ကာလက်၏အမွေခံခြင်း

(ယောရှုမှတ်စာ ၁၄:၆-၁၅) ကာလက်သည် ယုဒအမျိုးသား ယေဗုန္နာသား (တောလည် ၃၄:၁၉)ဖြစ်၍ ခါနန်ပြည်ကို စူးစမ်းလေ့လာဖို့ရန် ရွေးချယ်ခံရသော ခေါင်းဆောင် (၁၂) ယောက်ထဲက တစ်ယောက်ဖြစ်ပြီး၊ ဣသရေလလူမျိုးများအတွက် အဓိကခေါင်းဆောင်မဟုတ်သာ်လည်း မောရှေနှင့် ယောရှုတို့၏ ခေါင်းဆောင်မှုကို အဓိက ကူညီပေးသောသူဖြစ်သည်။ မောရှေနှင့် အသက် (၂၀) အထက်ရှိသောဣသရေလလူမျိုးများ ကတိတော်ပြည်ကို မဝင်စားရပဲ လမ်းခရီးမှာ သေဆုံးခဲ့ရကြသည်။(တော ၃၂:၁၂) သို့သော် ယောရှုနှင့်ကာလက်သည် ကတိတော်ပြည်ကို ဝင်စားရပြီး ကာလက်သည် ဟေဗြုန်ပြည်ကို အမွေခံခဲ့သည်။ (ယောရှု၁၄:၁၃)။ ကာလက်သည် ဘာကြောင့် ကတိတော်ပြည်ကို ဝင်စားပြီး အမွေခံရသလဲ? ၁။ ကာလက်သည် ဘုရားသခင်၏ ကတိတော်ကို စွဲလမ်းခြင်းရှိသည် ဣသရေလလူမျိုးများသည် ခါနန်ုပြည်ရောက်သောအခါ...

Continue reading

ထာဝရဘုရားကိုဉာဏ်ရှိသမျှနှင့်ချစ်ခြင်း

ထာဝရဘုရားကိုဉာဏ်ရှိသမျှနှင့်ချစ်ခြင်း

ခရစ်ယာန်များအကြားတွင် ပညာလေ့လာဆည်းပူးခြင်းကို ဆန့်ကျင်သည့်အယူဝါ(Anti-In tellectualism)အဖြစ်တွေ့မြင်ရတတ်ပါသည်။ အသိဉာဏ်ကိုဖွံ့ဖြိုးစေခြင်းသည် ယုံကြည်ခြင်းတရားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသကဲ့ ထင်မြင်နေကြသည်။ ဓမ္မပညာသင်ကြားသည့် အမှုတော်ဆောင်များကလည်း ယုံကြည်ခြင်း အားနည်းသွားတတ်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်ကို အားမကိုးတော့ဘဲ မိမိပညာကို သာ အားကိုးတတ်ကြသည်ဟု သွန်သင်လာကြသည်။ ဆင်ခြင်တုံတရားနှင့် ဘုရားပေးသည့် ဦးနှောက်ဉာဏ် ကို ဖွံ့ဖြိုးစေခြင်းသည် ယုံကြည်ခြင်းကို ဆုတ်ယုတ်စေခြင်းမဟုတ်ဘဲ၊ ကိုယ့်ဉာဏ်ကိုအမှီပြုခြင်းသည်သာ ယုံကြည်ခြင်းကို ဆုတ်ယုတ်စေခြင်းဖြစ်သည်။ အမှန်တကယ်တွင် ဘုရားဖန်ဆင်းထားသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းတိုင်းသည် အသုံးပြုဖို့၊ လူကို အကျိုးပြုစေဖို့ရန် ပေး ထားခြင်း ဖြစ်သည်။ဘုရား ပေး သည့် ဆင်ခြင်တွေးခေါ်နိုင်စွမ်း၊ ဦးနှောက်နှင့် အသိဉာဏ်ကို ဖွံ့ဖြိုး စေပြီး၊ ဘုရားဖန်ဆင်းထားသည့် စကြဝဠာကြီးတွင် ရှိရှိသမျှအရာ များကိုစူး စမ်းလေ့လာခြင်းသည်...

