ကာလက်၏အမွေခံခြင်း
(ယောရှုမှတ်စာ ၁၄:၆-၁၅) ကာလက်သည် ယုဒအမျိုးသား ယေဗုန္နာသား (တောလည် ၃၄:၁၉)ဖြစ်၍ ခါနန်ပြည်ကို စူးစမ်းလေ့လာဖို့ရန် ရွေးချယ်ခံရသော ခေါင်းဆောင် (၁၂) ယောက်ထဲက တစ်ယောက်ဖြစ်ပြီး၊ ဣသရေလလူမျိုးများအတွက် အဓိကခေါင်းဆောင်မဟုတ်သာ်လည်း မောရှေနှင့် ယောရှုတို့၏ ခေါင်းဆောင်မှုကို အဓိက ကူညီပေးသောသူဖြစ်သည်။ မောရှေနှင့် အသက် (၂၀) အထက်ရှိသောဣသရေလလူမျိုးများ ကတိတော်ပြည်ကို မဝင်စားရပဲ လမ်းခရီးမှာ သေဆုံးခဲ့ရကြသည်။(တော ၃၂:၁၂) သို့သော် ယောရှုနှင့်ကာလက်သည် ကတိတော်ပြည်ကို ဝင်စားရပြီး ကာလက်သည် ဟေဗြုန်ပြည်ကို အမွေခံခဲ့သည်။ (ယောရှု၁၄:၁၃)။ ကာလက်သည် ဘာကြောင့် ကတိတော်ပြည်ကို ဝင်စားပြီး အမွေခံရသလဲ? ၁။ ကာလက်သည် ဘုရားသခင်၏ ကတိတော်ကို စွဲလမ်းခြင်းရှိသည် ဣသရေလလူမျိုးများသည် ခါနန်ုပြည်ရောက်သောအခါ...