Full Gospel Assembly အသင်းတော်ကို ၁၉၈၇ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်တွင် ဒေါ်ဇမ်း ကျိန်နေအိမ်၊ အမှတ် (၃၀၃)၊ ရှေ့သို့လမ်း၊ (၁၂)ရပ်ကွက်၊ ရန်ကင်း၌ လူ(၅)ဦးဖြင့် အစပြုခဲ့ပါသည်။ ထိုအိမ်ကို အိမ်ရှင်သည် အခမဲ့အသုံးပြုခွင့်ပေးခဲ့ပါသည်။ အစပြုချိန်တွင် အခက်အခဲများစွာ၊ အတိုက်အခိုက်များစွာ ရင် ဆိုင်ခဲ့ရပါသည်။ ထိုမှတဆင့် ဘုရားသခင်၏ ပို့ဆောင်ပေးခြင်းကြောင်း ၁၉၈၉ခုနှစ်၊ စက်တင်ဘာလ(၄)ရက်မှ ၁၉၉၀ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့ထိ အမှတ်(၆၃၄/၆၃၆)ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်တွင်၎င်း၊ ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်မှ ၁၉၉၄ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ထိ အမှတ်(၅၆)၊ ရွှေဘုံသာလမ်း၊ ပန်းပဲ တန်းမြို့နယ်တွင်၎င်း၊ ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့မှ ယခုထိ အမှတ်(၆၃၈/၆၄၄)၊ ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်တွင်၎င်း အသီးသီးပြောင်းရွေ့ဝတ်ပြုကိုးကွယ်ကြသည်။
အမှုတော်ဆောင်များ
Rev. Dr. Dam Suan Mung
သိက္ခာတော်ရဆရာဦးဒမ်ဆွင်းမုန်သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့ နယ်၊ နန်းဟံနွဲ့ရွာတွင် အဘသိက္ခာတော်ရဆရာဦးတွန့်ဇဝုန်နှင့် အမိဒေါ်ကျင်း ဒိမ့်တို့၏ သားသမီးသုံးယောက်အနက် တတိယသားဖြစ်၍ ၁၉၅၅ခုနှစ်၊ စက် တင်ဘာလ(၅)ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ သူ၏ဖခင်သည် သူမမွေးခင် ကွယ်လွန်သွား၍၊ သူ(၉)နှစ်သားအရွယ်တွင် သူ့မိခင်ကွယ်လွန်သွားပြန်ပါသဖြင့် မိဘမဲ့အဖြစ်ကြီးပြင်းလာခဲ့သူဖြစ်သည်။ မူလတန်းပညာကို နန်းဟံနွဲ့ အ.မ.ကတွင်သင်ကြားပြီး၊ အလယ်တန်းပညာကို ကလေးမြို့၊ စိန့်မေရီကျောင်း(ယခု-အ.ထ.က (၃))မှလည်း ကောင်း၊ အထက်တန်းပညာကို မေမြို့...
Rev Vung Za Niang
သိက္ခာတော်ရဆရာမဒေါ်ဝုန်ဇညောင်းသည် ချင်းပြည်နယ်၊ တီးတိန် မြို့နယ်၊ ထုတ်လိုင်ရွာမှ အဘဦးကမ့်ခိုဇမ်းနှင့် အမိဒေါ်ကျင့်ငိုတို့၏သားသမီး (၅)ဦးအနက် တတိယမြောက်သမီးဖြစ်၍၊ ၁၉၅၈ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈) ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။မူလတန်းပညာမှ အထက်တန်းပညာထိ အ.ထ.ကထုတ်လိုင်၌ သင်ကြားခဲ့ပြီး၊ ၁၉၇၃ခုနှစ်တွင် ဒသမတန်းပညာကို အောင်မြင်ခဲ့ပါသည်။ ၁၉၇၄-၇၅အထိ ကျေးရွာအုပ်စုစာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၇၅-၇၆ခုနှစ်တွင် မန္တလေး၊ ဆရာအတတ်သင်သိပ္ပံမှ မူလတန်းပြဆရာအတတ်သင် အောင်လက်မှတ်ကိုရရှိခဲ့ပြီး၊ ၁၉၈၁-၈၂ခုနှစ်တွင် အ လယ်တန်းပြဆရာအတတ်သင်...