Continue reading

သင်းအုပ်ဆရာဆိုင်ရာဆွေးနွေးအကြံပြုခြင်း

သိုးထိန်းတည်းဟူသောသင်းအုပ်၏ သင်းအုပ်ဆိုင်ရာ ကြည့်ရှုပြုစုခြင်းလုပ်ငန်းတွင် အရေးကြီးသောလုပ်ငန်းတစ်ခုမှာ တိုင်ပင်ဆွေးနွေးအကြံပြုခြင်းဖြစ်သည်။ ကြည့်ရှုပြုစုခြင်းသည် အချိန်တိုင်းလုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်ပြီး၊ တိုင်ပင်ဆွေးနွေး အကြံပြုခြင်းသည် လိုအပ်သောအချိန်တွင်လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်သည်။ ဤလုပ်ငန်းသည် သင်းအုပ်များကသာ လုပ်ဆောင်ရမည့်လုပ်ငန်း မဟုတ်ဘဲ ဓမ္မအမှုတော်ဆောင်များ၊ သင်းထောက်များ၊ အသင်းတော်ကဏ္ဍ အသီး သီးမှ ကော်မီတီဝင်များ၊ ကောင်းဆဲလိန်းလုပ်ငန်းကို စိတ်ဝင်စားသော သာမန်အသင်းသားများ ပါဝင်လုပ်ဆောင်နိုင်သည်။ ကောင်းဆဲလိန်းတွင် အကောင်းဆုံးသော ဆရာသည် သခင်ယေရှုဖြစ်ပါသည်။ သခင်ယေရှုသည် တိုင်ပင်ဘက်/အတိုင်ပင်ခံပုဂ္ဂိုလ်(ဟေရှာယ၉း၆)၊ ကောင်းသောသိုးထိန်း(ယောဟန် ၁၀း၁၁-၁၆)၊ သိုးထိန်းကြီး(ဟေဗြဲ၁၃း၂၀၊ ၁ပေတရု ၅း၄)၊ ကျန်းမာခြင်းပေးသောအရှင်(မဿဲ၈း၁၆-၁၇၊၁ပေ ၂း၂၄) ငြိမ်သက်ခြင်းအရှင်(ယောဟန်၁၄း၂၇)၊ ဆုတောင်းပေးသောသူ(ရောမ ၈း၃၄)စသည့် အ ရည်အချင်းများ နှင့်ပြည့်စုံသောသူဖြစ်သည်။ ဝေါဟာရအဓိပ္ပါယ်နှင့် ဦးတည်ချက်သင်းအုပ်ဆိုင် ရာလုပ်ငန်းများသည် ယုံကြည်သူအသင်းသားများ၏ ခန္ဓာ၊...

Continue reading

ဟန့်တာခြင်းခံအမျိုးသမီးများ

အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေသူတစ်ဦးအနေဖြင့် အမျိုးသမီးများ၏ဘဝဖွံ့ဖြိုးတိုးတက်စေခြင်းကို အဟန့်အတားဖြစ်စေပြီး၊ မြန်မာ့လူမှုအသိုင်းအဝိုင်းအတွင်း ကြုံတွေ့ခံစား ရင်ဆိုင်နေ ရသော အဟန့်အတားအချို့ကို ဝေမျှပေးလိုပါသည်။ ကမ္ဘာပေါ်ရှိ ဘုရားသခင်ဖန်ဆင်းထားသည့် သက်ရှိများ စွာရှိသည့်အနက် လူသားများတွင်ကျားနှင့်မဟူ၍ နှစ်မျိုးသာရှိပါသည်။ ထိုလူသားများသည် မိမိတို့ အသက်ရှင်ရပ်တည်ရန်၊ မျိုးဆက်ပြန့်ပွားရန်၊ အမှီသဟဲပြု ရန်၊ အပြန်အလှန်အထောက်အ ကူပြုရန်အတွက် တစ်ဦးနှင့်တစ်ဦးပတ်သက်ဆက်နွယ်ရသည်။ ရှေးကမ္ဘာဦး ကျောက် ခေတ်ကာလက အမျိုးသားနှင့်အမျိုးသမီးတို့၏ မတူညီသော ခန္ဓာ ကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ နှင့် ကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များ ကွဲပြားခြားနားမှုအရ လုပ်ငန်းတာဝန်အသီးသီးကို ခွဲခြားလုပ်ကိုင်ခဲ့ကြသည်။ ဥပမာအားဖြင့် အမျိုးသ မီးများသည်ကိုယ်ဝန်ဆောင်ခြင်း၊ သားသမီးများနှင့် အနီးကပ်နေထိုင်၍ နို့ချိုတိုက် ကျွေးပြုစုပျိုးထောင်ခြင်း၊ အမျိုးသားများမှာ ပိုမိုကြံ့ခိုင်သောခန္ဓာကိုယ် ဖွဲ့စည်း...

Continue reading

ပညာရေးဖြင့် နိုင်ငံသားကောင်းများပြုစုပျိုးထောင်ရေးဆီသို့

သမ္မာကျမ်းစာထဲတွင် ပညာသည်အရေးကြီးကြောင်း များစွာဖော်ပြထားသည်။ အထူးသဖြင့် သုတ္တံ ကျမ်းထဲတွင် ပညာအကြောင်းကို များစွရေးသားထားပါသည်။ ထိုသုတ္တံကျမ်းစာကို ရေးသောသူမှာ ကမ္ဘာ ပေါ်မှာ ပညာအရှိဆုံးသူအဖြစ် ကျမ်းစာကဖော်ပြပါသည်။ သူသည် ဘုရားသခင်ထံသို့ ညာဏ်ပညာကို တောင်း သောအခါ ဘုရားသခင်က ပညာအပြင်၊ ဘုန်းတန်ခိုးနှင့် လောကစည်းစိမ်ကို ပါပေးခဲ့ပါသည်။ ဘုရားသခင် သည် ညာဏ်ပညာလိုချင်သောသူကို ဆုချသော ဘုရားသခင်ဖြစ်ကြောင်းနှင့် ထိုသူသည် ဘုရားသခင် ထံမှရရှိသောပညာဖြင့် သူ့တိုင်းပြည်ကို အုပ်ချုပ်သောအခါ တိုင်းပြည်တွင် ငြိမ်သက်ခြင်းနှင့်သာယာဝပြော ခြင်းရှိကြောင်းလည်း တွေ့ရပါသည်။ ကျိုးကြောင်းမိတ်ဆက် နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးသည် ထိုနိုင်ငံ၏ လူ သားအရင်းအမြစ် ဖွံ့ ဖြိုးတိုး တက် စေရေးအစီအစဉ်က အဓိကဖြစ် သည်။...

