
သမ္မာကျမ်းစာထဲတွင် ပညာသည်အရေးကြီးကြောင်း များစွာဖော်ပြထားသည်။ အထူးသဖြင့် သုတ္တံ ကျမ်းထဲတွင် ပညာအကြောင်းကို များစွရေးသားထားပါသည်။ ထိုသုတ္တံကျမ်းစာကို ရေးသောသူမှာ ကမ္ဘာ ပေါ်မှာ ပညာအရှိဆုံးသူအဖြစ် ကျမ်းစာကဖော်ပြပါသည်။ သူသည် ဘုရားသခင်ထံသို့ ညာဏ်ပညာကို တောင်း သောအခါ ဘုရားသခင်က ပညာအပြင်၊ ဘုန်းတန်ခိုးနှင့် လောကစည်းစိမ်ကို ပါပေးခဲ့ပါသည်။ ဘုရားသခင် သည် ညာဏ်ပညာလိုချင်သောသူကို ဆုချသော ဘုရားသခင်ဖြစ်ကြောင်းနှင့် ထိုသူသည် ဘုရားသခင် ထံမှရရှိသောပညာဖြင့် သူ့တိုင်းပြည်ကို အုပ်ချုပ်သောအခါ တိုင်းပြည်တွင် ငြိမ်သက်ခြင်းနှင့်သာယာဝပြော ခြင်းရှိကြောင်းလည်း တွေ့ရပါသည်။
ကျိုးကြောင်းမိတ်ဆက်
နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးသည် ထိုနိုင်ငံ၏ လူ သားအရင်းအမြစ် ဖွံ့ ဖြိုးတိုး တက် စေရေးအစီအစဉ်က အဓိကဖြစ် သည်။ ထိုသို့ လူသာအရင်းအ မြစ် ဖွံ့ ဖြိုးတိုးတက်အောင် ဆောင် ကျဉ်းပေးသောအရာသည်”ပညာရေး” ဖြစ်သည်။ နိုင်ငံတော်၏ပညာရေးစ နစ်ကောင်းမွန်၍ ကျင့်သုံးမှု(Monitoring)တိကျမှန်ကန်မှ သာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် မည် ဖြစ်ပေသည်။ နိုင်ငံတစ်နိုင်ငံ သည် ၎င်း၏ပညာရေးစနစ်ကို ကျော်လွန်၍ မတိုးတက်နိုင်ပါဟု ပညာရှင်များက ပြောကြားကြ လေသည်။
ထိုနိုင်ငံ၏ ပညာရေးစနစ် အောင်မြင်ရန်အတွက်၊ တဖန် နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ အပေါ် ထပ်ဆင့် တည်မှီနေပြန် သည်။ ပြည်သူဆိုသည်မှာ မိ ဘ/ဆရာ/ကျောင်းသားများဖြစ် သည်။ ထိုသုံးဘက်သုံးတန်တို့ သည် နိုင်ငံတော်မှ ချမှတ်ပေး သော ပညာရေးစနစ်ကို အမြင် ကြည်လင်စွာ လက်ခံ၍ လုပ် ဆောင်မှု ပြတ်သားမှန်ကန်မှသာ ပညာရေး အကောင်အထည် ဖော် မှု လျင်မြန်သွက်လက်၍ အကျိုး ဖြစ်ထွန်းလာမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ ပညာသင် ကြားရခြင်း၏ ရည်ရွယ်ချက်မှာ အဓိပ္ပာယ်ဖွင့်ဆိုထားမှု အမျိုးမျိုး ရှိပါသော်လည်း၊ အချုပ်အားဖြင့် နိုင်ငံတော်တိုင်အား”ကျန်းမာ သန်စွမ်း၍ ချမ်းသာစေရန်”ဖြစ် သည်။ “ကျန်းမာ”သည်ဆိုရာ၌ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသနှင့် မိတ္တစသော ဗလငါးတန် ဘက်စုံ ဖွံ့ ဖြိုးစသင်ကြား၍ မြေတောင် မြှောက်ပေးခြင်း ဖြစ်သည်။ ထို သို့လူတိုင်းသည် ဘက်စုံဖွံ့ ဖြိုး၍ အကောင်းအဆိုး ခွဲခြားပိုင်စိုး တတ်မှ လောကဓံရှစ်ပါးကို ခံနိုင် မှုရှိကာကာယသုခ၊ စိတ္တသုခခံ စားလျက်]ချမ်းသာ}မည်ဖြစ်ပါ သည်။