Rev Roija
ဆရာမဟာ ၁၉၉၃၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် အချိန်ပြည့်အမှုတော်ဆောင်ဖြစ်လာပြီး ၁၉၉၈ခုနှစ် မေလ(၁၃)ရက်နေ့တွင် လိုင်စင်ရဓမ္မအမှုတော်ဆောင်၊ ၂၀ဝ၅ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် သိက္ခာတော်ရအမှုတော်ဆောင်အဖြစ်လာပါသည်။
Rev. Nant Aye Aye
ဆရာမဘေဘီတိုး (ခေါ် ) နန့်အေးအေးသည် ဧရာ၀တီတိုင်းဒေသကြီး ကျုံးပျော်မြို့နယ် အင်းရဲကျွန်းကျေးရွာရှိ အဘဦးစောဘတိုးနှင့် အမိဒေါ်မယ်တိုး တို့မှ မွေးဖွားပြီး မွေးခြင်း (၇) ယောက်မှ (၅) ယောက်မြောက် သမီးဖြစ်ပါသည်။မူလတန်းပညာကို အ.လ.က (၁) ကျုံးပျော်မြို့၌လည်းကောင်း၊အလယ် တန်း ပညာကို လှည်းဆိပ် အ.လ.က နှင့် အင်းစိန် အ.လ.က (၁) ၌ လည်းကောင်း၊...
Rev Kyaw Kyaw
ဆရာဦးကျော်ကျော်သည် အဖဦးစံသာထွန်း-အမိဒေါ်ဂျာဘူတို့၏ သား(၃) ယောက်တွင် ဒုတိယမြောက်သားဖြစ်ပြီး၊ မန္တလေးမြို့တွင် မွေးဖွားခဲ့ပါသည်။ မူလတန်း မှ အဌမတန်း အထိ အ.ထ.က(၂) မှော်ဘီမြို့တွင် ပညာသင်ကြားခဲ့ပါသည်။ ထိုနောက် Car Accident ကြောင့်ပညာဆက်မသင်ကြားနိုင်ခဲ့ပါ။
Rev. Khen Kip
ဆရာ့ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နန်းဟံနွဲ့ရွာတွင်နေထိုင်သော အဘ ဦးမောင်မောင်သန်း(ခ) Pa Tuan Khual နှင့် အမိဒေါ်ဗန်နွဲ့ဂျင်နီးတို့မှမွေးဖွားပြီး မွေးချင်းငါးယောက်ရှိသည့်အနက်တတိယမြောက်သားဖြစ်ပါတယ်။
Rev Neng Hau
သိက္ခာတော်ရဆရာဦးနိန်းဟောက်သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးဗျဲလ်ရွာမှ အဘ ဦးဆွန်ငိုး၊ အမိဒေါ်ဒိမ့်အွဲ့ တို့၏သားသမီး(၄)ဦးအနက် အကြီးဆုံးသားဖြစ်၍ ၁၉၄၇ ခုနှစ်၊ ဇူလိုင် လ(၁၃)ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။
Rev Pau Zel Mang
ဆရာ ပေါင် ဇဲလ်း မန် သည် ချင်းပြည်နယ် တီးတိန်မြို့ ဉ်အဖ ဦး ဂင် ဒိုး လျန် နှင့်အမိဒေါ် ဒွန့် ဆွင်း ကျိန် တို့မှ မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ(၆) ယောက်ထဲမှအကြီး ဆုံးသား ဖြစ်ပါသည်။၂၀၀၄ခုနှစ်တွင် ဒေါ် ပရီထမ်း နှင့် လက်ထပ်ထိမ်းမြားခဲ့ပြီး သမီးနှစ်ယောက်နှင့်သားတစ် ယောက်ထွန်းကားခဲ့ပါသည်။
Rev. Zen Sian Lun
