပ်မှုအထူးသဖြင့်သာရေး/နာရေးအခြေအနေများနှင့်ခက်ခဲနေသောသူများအပေါ်တွင်တန်ဖိုးထားဆက်ဆံပြီး ချစ် ခြင်းမေတ္တာပြသော အသင်းတော်ဖြစ်သည်။ (၃) သင်တန်းပေးပြီး...

Continue reading