ဤသို့ နိုင်ငံသားတိုင်း အ တွက် လိုအင်ဆန္ဒများရရှိအောင် ပညာသင်ကြားပေးရာ၌ တာဝန် ယူနေကြသော နိုင်ငံတော်အစိုးရ၊ မိဘနှင့်ဆရာတို့အပြင်၊ ကျောင်း သားများတို့က အသီးသီးသော တာဝန်ရှိသည်ကို အကျဉ်းချုံးပြီး ဖော်ပြလိုပါသည်။ သို့မှသာ မိမိ ကျရာတာဝန်ကို ကျေြွပန်စွာထမ်း ဆောင်နိုင်ကြမည် ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရတိုင်း၏တာဝန်
အစိုးရ အခြေခံပညာသင် ကျောင်း၊ အသက်မွေးဝမ်း သင်ပေးသော ပညာကျောင်းနှင့် အ ဆင့်မြင့်ပညာကို သင်ကြားပေး သော ကောလိပ်၊ တက္ကသိုလ် စ သည်တို့ကိုလုံလုံလောက်လောက်ဖွင့်လှစ်တည်ထောင်ခြင်း။
- လိုအပ်သောအဆောက်အဦ၊ ပရိဘောဂနှင့် သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများ၊ ပံ့ ပိုးထောက်ပံ့ခြင်း။
- ပညာရေး အရည်အသွေးမြင့်မားစေရန်၊ ပညာရေးမျှော်မှန်းချက်(Vision)ဆောင်ရွက် မည့် နည်းလမ်းများMission)ကို လမ်းညွှန်သောမူဝါဒ ရွေးချယ်၍ တိတိကျကျ သတ်မှတ်ကြေငြာရ ပါမည်။
- ပညာရေးစံချိန်စံညွှန်းမူဘောင် ကို သတ်မှန်၍ ဓမ္မဓိဌါန် ကျသော အရည်အသွေးစစ်ဆေးဖော်ညွှန်း သည့် သင်ရိုးနှင့် စစ်ဆေးတိုင်း မှု(Curriculum and assessment) ကျင့် သုံးရန်။
- ဆရာ/ဆရာမများလုံလောက် စွာ ခန့်ထားရန်၊ အရည်အချင်း အခါအားလျော်စွာ မြှင့်တင်ရန် နှင့် ထိုက်ထိုက်တန်တန် ချီးမြှင့်ရန်စသည်တို့ ဖြစ်ပါသည်။
မိဘများ၏တာဝန်
- မိမိတို့၏ ရင်သွေးငယ်များကို အရွယ်နှင့်အညီ ပညာသင်ကြားနိုင်ရန် ကြိုးစားအားပေးထောက် ပံ့ကြရန်။
- သားသမီးများသည် မိမိကိုယ် ကိုအားကိုးလိုသောစိတ်ဖြင့် နည်း လမ်းမှန်ကန်စွာ ပညာအစစ်ကိုရရှိအောင် အားပေးလမ်းညွှန်ရန်။
- နိုင်ငံတော်မှသတ်မှတ်ထား သည့် မသင်မနေရပညာရေးကို မပျက်မကွက် ပြီးစီးအောင် သင်ကြားစေရန်။
- သားသမီးများသည် ပညာအတော်အသင့်ရှိမှလူရာဝင်ဖြစ် သည်ကို လက်ခံပြီး မိမိအတိုင်းအတာဖြင့် တတ်နိုင်သရွေ့ ပံ့ပိုးရန်ဖြစ်သည်။
ဆရာ/ဆရာမများ၏ဝတ္တရားများ
- မြန်မာ့ရိုးရာယဉ်ကျေးမှုမှာ ဆ ရာ/ဆရာမများသည် အနန္တော အနန္တ တဂိုဏ်းဝင်များအဖြစ် လေးစားခြင်းခံရသူများဖြစ်၍ မွန်မြတ်သောစိတ်ထားဖြင့် ဆ ရာ့ကျင့်ဝတ်ငါးဖြာကို လက်ဆုပ် လက်ကိုင်ကျင့်သုံးကာ မိမိအား နိုင်ငံတော်နှင့် မိဘများက ယုံကြည်စွာအပ်နှံထားသည့် တပည့်များအပေါ် တာဝန်ကျေပြွန် စွာ အပြည့်အဝထမ်းဆောင်ရန်။
- တပည့်ကျောင်းသား/သူ၊ သား သမီးများ၏ အတွေးအခေါ်အယူအဆ၊ အမျှော်အမြင် ရင့်ကျက်လာစေရန် စနစ်တကျ ပြုစုပျိုး ထောင်ပေးရန်။
