(ယောရှုမှတ်စာ ၁၄:၆-၁၅) ကာလက်သည် ယုဒအမျိုးသား ယေဗုန္နာသား (တောလည် ၃၄:၁၉)ဖြစ်၍ ခါနန်ပြည်ကို စူးစမ်းလေ့လာဖို့ရန် ရွေးချယ်ခံရသော ခေါင်းဆောင် (၁၂) ယောက်ထဲက တစ်ယောက်ဖြစ်ပြီး၊ ဣသရေလလူမျိုးများအတွက် အဓိကခေါင်းဆောင်မဟုတ်သာ်လည်း မောရှေနှင့် ယောရှုတို့၏ ခေါင်းဆောင်မှုကို အဓိက ကူညီပေးသောသူဖြစ်သည်။ မောရှေနှင့် အသက် (၂၀) အထက်ရှိသောဣသရေလလူမျိုးများ ကတိတော်ပြည်ကို မဝင်စားရပဲ လမ်းခရီးမှာ သေဆုံးခဲ့ရကြသည်။(တော ၃၂:၁၂) သို့သော် ယောရှုနှင့်ကာလက်သည် ကတိတော်ပြည်ကို ဝင်စားရပြီး ကာလက်သည် ဟေဗြုန်ပြည်ကို အမွေခံခဲ့သည်။ (ယောရှု၁၄:၁၃)။ ကာလက်သည် ဘာကြောင့် ကတိတော်ပြည်ကို ဝင်စားပြီး အမွေခံရသလဲ? ၁။ ကာလက်သည် ဘုရားသခင်၏ ကတိတော်ကို စွဲလမ်းခြင်းရှိသည် ဣသရေလလူမျိုးများသည် ခါနန်ုပြည်ရောက်သောအခါ...
Upcoming Events
- No Upcoming Events Found
Latest News
-
ခရစ်ယာန်များအကြားတွင် ပညာလေ့လာဆည်းပူးခြင်းကို ဆန့်ကျင်သည့်အယူဝါ(Anti-In tellectualism)အဖြစ်တွေ့မြင်ရတတ်ပါသည်။ အသိဉာဏ်ကိုဖွံ့ဖြိုးစေခြင်းသည် ယုံကြည်ခြင်းတရားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသကဲ့ ထင်မြင်နေကြသည်။ ဓမ္မပညာသင်ကြားသည့် အမှုတော်ဆောင်များကလည်း ယုံကြည်ခြင်း အားနည်းသွားတတ်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်ကို အားမကိုးတော့ဘဲ မိမိပညာကို သာ အားကိုးတတ်ကြသည်ဟု သွန်သင်လာကြသည်။ ဆင်ခြင်တုံတရားနှင့် ဘုရားပေးသည့် ဦးနှောက်ဉာဏ် ကို ဖွံ့ဖြိုးစေခြင်းသည် ယုံကြည်ခြင်းကို ဆုတ်ယုတ်စေခြင်းမဟုတ်ဘဲ၊ ကိုယ့်ဉာဏ်ကိုအမှီပြုခြင်းသည်သာ ယုံကြည်ခြင်းကို ဆုတ်ယုတ်စေခြင်းဖြစ်သည်။ အမှန်တကယ်တွင် ဘုရားဖန်ဆင်းထားသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းတိုင်းသည် အသုံးပြုဖို့၊ လူကို အကျိုးပြုစေဖို့ရန် ပေး ထားခြင်း ဖြစ်သည်။ဘုရား ပေး သည့် ဆင်ခြင်တွေးခေါ်နိုင်စွမ်း၊ ဦးနှောက်နှင့် အသိဉာဏ်ကို ဖွံ့ဖြိုး စေပြီး၊ ဘုရားဖန်ဆင်းထားသည့် စကြဝဠာကြီးတွင် ရှိရှိသမျှအရာ များကိုစူး စမ်းလေ့လာခြင်းသည်...
-
သိုးထိန်းတည်းဟူသောသင်းအုပ်၏ သင်းအုပ်ဆိုင်ရာ ကြည့်ရှုပြုစုခြင်းလုပ်ငန်းတွင် အရေးကြီးသောလုပ်ငန်းတစ်ခုမှာ တိုင်ပင်ဆွေးနွေးအကြံပြုခြင်းဖြစ်သည်။ ကြည့်ရှုပြုစုခြင်းသည် အချိန်တိုင်းလုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်ပြီး၊ တိုင်ပင်ဆွေးနွေး အကြံပြုခြင်းသည် လိုအပ်သောအချိန်တွင်လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်သည်။ ဤလုပ်ငန်းသည် သင်းအုပ်များကသာ လုပ်ဆောင်ရမည့်လုပ်ငန်း မဟုတ်ဘဲ ဓမ္မအမှုတော်ဆောင်များ၊ သင်းထောက်များ၊ အသင်းတော်ကဏ္ဍ အသီး သီးမှ ကော်မီတီဝင်များ၊ ကောင်းဆဲလိန်းလုပ်ငန်းကို စိတ်ဝင်စားသော သာမန်အသင်းသားများ ပါဝင်လုပ်ဆောင်နိုင်သည်။ ကောင်းဆဲလိန်းတွင် အကောင်းဆုံးသော ဆရာသည် သခင်ယေရှုဖြစ်ပါသည်။ သခင်ယေရှုသည် တိုင်ပင်ဘက်/အတိုင်ပင်ခံပုဂ္ဂိုလ်(ဟေရှာယ၉း၆)၊ ကောင်းသောသိုးထိန်း(ယောဟန် ၁၀း၁၁-၁၆)၊ သိုးထိန်းကြီး(ဟေဗြဲ၁၃း၂၀၊ ၁ပေတရု ၅း၄)၊ ကျန်းမာခြင်းပေးသောအရှင်(မဿဲ၈း၁၆-၁၇၊၁ပေ ၂း၂၄) ငြိမ်သက်ခြင်းအရှင်(ယောဟန်၁၄း၂၇)၊ ဆုတောင်းပေးသောသူ(ရောမ ၈း၃၄)စသည့် အ ရည်အချင်းများ နှင့်ပြည့်စုံသောသူဖြစ်သည်။ ဝေါဟာရအဓိပ္ပါယ်နှင့် ဦးတည်ချက်သင်းအုပ်ဆိုင် ရာလုပ်ငန်းများသည် ယုံကြည်သူအသင်းသားများ၏ ခန္ဓာ၊...