ဆရာမကတော့ ၁၉၉၈ ခုနှစ်မှစပြီး ဒဂုံတောင် ၅၆-၆၉ ဧဂံဂေလိ နယ်မြေများတွင် တွဲဖက်နယ်မြေ တာဝန်ခံ၊ တွဲဖက် ဧဝံဂေလိခေါင်းဆောင်၊ တွဲဖက် HomeChurch ခေါင်းဆောင်၊ ၂၀၁၁ ခုနှစ်မှစတင်၍ ရွှေပြည်သာဒညင်းကုန်း ဧဝံဂေလိနယ်မြေ တွင် နယ်မြေတာဝန်ခံ၊ ဧဝံဂေလိခေါင်းဆောင် Home Church ခေါင်းဆောင်အဖြစ် ပါဝင်လျက်ရှိသူဖြစ်ပါတယ်။
Rev. Gin Lam Thang
သိက္ခာတော်ရဆရာဂင်လမ်းထန်သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ မွန်းလှိုင်ကျေးရွှာတွင် အဘ ဦးအင်ခန့်နန် နှင့် အမိ ဒေါ်ကျိန်ခန့်ဝုန် အားဖြင့် မွေးဖွားလာသော ၅ ယောက်မြောက် သားဖြစ်ပါသည်။ အခြေခံမူလတန်းပညာ(သူငယ်ကိုတန်း မှ စတုတ္ထတန်းအထိ)ကို မွန်းလှိုင်ရွာတွင်သင်ယူခဲ့ပြီး၊
Rev Mang Uap
သိက္ခာတော်ရဆရာမမန်အွပ်သည် မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် အဘ ဦးတွန်ဇာဖုန်းနှင့်အမိဒေါ်လွန်ဇကျိန်တို့၏ သားသမီး(၆)ဦးအနက် ပဉ္စမမြောက်သမီးဖြစ်ပါသည်။ မူလတန်းပညာကို အ.မ.က (၅) ကလေးမြို့တွင် သူငယ်တန်းမှပထမတန်းအထိတက်ရောက်သင်ယူခဲ့ပြီး၊ အ.ထ.က (၄) ဗိုလ်တထောင်တွင် ဒုတိယတန်းမှ ဒသမတန်းပညာကို တက်ရောက်သင်ယူခဲ့ပါသည်။
Rev. Pau Suan Mung
သိက္ခာတော်ရ ဆရာဦးပေါင်ဆွင်းမုန်သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မောင်ကင် ကျေးရွာမှ အဘ ဦးဟောက်ဇထန်နှင့် အမိ ဒေါ်ကျင်းဂိုးညောင်တို့၏ သားသမီး(၃)ဦးအနက် အငယ်ဆုံး တစ်ဦးတည်းသောသားဖြစ်ပါသည်။ မူလတန်းပညာကို အမက ဘုမ်ဇံရွာ ၌လည်းကောင်း၊ အလယ်တန်းပညာကို အလက ဂမ်းငိုင်၊ တီးတိန်မြို့နယ်နှင့် အလက စိန့်မေရီ ကလေးမြို့၊ စစ်ကိုင်းတိုင်း ၌လည်းကောင်း၊ အထက်တန်းပညာကို အထက(၁)ကလေးမြို့ ၌လည်းကောင်းတက်ရောက်သင်ယူခဲ့ပါသည်။
Tuang Khan Cing (Mommy)
Full time: December, 2000 Spouse: U Khai Za Dal
Rev Kham Khan Lian Thang Kim
သိက္ခာတော်ရဆရာဦးခမ်ခန့်လျန်းထန်ကိမ်းသည် ရန်ကုန်တိုင်းဒေသကြီးကြည့်မြင်တိုင်မြို့နယ် တွင် အဘ – ဦးဂင်ဒိုထန် နှင့် အမိ – ဒေါ်လွင့်ခန့်ဝုန် တို့၏သား(၄)ဦးအနက်ဒုတိယသားဖြစ်ပါသည်။
Rev. Pau Kim Sang
သိက္ခာတော်ရ ဆရာပေါင်ကင်းဆန်ကို ဦးနိန်ခိုဟောက်နှင့် ဒေါ်ဇင်ခိုညန်တို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နန်းဟံနွဲ့ကျေးရွာ တွင် မွေးဖွါးခဲ့ပါသည်။ မွေးချင်းမောင်နှမ ရှစ်ယောက်အနက် ဆဌမမြောက်သားဖြစ်ပါသည်။ လေးနှစ်သားအရွယ်တွင် တစ်မိသားစုလုံး ကလေးမြို့သို့ ပြောင်းရွေ့ပြီး၊ ကလေးမြို့တွင် ကြီးပြင်းခဲ့ပါသည်။
