ဟန့်တာခြင်းခံအမျိုးသမီးများ
အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေသူတစ်ဦးအနေဖြင့် အမျိုးသမီးများ၏ဘဝဖွံ့ဖြိုးတိုးတက်စေခြင်းကို အဟန့်အတားဖြစ်စေပြီး၊ မြန်မာ့လူမှုအသိုင်းအဝိုင်းအတွင်း ကြုံတွေ့ခံစား ရင်ဆိုင်နေ ရသော အဟန့်အတားအချို့ကို ဝေမျှပေးလိုပါသည်။ ကမ္ဘာပေါ်ရှိ ဘုရားသခင်ဖန်ဆင်းထားသည့် သက်ရှိများ စွာရှိသည့်အနက် လူသားများတွင်ကျားနှင့်မဟူ၍ နှစ်မျိုးသာရှိပါသည်။ ထိုလူသားများသည် မိမိတို့ အသက်ရှင်ရပ်တည်ရန်၊ မျိုးဆက်ပြန့်ပွားရန်၊ အမှီသဟဲပြု ရန်၊ အပြန်အလှန်အထောက်အ ကူပြုရန်အတွက် တစ်ဦးနှင့်တစ်ဦးပတ်သက်ဆက်နွယ်ရသည်။ ရှေးကမ္ဘာဦး ကျောက် ခေတ်ကာလက အမျိုးသားနှင့်အမျိုးသမီးတို့၏ မတူညီသော ခန္ဓာ ကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ နှင့် ကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များ ကွဲပြားခြားနားမှုအရ လုပ်ငန်းတာဝန်အသီးသီးကို ခွဲခြားလုပ်ကိုင်ခဲ့ကြသည်။ ဥပမာအားဖြင့် အမျိုးသ မီးများသည်ကိုယ်ဝန်ဆောင်ခြင်း၊ သားသမီးများနှင့် အနီးကပ်နေထိုင်၍ နို့ချိုတိုက် ကျွေးပြုစုပျိုးထောင်ခြင်း၊ အမျိုးသားများမှာ ပိုမိုကြံ့ခိုင်သောခန္ဓာကိုယ် ဖွဲ့စည်း...