
Rev. Dr. Dam Suan Mung
သိက္ခာတော်ရဆရာဦးဒမ်ဆွင်းမုန်သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့ နယ်၊ နန်းဟံနွဲ့ရွာတွင် အဘသိက္ခာတော်ရဆရာဦးတွန့်ဇဝုန်နှင့် အမိဒေါ်ကျင်း ဒိမ့်တို့၏ သားသမီးသုံးယောက်အနက် တတိယသားဖြစ်၍ ၁၉၅၅ခုနှစ်၊ စက် တင်ဘာလ(၅)ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ သူ၏ဖခင်သည် သူမမွေးခင် ကွယ်လွန်သွား၍၊ သူ(၉)နှစ်သားအရွယ်တွင် သူ့မိခင်ကွယ်လွန်သွားပြန်ပါသဖြင့် မိဘမဲ့အဖြစ်ကြီးပြင်းလာခဲ့သူဖြစ်သည်။
မူလတန်းပညာကို နန်းဟံနွဲ့ အ.မ.ကတွင်သင်ကြားပြီး၊ အလယ်တန်းပညာကို ကလေးမြို့၊ စိန့်မေရီကျောင်း(ယခု-အ.ထ.က (၃))မှလည်း ကောင်း၊ အထက်တန်းပညာကို မေမြို့ စက်မှုလက်မှု အထက်တန်းကျောင်းမှ လည်းကောင်း ဒသမတန်းကို အောင်မြင်ခဲ့ပါသည်။ သူသည် ၁၉၇၄ခုနှစ်၊ နို ဝင်ဘာလတွင် ခရစ်တော်ကို ကယ်တင်ရှင်အသက်သခင်အဖြစ် လက်ခံယုံ ကြည်ခဲ့ပါသည်။ ၁၉၇၆ခုနှစ်တွင် မန္တလေးမြို့၊ စက်မှုလက်မှုသိပ္ပံကျောင်းမှ မြို့ပြအင်ဂျင်နီယာ ပထမနှစ်ကို အောင်မြင်ခဲ့ပါသည်။ ထိုနှစ်မှာပင် အသက် ရှင်သော ဘုရားသခင်၏အမှုတော်မြတ်၌ အချိန်ပြည့်ပါဝင်ရန် ခေါ်ခြင်းကို ရှင်း လင်းစွာရရှိသဖြင့် ကျောင်းမှနှုတ်ထွက်ခဲ့ပါသည်။
၁၉၇၇ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ဘုရားသခင်၏အမှုတော်မြတ်၌ အချိန်ပြည့်ဆက်ကပ်ရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ ၁၉၇၇ခုနှစ်၊ ဇွန်လမှစ၍ ချင်းပြည်နယ်၊ ထုတ်လိုင်မြို့ ၌ အေဂျီအသင်းတော်၏ သင်းအုပ်ဆရာအဖြစ် စတင်ခဲ့သည်။ ၁၉၈၀ မှ ၁၉၈၄အထိ အိန္ဒိယနိုင်ငံတောင်ပိုင်း၊Southern Asia Bible College ၌ ဓမ္မပညာကို ဆည်းပူး၍B.Th ဘွဲ့ကို ဆွတ်ခူးခဲ့ပါသည်။ ၁၉၇၉ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့တွင် ဆရာမဝုန်ဇညောင်းနှင့် လက်ထပ်ထိမ်းမြားခဲ့ပါသည်။
ဇနီးသည်နှင့်အတူ ဓမ္မပညာကို သွားရောက်ဆည်းပူးခဲ့ပါသည်။ ၁၉၈၄ခုနှစ်အထိ ထုတ်လိုင်အေဂျီအသင်းတော်၏သင်း အုပ်ဆရာအဖြစ် တာဝန်ယူခဲ့ပါသည်။ ၁၉၈၅-၈၆ခုနှစ်အထိ ရန်ကုန်ကျေးဇူး တော် (GraceAG) အသင်းတော်၌ လက်ထောက်သင်းအုပ်ဆရာအဖြစ်၊ လည်းကောင်း၊ ၁၉၈၆-၈၇ခု
နှစ်အထိ ကလေးမြို့၊ အေဂျီသက်စမ်းရေအ သင်းတော်၏ သင်းအုပ်ဆရာဖြစ်သော်လည်းကောင်း၊ ဆောင်ရွက်ခဲ့ပါ သည်။ ၁၉၈၇ခုနှစ်တွင် မြန်မာပြည်၊ အေဂျီသာသနာကောင်စီမှ သိက္ခာတော်ရ ဆရာလက်မှတ်ကို ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။
