No comments yet

FGA သို့သဝဏ်လွှာ

FGAအသင်းတော်နှစ်ပေါင်း ယနေ့တိုင်ပို့ဆောင်ပေးသောဘုရားသခင်ရဲ့ကျေးဇူးတော်ကို အထူးချီးမွမ်းပါသည်။ခက်ခဲမှုမြောက်များစွာကို ရင်ဆိုင် ကျော်လွှားနိုင်သော အစွမ်းသတ္တိ၊ ဘုရားသခင်ကို သာမျက်မှောက်ပြုပြီး ယုံကြည်သူများကိုလက်တွဲကာဆုတောင်းအားပေးသော ဆရာ/မ
များကို လည်းအထူးဂုဏ်ပြုလိုပါသည်။

ကျွန်တော့်အနေဖြင့် ၁၉၈၉ အစပိုင်းမှ ဘုရားကျောင်းစောင့်(ပြာတာ)လုပ်ဆောင်ရသောအခွင့် ရာထူးကိုရရှိခဲ့ပါသည်။ ရာထူးငယ်သော်လည်း ဆရာ/မများ၏လက်တွဲခေါ် ဆောင်ခြင်းကြောင့်သီချင်းဦး ဆောင်ခြင်း၊ သဘာပတိ၊ဆုတောင်းဦးဆောင်ခြင်း၊ တရားဟောခွင့်ပင်လျှင်ရရှိခဲ့ပါသည်။

ကျွန်တော်၏ အမှုတော်ဆောင်ခြင်းကိုအစပြုခဲ့သောနှစ်အဖြစ် သတ်မှတ်ခဲ့ပါသည်။FGA တိုးတက်ခြင်းအကြာင်းရင်းများစွာမှ ကျွန်တော့်အမြင်တစ်ချို့ကိုရေးသားလိုပါသည်။

ဤအသင်းတော်သည် –
(၁) ဘုရားသခင်နဲ့သိကျွမ်းခြင်းနှင့်ဘုရားဘုန်းတော်ကိုထင်ရှားခြင်း( Kwowing and Glorify God ဦးစားပေးသည်။ဘုရားကိုသိကျွမ်းရန်ဆုတောင်းခြင်း၊ကျမ်းစာဖတ်ခြင်းတို့၌အ မှုတော်ဆောင်ဆရာ/မအားလုံးသည် စံထိုက်သောပုဂ္ဂိုလ်များဖြစ်သည်။

(၂) လူကိုလူကဲ့သို့တန်ဖိုးထားပြီးချစ်ခင်သော အသင်းတော် (Training & Equiing) အသင်းဝင်သောသူများသာမဟုတ်ဘဲ တခြားပုဂ္ဂိုလ်များ၏လိုအပ်မှုအထူးသဖြင့်သာရေး/နာရေးအခြေအနေများနှင့်ခက်ခဲနေသောသူများအပေါ်တွင်တန်ဖိုးထားဆက်ဆံပြီး ချစ် ခြင်းမေတ္တာပြသော အသင်းတော်ဖြစ်သည်။

(၃) သင်တန်းပေးပြီး တန်ဆာဆင်ပေးခြင်း (Training & Equiing) ဤအသင်းတော်အားဖြင့် မြို့နယ်အသီးသီး၊နိုင်ငံအသီးသီးသို့အမှုတော်ဆောင်များစွာတိုးပွားနိုင်ရန်လိုအပ်သောသင်ယူမှုများကိုတတ်နိုင်သလောက်လုပ်ဆောင်ပေးသည်။ ကျမ်းစာကျောင်းမပြီးသေးသည့်ကျွနု်ပ်ကိုပင်လျှင်လက်တွဲခေါ်ဆောင်ပြီး ယနေ့ထက်တိုင်အောင်FGA ၏အမှု တော်မြတ်၌ ပါဝင်ရသောအခွင့်ရရှိခဲ့ပါသည်။ အသင်းတော်၏ ကျမ်းစာကျောင်း၌ အမှုတော်ဆောင် များသင်တန်းတက်ပြီးလိုအပ်သောတန်ဆာဆင်မှုပြုလုပ်ပါသည်။

(၄) အသင်းသားများကိုဂရုစိုက်သည်။(Caring for Members) အသင်းသားများ၏သာရေး/နာရေးသာမဟုတ်ဘဲဝိညာဉ်ရေးရာ၊လူမှုရေး၊ပညာရေး၊နေ့ထူးနေ့မြတ်များကိုလည်းဂရုစိုက်ပေးသည်။

(၅)တခြားအသင်းတော်များနှင့် ဆက်သွယ်လုပ်ဆောင်မှု(Partnering with other Churches) မိမိအသင်းတော်သာမဟုတ်တခြားသောအသင်းတော်များနှင့်လည်း မိတ်သဟာယပြုခြင်း သင်တန်းပေးခြင်း၊ဆုတောင်းခြင်းများ၌တက်ကြွစွာပါဝင်သည်။ နှစ်ပေါင်း(၃၀)သာမက ခရစ်တော်မတိုင်မီကာလတိုင်အောင်ဘုရားသခင်အသုံးပြုသော အသင်းတော်ဖြစ်ပြီး ယေရှုခရစ်တော်ခြေတော်ရင်းသို့ပျောက်ဆုံးသော ဝိညာဉ်မြောက်မြားစွာပို့ ဆောင်သောအသင်းတော်ဖြစ်နိုင်ပါစေ။ခရစ်တော်၏]သာဓု၊သစ္စာရှိသော ငယ်သားကောင်း} ဟု ချီးမွမ်းခံနိုင်ရန် ဘုရားရှင်ကောင်းကြီးပေးပို့ဆောင်ပါစေ။

ကျေးဇူးတင်စွာဖြင့်
Rev. Dr. Go Chin Zam

Post a comment