Rev. Lom Zom Niang
ဆရာမ လွင်ဇွမ်ညောင်ကို ဆရာညောင်လို့ပဲ ခေါ်ကြပါတယ်။ Worship Leader တစ်ဉီးဖြစ်ပြီး အဆိုတော်တစ်ဉီးလဲဖြစ်ပါတယ်။တီးတိန်မြို့နယ် ဂေါ်စိန်းကျေးရွာရှိ ဦးဂင့်ဇစိန်နှင့်ဒေါ်ကျင်းခေါ်နိန်တို့၏သမီးဖြစ်၍ မူလတန်းပညာကို တီးတိန်မြို့နယ်ဂေါ်စိန်းကျေးရွာ၊ အလယ်တန်းပညာကို တီးတိန်မြို့နယ် ကျိန်းပီးကွတ်ကျေးရွာနှင့် တီးတိန်မြို့ စကောလမ်း အ.ထ.က (၁)၊ အထက်တန်းပညာကို အထက ( ၂ ) ကလေးမြို့ မှာ သင်ကြားခဲ့ပါတယ်။
Rev. Zel Siam Kham
ဆရာကတော့ Speaker(မိုက်) ကို အသုံးပြုပြီး စက်ဘီးနှင့်လှည့် လည်ဟောပြောဝေငှခဲ့ဖူးသူဖြစ်ပါတယ်။ ဝေစာများကိုလည်း ဝေပေးနိုင်ခဲ့ပြီး လူနာများစွာကိုလည်း ဆုတောင်းပေးခွင့်ရပြီး နိမိတ်လက္ခဏာများစွာ မြင်တွေ့ခဲ့ရပါတယ်။ ကင်ဆာရောဂါမှစ၍ အခြားရောဂါများလည်း ဘုရားရှင် ပျောက်ကင်းခွင့်ပြုပါပြီး သေသောသူနှစ်ဦးကိုလည်း ဘုရားသခင်ပြန်ရှင်စေခဲ့ပါတယ်။
Rev. Niang Zom Mang
သိက္ခာတော်ရဆရာမဉာဏ်ဇွမ်းမာန်သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာတွင် အဘ Dr. Sian Za Kam နှင့် အမိ Daw Ning Za Ginတို့၏ သားသမီး(၅)ဦးအနက်အကြီးဆုံးသမီးဖြစ်ပါသည်။
Rev. Soe Moe Nai
ဆရာစိုးမိုးနိုင်ကဟာ ဘုရားကိုချစ်မြတ်နိုးပြီး ဧဝံဂေလိ၊ အသင်းတော်ရဲ့ Home cell တွေမှာတက်ကြွစွာပါဝင်ဆက်ကပ်နေသူဖြစ်ပါတယ်။ ဆရာဟာ ဘုရားကိုချစ်မြတ်နိုးသူဖြစ်သည့်အလား ပျော်ပျော်နေတတ်သူဖြစ်ကာ သူနှင့်သွားလာလုပ်ကိုင်သူတိုင်း ပျော်စရာဖြစ်အောင် လုပ်ပေးနိုင်စွမ်းရှိပြီး အထူးသဖြင့် အသင်းတော်၏ နာရေး၊ လူမှုရေးကိစ္စများတွင်လည်း နှံ့နှံ့စပ်စပ်ပါဝင်ကာ အမှုတော်ဆောင်နေသူဖြစ်ပါတယ်။
Rev. Pre Htam
ဆရာမ ပရီထမ်း သည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် စိန်လုံ မှ အဖ ဉီးထိန်နန်ဇော်နှင့် အမိဒေါ်လီလီ တို့မှ မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ဆယ်ယောက်မှနဝမမြောက်သမီးဖြစ်ပါသည်။ ၂၀၀၄ခုနှစ်တွင် ဦးပေါင်ဇဲလ်မန်နှင်လက်ထပ်ထိမ်းမြားခဲ့ပြီး သမီးနှစ်ယောက်နှင့်သားတစ်ယောက်ထွန်းကားခဲ့ပါသည်။