Full Gospel Assembly အသင်းတော်ကို ၁၉၈၇ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်တွင် ဒေါ်ဇမ်း ကျိန်နေအိမ်၊ အမှတ် (၃၀၃)၊ ရှေ့သို့လမ်း၊ (၁၂)ရပ်ကွက်၊ ရန်ကင်း၌ လူ(၅)ဦးဖြင့် အစပြုခဲ့ပါသည်။ ထိုအိမ်ကို အိမ်ရှင်သည် အခမဲ့အသုံးပြုခွင့်ပေးခဲ့ပါသည်။ အစပြုချိန်တွင် အခက်အခဲများစွာ၊ အတိုက်အခိုက်များစွာ ရင် ဆိုင်ခဲ့ရပါသည်။ ထိုမှတဆင့် ဘုရားသခင်၏ ပို့ဆောင်ပေးခြင်းကြောင်း ၁၉၈၉ခုနှစ်၊ စက်တင်ဘာလ(၄)ရက်မှ ၁၉၉၀ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့ထိ အမှတ်(၆၃၄/၆၃၆)ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်တွင်၎င်း၊ ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်မှ ၁၉၉၄ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ထိ အမှတ်(၅၆)၊ ရွှေဘုံသာလမ်း၊ ပန်းပဲ တန်းမြို့နယ်တွင်၎င်း၊ ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့မှ ယခုထိ အမှတ်(၆၃၈/၆၄၄)၊ ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်တွင်၎င်း အသီးသီးပြောင်းရွေ့ဝတ်ပြုကိုးကွယ်ကြသည်။

အမှုတော်ဆောင်များ

Rev Dr Dam Suan Mung

Rev. Dr. Dam Suan Mung

သိက္ခာတော်ရဆရာဦးဒမ်ဆွင်းမုန်သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့ နယ်၊ နန်းဟံနွဲ့ရွာတွင် အဘသိက္ခာတော်ရဆရာဦးတွန့်ဇဝုန်နှင့် အမိဒေါ်ကျင်း ဒိမ့်တို့၏ သားသမီးသုံးယောက်အနက် တတိယသားဖြစ်၍ ၁၉၅၅ခုနှစ်၊ စက် တင်ဘာလ(၅)ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ သူ၏ဖခင်သည် သူမမွေးခင် ကွယ်လွန်သွား၍၊ သူ(၉)နှစ်သားအရွယ်တွင် သူ့မိခင်ကွယ်လွန်သွားပြန် ပါသဖြင့် မိဘ မဲ့အဖြစ် ကြီးပြင်းလာခဲ့သူဖြစ်သည်။ မူလတန်းပညာကို နန်းဟံနွဲ့ အ.မ.ကတွင်သင်ကြားပြီး၊ အလယ်တန်းပညာကို ကလေးမြို့၊ စိန့်မေရီကျောင်း(ယခု-အ.ထ.က (၃))မှလည်း...

Read more

Rev Vung Za Niang

Rev Vung Za Niang

သိက္ခာတော်ရဆရာမဒေါ်ဝုန်ဇညောင်းသည် ချင်းပြည်နယ်၊ တီးတိန် မြို့နယ်၊ ထုတ်လိုင်ရွာမှ အဘဦးကမ့်ခိုဇမ်းနှင့် အမိဒေါ်ကျင့်ငိုတို့၏သားသမီး (၅)ဦးအနက် တတိယမြောက်သမီးဖြစ်၍၊ ၁၉၅၈ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈) ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။မူလတန်းပညာမှ အထက်တန်းပညာထိ အ.ထ.ကထုတ်လိုင်၌ သင်ကြားခဲ့ပြီး၊ ၁၉၇၃ခုနှစ်တွင် ဒသမတန်းပညာကို အောင်မြင်ခဲ့ပါသည်။ ၁၉၇၄-၇၅အထိ ကျေးရွာအုပ်စုစာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၇၅-၇၆ခုနှစ်တွင် မန္တလေး၊ ဆရာအတတ်သင်သိပ္ပံမှ မူလတန်းပြဆရာအတတ်သင် အောင်လက်မှတ်ကိုရရှိခဲ့ပြီး၊ ၁၉၈၁-၈၂ခုနှစ်တွင် အ လယ်တန်းပြဆရာအတတ်သင်...