- တပည့်၊ သား/သမီး ကျောင်း သား/သူများအား မေတ္တာစေတနာ အပြည့်အဝဖြင့် ဆက်ဆံ လက်ခံလျက် သင်ကြားရာ၌ စိတ် ရှည်သည်းခံစွာဖြင့် ကူညီလမ်းပြ သင်ကြားထောက်ပံ့ရန်။
- ပညာရေးအောင်မြင်ရေးအ တွက် ဆရာ/မများသည် အခရာ ဖြစ်၍ မိမိကြိုးစားမှု၊ ပေါ့ဆမှုများ အပေါ်မှာ တပည့်နှင့် နိုင်ငံ၏တိုး တက်မှု တည်မှီနေကြောင်း သိရှိ၍ ဝတ္တ ရားကို လေးစားစွာ ထမ်းရွက် ကြရန်။
ကျောင်းသား/သူများ၏ခံယူ ရန် နှင့်တာဝန်
- “ပညာရွှေအိုးလူမခိုး၊ ပညာရဲ ရင့်ပွဲလယ်တင့်”ဆိုသည့် မြန်မာ့ ဆိုရိုးစကားတို့ကို သိရှိ၍ ငယ်ရွယ်စဉ်ကပညာကို ဆုံးခန်းတိုင် အောင် သင်ယူရေး ကြိုးပမ်းကြ ရန်။
- ပညာသင်ကြားရာတွင် အသိပညာရအောင်သင်ယူရန်။
- အတတ်ပညာရအောင်လေ့လာရန်။
- ကျွမ်းကျင်စွာ အလုပ်လုပ်တတ် အောင် လေ့ကျင့်သင်ယူရန်။
- မိတ်ဆွေအပါင်းအသင်းများနှင့် ချစ်ကြည်ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ရှေ့ရှုသင်ယူရန်။
- မိမိနိုင်ငံအတွက် လူကောင်း သူ ကောင်းတစ်ဦး ဖြစ်လာအောင် နှင့် နိုင်ငံတကာနှင့် ဆက်ဆံရာ၌ တင့်တယ်စွာ နေထိုင်တတ်ရန် လေ့ကျင့်သင်ယူရန်။
- ကျူရှင်မယူဘဲ မိမိ ကြိုးပမ်းအား ထုတ်လေ့လာနိုင်သမျှတတ် ကျွမ်းအောင်မြင်မည်ဖြစ်၍ မိမိကိုယ်သာမိမိ အားထားရာဖြစ် သည်ကို သိရှိသဘောပေါက်ရန်။
နိဂုံးချုပ်
ပညာသင်ကြားခြင်း သည် ကျန်းမာချမ်းသာ၍ အနာ ဂတ်အတွက် ပြင်ဆင်ပေးထား ခြင်းဖြစ်ပြီး၊ ကြုံတွေ့လာမည့် ပြ ဿနာအရပ်ရပ်ကို ဖြေရှင်းရင် ဆိုင်နိုင်စွမ်းရှိစေရန် လေ့ကျင့် သင်ယူခြင်းဖြစ်သည်။ နိုင်ငံတော် မှချပေးသော ပညာရေးမျှော်မှန်း ချက်၊ မူဝါဒများအကောင်အထည် ဖော်နိုင်ရန် မိဘ/ဆရာ/ကျောင်း သားတို့မှ ဟန်ချက်ညီညီ တာဝန် သိသိ၊ ဝတ္တရားကြေကြေ၊ အမြင် ကြည် လင်စွာဖြင့် ဝိုင်းဝန်းဆောင် ရွက် ကြမှသာလျှင် ပညာကိုထိ ရောက်စွာ သယ်ပိုးဆောင်ရွက် ရ ရှိနိုင်ကြမည်ဖြစ်ကြောင်း အားလုံး ကို ထပ်ဆင့်အသိ ဝေမျှတိုက် တွန်းလိုပါသည်။
အချုပ်အားဖြင့်ဆိုသော်”ထာဝရဘုရားကိုကြောက်ရွံ့ သော သဘောသည် ပညာ၏မူလ အမြစ်ဖြစ်၏။ သန့်ရှင်းတော်မူ သော ဘုရားကိုသိကျွမ်းသောသ ဘောသည် ဉာဏ်ပညာဖြစ်၏”(သု၉း၁၀)ကိုသော်လည်းကောင်း “သင်တို့တွင် တစ်စုံတစ် ယောက်သောသူသည် ပညာကို လိုလျှင် ခပ်သိမ်းသောစိတ်နှင့်တောင်းရမည်](ယာကုပ် ၁း၅-၆)တို့သည် ပညာရရှိနိုင်ရန် ကျမ်း စာ၏ လမ်းညွန်ပြသမှုဖြစ်သည် ကိုလည်း မမေ့အပ်ပေ။ ပညာကိုတကယ်လိုအပ် သူများသည် ကြိုးစားအားထုတ် ကြလျှင် အမှန်တယ်ရရှိကြပါလိမ့်မည်။
စီ/ထန်ဇတွင်း