Continue reading

အငယ်ဆုံးသောသူများကိုပြုစုခြင်း

ကျွန်ပ်တို့၏ ပတ်ဝန်းကျင်တွင် လေ့လာကြည့်ပါက မသန်စွမ်းသောသူများစွာကို တွေ့ရနိုင်ပါသည်။ သူတို့ အမှန်တကယ် လိုအပ်နေသည်မှာ နွေးထွေးသောမေတ္တာဖြင့် ဂရုစိုက်မှုပင်ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် ရှောလုဘုရင်၏မြေး မေဖိဗောရှက်သည် ခြေမဆွံ့သောသူ ဖြစ်ခဲ့ရသော်လည်း ဒါဝဒ်မင်းကြီး၏ ဂရုစိုက်မှုမေတ္တာကြောင့် သူ၏အသက်တာတွင် မျှော်လင့်ခြင်းအသစ်ကို ပြန်လည်ရရှိနိုင်ခဲ့သည်။ ၂၀၁၄ခုနှစ်၊ သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံတွင် နေထိုင်သူ လူဦးရေ သန်းပေါင်း (၅၀)ကျော်ရှိသည့်အနက်(၄.၅)ရာခိုင်နှုန်း(နှစ်သန်းသုံးသောင်းကျော် သောသူများ)သည် မသန်စွမ်းသူ များ (ဏနသစူန တငအ့ ိငျဘေူန)အဖြစ်နေထိုင်သွားလာ အသက် ရှင်နေကြသည်ဟု ဆိုနိုင်ပါသည်။ တို့သည် လူ့အသိုင်းအဝိုင်းအ တွင်း မေ့လျော့ခံရမှု၊ ကဲ့ရဲ့ပြစ်တင် အထင်သေးခံရမှု၊အစွမ်းအစဖော် ထုတ်ခွင့် နည်းပါးမှုများကို တွေ့ ကြုံနေရကြပါသည်။ အမှန်တကယ်တွင် သူတို့သည် အလွန်တန်ဖိုးကြီး သူ...

Continue reading

လူကုန်ကူးမှုအန္တရာယ်

လူကုန်ကူးမှုသည် ဆန်းကြယ်သောအရာ မဟုတ်ပါ။ ကျွန်ပြုခြင်းပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာသမိုင်းတွင်ဣသရေလလူမျိုးများ နှစ်ပေါင်း(၄၀ဝ)ကျော် အဲဂုတ္တုပြည်၌ ကျွန်ပြုခြင်း ခံခဲ့ကြရသည်။ ပိုင်ဆိုင်မှုမရှိ၊ မျှော် လင့်ခြင်းမရှိရုံသာမက၊ နေ့စဉ် ညှင်းပန်းနှိပ်စက်မှုအမျိုးမျိုး ကြုံတွေ့ခဲ့ကြရသည်။ ယနေ့အချိန်တွင် ထိုကဲ့သို့သော ကျေးကျွန်စနစ် ပျောက်ကွယ်သွားသော်လည်း၊ ခေတ်သစ်စနစ်ပုံစံဖြင့် လူကုန်ကူးမှုပေါ်လာပါသည်။ မက်လုံးပေး၍ လိမ်လည်လှည့်ဖြားပြီး ပြည့်တန်ဆာပြုခြင်း၊ အဓမ္မစေခိုင်းခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ထုတ်ယူပြီး ရောင်းစားခြင်းစသည်ဖြင့် အမြတ်ထုတ်ကြသည်။ ယနေ့ကမ္ဘာပေါ်တွင် လူ သန်းပေါင်း(၄၅.၈သန်းမျှသည် လူကုန်ကူးခံရကြသည်။နှစ်စဉ်(၁) သန်းမကတိုးလာသည်။ကမ္ဘာ့ (၁၆၇)နိုင်ငံတွင် ကြုံတွေ့လျက်ရှိ ပါသည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြောက်ကိုးရီးယားတို့ပြီးလျှင်၊ မြန် မာနိုင်ငံသည် လူကုန်ကူးမှုအများ ဆုံး အဆင့်(၉)တွင် ရှိနေသည်။ နိုင်ငံရေးမငြိမ်မသက်မှု၊ ပြည်တွင်း ရေးပဋိပက္ခ၊စစ်မက်ဖြစ်ပွားမှု၊ ဆင်းရဲမွဲတေမှုတို့သည်...

Continue reading