Elshaddai Orphanage


Elshaddai Children Home ကို ၂၀၀၁ ခုနှစ် မေလ ၂၁ရက်နေ့တွင် မှော်ဘီမြို့နယ်၊ လိပ်ပုကျေးရွာအုပ်စု၌ ကလေး(၁၇)ဦးနှင့် စတင်ခဲ့ပါသည်။၂၀၀၂ခုနှစ် ဇန်နဝါရီလတွင်ယခုလက်ရှိနေသော အမှတ်(၅၉)၊ ပတ္တမြားလမ်း၊ (၁၉)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်တွင်ပြောင်းရွေ့ခဲ့ပါသည်။
Elshadai ကလေးဂေဟာတွင် လက်ရှိ ကလေးပေါင်း(၅၀)ဦးခန့်ရှိကြပြီး တတိယတန်း (၁)ဦး၊ စတုထ္တတန်းကျောင်းသား (၄)ဦး၊ ပဥ္စမတန်း ကျောင်းတက်သား (၄)ဦး၊ဆဌမတန်း ကျောင်းတက်သူ (၃)ဦး၊ သတ္တမတန်း ကျောင်းတက်သူ (၃)ဦး၊ အဌမတန်းကျောင်းတက်သူ (၇)ဦး၊ နဝမကန်းတက်သူ (၁၁)ဦးနှင့် ဒသမတန်းကျောင်းတက်သူ (၄)ဦးရှိကာ (၁၀)ဦးက ဒသမတန်းဖြေထားသူများဖြစ်ပြီး၊ (၃)ဦးက အဝေးသင် တက္ကသိုလ်တက်ရောက်လျက်ရှိကြပါသည်။

Elshadai ကလေးဂေဟာကို ဘုရားရှင်ကောင်းကြီးပေးပြီး ကလေးများအား တာဝန်ယူ အုပ်ထိန်းသူများ အဆက်ဆက်ပြောင်းလဲကာ ပထမဆုံး ၂၀၀၀ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ (၁၅)နှစ်တိတိ ဆရာနဲင်းဇဟောက် တို့မိသားစုမှ တာဝန်ယူခဲ့ကြပါသည်။ ဆရာတင်ထွန်းအောင်နှင့် ဆရာမလွမ်ဆွမ်ဒိမ်းတို့မိသားစုမှ ၂၀၁၅ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ (၁)နှစ် တာဝန်ယူခဲ့ကြပြီး၊ ၂၀၁၆ခုနှစ်မှ ၂၁၀၇ခုနှစ်အထိ ဆရာထန်ရှန်းမုန်နှင့် ဒေါ်နိမ်ဂိုးကျန်တို့မှ(၁)နှစ်တာဝန်ယူကာ ချာလ်ဒိုးဟွဲနှင့် ဆရာမ မန်ခိုငိုင်မိသားစုမှ ၂၀၁၇ခုနှစ်မှ ယနေ့ထိတာဝန်ယူနေပါသည်။