Rev Roija

ဆရာမရွယ်ဂျာ(ဂျာလေး)ကို အဘဒုဗိုလ်မှူးကြီးလဆန်နော်နှင့် အမိ ဒေါ်ဂျီးဂျန်တို့မှ ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ (၂၉)ရက်နေ့တွင် ရန်ကုန်မင်္ဂလာဒုံစစ် ဆေးရုံ မွေးဖွားခဲ့ပြီး၊ မောင်နှမငါးယောက်တွင် အငယ်ဆုံးဖြစ်ပါသည်။

၁၉၇၇ခုနှစ်တွင် ဘီးလင်းမြို့တပ်တွင်း မူလတန်းကျောင်း၌ သူငယ် တန်းတက်ရောက်ခဲ့ပြီး၊ ၁၉၇၈-၇၉ ခုနှစ်တွင် ပထမတန်းနှင့်ဒုတိယတန်းကို မြင်းခြံတပ်တွင်း မူလတန်းကျောင်း၌၎င်း၊ ၁၉၈၀-၈၂ခုနှစ်တွင် တတိယတန်းမှ ပဥမတန်းကို ရွှေကူမြို့တပ်တွင်းမူလတန်းကျောင်းနှင့် အထက(၁)ရွှေကူတို့၌၎င်း၊ ၁၉၈၃-၈၄ခုနှစ်တွင် ဆဌမတန်းမှ သတ္တမတန်းကို အထ က(၃)မင်္ဂလာတောင်ညွှန့်၌၎င်း၊ ၁၉၈၅-၉၀ခုနှစ်များတွင် အဌမတန်းမှ ဒသမ တန်းအောင်မြင်သည်အထိ အထက(၂)ဗိုလ်တထောင်၌၎င်း၊ တက်ရောက် သင်ယူခဲ့ပါသည်။ ၁၉၉၁ခုနှစ်၊ နိုဝင်ဘာလတွင် ကယ်တင်ခြင်းစိတ်ချမှုရရှိခဲ့ပြီး၊ ၁၉၉၂ ခုနှစ်၊ ဇွန်လတွင် FGA သင်းအုပ်ဆရာ ကြီး Rev. Dr. Dam Suan Mung ထံ၌ ရေနှစ် ခြင်းမင်္ဂလာခံယူကာ ထိုနှစ်တွင်ပင်ဝိညာဉ်တော်နှစ်ခြင်း ရရှိခဲ့ပါသည်။ ကယ် တင်ခြင်းစိတ်ချမှု ရသည့်အချိန်မှစ၍ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အထူးခံစားရကာ ဘုရားသခင်အမှုတော်မြတ်တွက်မဆက်ကပ်ဘဲ မနေနိုင်လောက်အောင်ခံ စားခဲ့ပြီး (ယော ၁၅း၁၆)နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်ရွေးကောက်ခေါ်သံကို ကြားသိဆက် ကပ်ခဲ့ပါသည်။

၁၉၉၃-၉၅ခုနှစ်များတွင် အမှုတော်မြတ်တွင်ပါဝင်ရင်း အဝေးသင်တက္ကသိုလ်ပညာဆည်းပူးခဲ့ B.A (History) ဘွဲ့ရရှိခဲ့ပါသည်။ ၁၉၉၆-၉၇ခုနှစ် များတွင် Full Gospel Bible Traning Center အပတ်စဉ်(၁)တွင် တက်ရောက်ခဲ့ပြီးDiploma ရရှိခဲ့ပါသည်။ ၁၉၉၃၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် အချိန်ပြည့်အမှုတော်ဆောင်အဖြစ် ခန့်အပ်ခံခဲ့ပြီး၊ ၁၉၉၈ခုနှစ် မေလ(၁၃)ရက်နေ့တွင် လိုင်စင်ရဓမ္မအမှု တော်ဆောင်အဖြစ်၎င်း၊ ၂၀ဝ၅ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် သိက္ခာ တော်ရ အမှုတော်ဆောင်အဖြစ်၎င်း ဘုရားသခင်ကောင်းကြီးပေး ချီးမြှောက်ခဲ့ပါသည်။

၁၉၉၃ ခုနှစ်တွင် လူငယ်ဘဏ္ဍာရေးမှူးနှင့် လူငယ်ဧဝံဂေလိအဖွဲ့ခွဲ တာဝန်ခံအဖြစ်၎င်း၊ ၁၉၉၅-၉၇ခုနှစ်အထိ အသင်းတော်စာရင်းကိုင်(ငွေ)အဖြစ်၎င်း၊ ၁၉၉၈-၉၉ ခုနှစ်အထိ မန္တလေးမြို့ ၊ အသင်းတော်တည်ထောင်ရေး သာသနာ အစပြုရာတွင် တာဝန်ခံသင်းအုပ်အဖြစ်၎င်း၊ ၂၀ဝ၁-၂၀၁၁ခုနှစ် အထိ အသင်းတော်စာရင်းကိုင်(ငွေ)အဖြစ်၎င်း၊ ၂၀ဝ၄-၂၀၁၂ခုနှစ်၊ ဇူလိုင် လထိ ဧဝံဂေလိ/သာသနာ/လူမှုရေး ဘဏ္ဍာရေးမှူးအဖြစ်၎င်း၊ ၂၀၁၀ ဇွန်လ မှ ၂၀၁၂ ဇူလိုင်လထိ သာသနာအတွင်းရေးမှူးအဖြစ်၎င်း ပါဝင်ဆက်ကပ် ခွင့်ရခဲ့ပြီး၊ ၂၀ဝ၄ခုနှစ်မှစ၍ အသင်းတော်အတွင်းရေးမှူးအဖြစ်၎င်း၊ ၂၀ဝ၈ ခုနှစ်မှစ၍ လက်ထောက်သင်းအုပ်အဖြစ်၎င်း ယခုအချိန်တွင် ပါဝင်အမှု ဆောင်လျှက်ရှိပါသည်။

၂၀ဝ၁ ခုနှစ်၊ ဩဂုတ်လ(၂၅)ရက်နေ့တွင် ဦးဂင်ဒိုလျန်+ဒေါ်ဒွန် ဆွမ်ကျိန်တို့၏သားဖြစ်သူ ဦးဇင်ရှင်းမုန် နှင့် အိမ်ထောင်ကျကာ သား (၃)ဦး ထွန်းကားပါသည်။ သားများမှာ မောင်ရှောလမုန်လျန်ရှင်းစံ၊ မောင်ဆမ် မြူယယ်နော်ရှင်းမန်နှင့် မောင်စတီဗင်မန်ရှင်းရှမ်တို့ဖြစ်ကြပြီး၊ တိုက်အမှတ် ၂၅၃၊ အခန်း ၃၀၂၊ ရာဇဓိရာဇ်အိမ်ယာ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ တွင် နေထိုင်လျှက်ရှိပါသည်။

ဆရာမဆွဲကိုင်သောကျမ်းချက်မှာ ငါ၌တည်နေကြလော့၊ ငါသည် လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင် ကိုယ် အလိုအလျှောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ(ယောဟန် ၁၅း၄) ဖြစ်ပါသည်။