Read more

Rev. Roija

Rev Roija

ဆရာမရွယ်ဂျာ(ဂျာလေး)ကို အဘဒုဗိုလ်မှူးကြီးလဆန်နော်နှင့် အမိ ဒေါ်ဂျီးဂျန်တို့မှ ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ (၂၉)ရက်နေ့တွင် ရန်ကုန်မင်္ဂလာဒုံစစ် ဆေးရုံ မွေးဖွားခဲ့ပြီး၊ မောင်နှမငါးယောက်တွင် အငယ်ဆုံးဖြစ်ပါသည်။ ၁၉၇၇ခုနှစ်တွင် ဘီးလင်းမြို့တပ်တွင်း မူလတန်းကျောင်း၌ သူငယ် တန်းတက်ရောက်ခဲ့ပြီး၊ ၁၉၇၈-၇၉ ခုနှစ်တွင် ပထမတန်းနှင့်ဒုတိယတန်းကို မြင်းခြံတပ်တွင်း မူလတန်းကျောင်း၌၎င်း၊ ၁၉၈၀-၈၂ခုနှစ်တွင် တတိယတန်းမှ ပဥမတန်းကို ရွှေကူမြို့တပ်တွင်းမူလတန်းကျောင်းနှင့် အထက(၁)ရွှေကူတို့၌၎င်း၊ ၁၉၈၃-၈၄ခုနှစ်တွင် ဆဌမတန်းမှ...

Read more

Rev Nant Aye Aye

Rev Nant Aye Aye

သိက္ခာတော်ရဆရာမ ဒေါ်နန့်အေးအေး(ဆရာမဘေေဘီတိုး)ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းရွာရှိ အဘဦးစောဘတိုးနှင့် ဒေါ်မယ်တိုးတို့၏ ပဉ္စမမြောက်သမီးဖြစ်ပါတယ်။ ၁၉၈၆ခုနှစ်မှာ ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံပြီး၊ ၎င်းနှစ်တွင်ပင် ရေနှစ်ခြင်းမင်္ဂလာခံယူကာ ဝိညာဉ်ဆုကျေးဇူးလည်းရရှိခဲ့တယ်။ ၁၉၈၆-၈၇ခုနှစ်များမှာ ဆရာမက အုတ်ကျင်းဖိနပ်စက်ရုံ၌ လုပ်ကိုင်ခဲ့သေးတယ်။ တစ်ဖက်မှာလဲ ပိုးကရင်အသင်းတော်မှာ ဥပုဒ်စာဖြေသင်ပေးခဲ့တယ်။ အဲဒီနောက် မင်္ဂလာဒုံ ကရာနီအသင်းတော်၌ ဥပုဒ်စာဖြေ ဆရာမသင်တန်းမှာ တက်ရောက်အောင်မြင်ခဲ့တယ်။ ဆေးတပ်နယ်ခရစ်ယာန်အသင်းတော်မှာ ၁၉၉၀-၉၁ခုနှစ်များအတွင်း သာသနာပြုလုပ်ခဲ့ပါတယ်။...

Read more

Rev Kyaw Kyaw

Rev Kyaw Kyaw

ဆရာကျော်ကျော်သည် အဘဦးစံသာထွန်းနှင့် အမိဒေါ်ဂျာဘူ တို့ ၏သား(၃)ယောက်အနက်မှ ဒုတိယမြောက်သားဖြစ်ပြီး၊ (၁၉၆၈)ခုနှစ်၊ ဩ ဂုတ်လ(၉)ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပါသည်။ ဖခင်၏ဇာတိမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့ဖြစ်ပြီး၊ မိခင်မှာကချင်ပြည်နယ်၊ မိုးညှင်းမြို့ ဖြစ်ပါသည်။ ၁၉၇၄ မှ ၁၉၈၂အထိ အ.ထ.က(၂)မှော်ဘီမြို့(ရန်ကုန်တိုင်း)တွင် သူငယ်တန်းမှ အဌမတန်းအထိပညာဆည်းပူးခဲ့ပြီး၊ အဌမတန်းတက်ရောက်နေစဉ်တွင် ကားတိုက်ခံရပြီး၊ ခြေ ထောက်(၂)ချောင်းစလုံး ဖြတ်တောက်ရ၍ ပညာကို ဆက်လက်သင်ကြားခွင့်မရတော့ဘဲ၊...

Read more

Rev Khen Kip

Date of full time: 9.5.2010 Race: Chin/ Nahnuai Spouse: Daw Zen Zam Vung

Read more