ဘုရားသခင်ပေးအပ်သော ရူပါရုံအရ ၁၉၈၇ခုနှစ်၊ စက်တင်ဘာလ (၁၃)၇က်နေ့တွင် ဖူးဂေါ်စပယ် အသင်းတော်ကို စတင်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၉၆ခုနှစ်တွင် ဖူးဂေါ်စပယ်ကျမ်းစာကျောင်း (၉)လသင်တန်းကျောင်းကို စ တင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀ဝ၇ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်တွင် ဖိလိပိုင်နိုင်ငံ မှ အမှုတော်မြတ်၌ အောင်မြင်မှုအတွက် ဂုဏ်ပြုသည့်အနေဖြင့် D.D ဘွဲ့ကိုချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ ၂၀ဝ၇ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့တွင်၊USA Tulsa Full Gospel Assembly International Ministry ကို စတင်တည်ထောင်ခွင့် ရရှိခဲ့ပြီး သင်းအုပ်ဆရာအဖြစ် တာဝန်ပူးတွဲ ဆောင်ရွက်နေပါသည်။
ဆရာသည် စင်ကာပူနိုင်ငံ၌၎င်း၊ ဩစတေးလျနိုင်ငံ၌၎င်း၊ မလေးရှားနိုင်ငံ၌၎င်း၊ အသင်းတော်သစ်များ တည်ထောင်ခွင့်ရရှိခဲ့ရာ၊ နှစ်စဉ်နှစ်တိုင်း ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များစွာကို သွားရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်း၌လည်း အသင်းတော်သစ်များကို တည်ထောင်ရာ၌ ပါဝင်ခွင့် ရရှိခဲ့ရာ နယ်မြေအသီးသီးသို့ သွားရောက်ခဲ့ပါသည်။
ဆရာသည် ဓမ္မပညာဆည်းပူးချိန်၌ ရရှိခဲ့သည့် ရူပါရုံဖြစ်သော ရန်ကုန်မြို့ ၌ အသင်းတော်ကို အသင်းသားသုညမှစ၍ တည်ထောင်ရန်၊ ခရစ်တော်ကိုသာ ယုံကြည်ကိုးစား၍ ဝိညာဉ်တော်နှင့်ပြည့်ဝသော အသင်းသူ/သားတစ် သောင်းထိရရှိရန်}ဟူသောအချက်ကို ဦးတည်၍ ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းခဲ့ရာ သစ္စာရှိစွာသောလက်ရုံးတော်နှင့် ပို့ဆောင်ပေးနေသော ဘုရားသခင်၏ ကျေးဇူးတော်ကို အထူးချီးမွမ်းပါသည်။ ဇနီးနှင့်သားသမီး သုံးယောက်ဖြစ်သော ဒိမ့်စန်းလွန်း၊ ဝုန့်ဆွင်းခိုင်၊ ဇမ် ရှင်းမုန်နှင့် ချွေးမထောင်း ဆွင်းဒိမ့်တို့နှင့်အတူ နေ ထိုင်လျက် ရှိသည်။ သူတို့၏ နေရပ်လိပ်စာမှာ အမှတ် (၂၈၄/၆က)၊ အခန်း(၇)၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့ နယ်နှင့် USA wGif 12418S.,2nd St., Jenks, OK74037, USA ဖြစ်ပါသည်။
အမြင်အားဖြင့်အသက်မရှင်ဘဲ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရန်(၂ကော ၅း၇)
ထိုသူ၏ပြည့်စုံခြင်းမှလည်းကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကို ငါတို့ရှိသမျှသည် ခံရကြပြီ (ရှင်ယော ဟန် ၁း၁၆)

