သင်းအုပ်ဆရာဆိုင်ရာဆွေးနွေးအကြံပြုခြင်း

သိုးထိန်းတည်းဟူသောသင်းအုပ်၏ သင်းအုပ်ဆိုင်ရာ ကြည့်ရှုပြုစုခြင်းလုပ်ငန်းတွင် အရေးကြီးသောလုပ်ငန်းတစ်ခုမှာ တိုင်ပင်ဆွေးနွေးအကြံပြုခြင်းဖြစ်သည်။ ကြည့်ရှုပြုစုခြင်းသည် အချိန်တိုင်းလုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်ပြီး၊ တိုင်ပင်ဆွေးနွေး အကြံပြုခြင်းသည် လိုအပ်သောအချိန်တွင်လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်သည်။ ဤလုပ်ငန်းသည် သင်းအုပ်များကသာ လုပ်ဆောင်ရမည့်လုပ်ငန်း မဟုတ်ဘဲ ဓမ္မအမှုတော်ဆောင်များ၊ သင်းထောက်များ၊ အသင်းတော်ကဏ္ဍ အသီး သီးမှ ကော်မီတီဝင်များ၊ ကောင်းဆဲလိန်းလုပ်ငန်းကို စိတ်ဝင်စားသော သာမန်အသင်းသားများ ပါဝင်လုပ်ဆောင်နိုင်သည်။ ကောင်းဆဲလိန်းတွင် အကောင်းဆုံးသော ဆရာသည် သခင်ယေရှုဖြစ်ပါသည်။ သခင်ယေရှုသည် တိုင်ပင်ဘက်/အတိုင်ပင်ခံပုဂ္ဂိုလ်(ဟေရှာယ၉း၆)၊ ကောင်းသောသိုးထိန်း(ယောဟန် ၁၀း၁၁-၁၆)၊ သိုးထိန်းကြီး(ဟေဗြဲ၁၃း၂၀၊ ၁ပေတရု ၅း၄)၊ ကျန်းမာခြင်းပေးသောအရှင်(မဿဲ၈း၁၆-၁၇၊၁ပေ ၂း၂၄) ငြိမ်သက်ခြင်းအရှင်(ယောဟန်၁၄း၂၇)၊ ဆုတောင်းပေးသောသူ(ရောမ ၈း၃၄)စသည့် အ ရည်အချင်းများ နှင့်ပြည့်စုံသောသူဖြစ်သည်။ ဝေါဟာရအဓိပ္ပါယ်နှင့် ဦးတည်ချက်သင်းအုပ်ဆိုင် ရာလုပ်ငန်းများသည် ယုံကြည်သူအသင်းသားများ၏ ခန္ဓာ၊...

Continue reading