Rev. Vung Za Niang
သိက္ခာတော်ရဆရာမဒေါ်ဝုန်ဇညောင်းသည် ချင်းပြည်နယ်၊ တီးတိန် မြို့နယ်၊ ထုတ်လိုင်ရွာမှ အဘဦးကမ့်ခိုဇမ်းနှင့် အမိဒေါ်ကျင့်ငိုတို့၏သားသမီး (၅)ဦးအနက် တတိယမြောက်သမီးဖြစ်၍၊ ၁၉၅၈ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈) ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။မူလတန်းပညာမှ အထက်တန်းပညာထိ အ.ထ.ကထုတ်လိုင်၌ သင်ကြားခဲ့ပြီး၊ ၁၉၇၃ခုနှစ်တွင် ဒသမတန်းပညာကို အောင်မြင်ခဲ့ပါသည်။ ၁၉၇၄-၇၅အထိ ကျေးရွာအုပ်စုစာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၇၅-၇၆ခုနှစ်တွင် မန္တလေး၊ ဆရာအတတ်သင်သိပ္ပံမှ မူလတန်းပြဆရာအတတ်သင် အောင်လက်မှတ်ကိုရရှိခဲ့ပြီး၊ ၁၉၈၁-၈၂ခုနှစ်တွင် အလယ်တန်းပြဆရာအတတ်သင် အောင်လက်မှတ်ကို တဖန်ရရှိခဲပါသည်။ ၁၉၇၅ခုနှစ်တွင် ခရစ်တော်ကို ယုံကြည်လက်ခံခဲ့ပါသည်။
သိက္ခာတော်ရဆရာဦးဒမ်ဆွင်းမုန်နှင့် ၁၉၈၉ခုနှစ်၊ ဩဂုတ်လ(၄) ရက်နေ့တွင်လက်ထပ်ထိမ်းမြားခဲ့ရာ သားသမီးသုံးယောက် ထွန်းကားခဲ့ပါသည်။ ၎င်းတို့မှာ ဒိမ့်စန်းလွန်း၊ ဝုန်ဆွင်းခိုင်နှင့် ဇမ်ရှင်းမုန်တို့ဖြစ်ပါသည်။ ၁၉၈၂ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ခင်ပွန်းသည်နှင့်အတူ ဓမ္မပညာကို ဆည်း ပူး၍ (C.Th)Certificate of Theology ဘွဲ့ကို ရရှိခဲ့ပါ
သည်။ ၁၉၈၂ခု နှစ်တွင် အချိန်ပြည့် အမှုတော်၌ပါဝင်ရန် ဆုံးဖြတ်နိုင်ခဲ့ပါသည်။
၁၉၈၉ခုနှစ် မှစ၍ Full Gospel Assembly (Yangon)အသင်းတော်၌ ပါဝင်ဆက်ကပ်ရာ လူကြီးကျမ်းစာ သင်ခြင်း၊ ကျမ်းစာကျောင်း၌စာသင်ခြင်း၊ အသင်းတော်၏စာပေလုပ်ငန်းနှင့် အမျိုးသမီးအဖွဲ့ ၌လည်းကောင်း၊ ဟုမ်းဆဲလ်များတွင်တက်ကြွစွာ ပါဝင်ခဲ့သည်။
၂၀ဝ၂ခုနှစ်၊ ဇွန်လတွင် အမေရိကန်ပြည်ထောင်စုသို့ မိသားစုလိုက် သွားရောက်ခဲ့ရာRhema ကျမ်းစာကျောင်း၌ (၂)နှစ်တက်ရောက်ကာ ဒီပလိုမာဘွဲ့ရရှိခဲ့ပါသည်။ ၂၀ဝ၇ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့ တွင် ဘုရားရှင်၏လမ်းပြမှုဖြင့် USA,Tulsa မြို့ ၌ Full Gospel Assembly International အသင်းတော် စတင်တည်ထောင်ခဲ့ရာ အ
သင်းတော်၏တာဝန်ခံ သင်းအုပ်အဖြစ် တာဝန်ယူခဲ့ပါသည်။ အသင်းတော်၌ အသင်းသားများအားကူညီ စောင့်ရှောက်ခြင်း၊ စကားပြန်ပေးခြင်းနှင့်အခြားလို အပ်သလိုတာ
ဝန်ထမ်းဆောင်ရာ၊ ၂၀၁၇ခုနှစ်တွင် အမှုဆောင်သက်တမ်း (၃၅)နှစ် ပြည့်ပြီဖြစ်သည်။