No comments yet

လူကုန်ကူးမှုအန္တရာယ်

လူကုန်ကူးမှုသည် ဆန်းကြယ်သောအရာ မဟုတ်ပါ။ ကျွန်ပြုခြင်းပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာသမိုင်းတွင်ဣသရေလလူမျိုးများ နှစ်ပေါင်း(၄၀ဝ)ကျော် အဲဂုတ္တုပြည်၌ ကျွန်ပြုခြင်း ခံခဲ့ကြရသည်။ ပိုင်ဆိုင်မှုမရှိ၊ မျှော် လင့်ခြင်းမရှိရုံသာမက၊ နေ့စဉ် ညှင်းပန်းနှိပ်စက်မှုအမျိုးမျိုး ကြုံတွေ့
ခဲ့ကြရသည်။ ယနေ့အချိန်တွင် ထိုကဲ့သို့သော ကျေးကျွန်စနစ် ပျောက်ကွယ်သွားသော်လည်း၊ ခေတ်သစ်စနစ်ပုံစံဖြင့် လူကုန်ကူးမှုပေါ်လာပါသည်။ မက်လုံးပေး၍ လိမ်လည်လှည့်ဖြားပြီး ပြည့်တန်ဆာပြုခြင်း၊ အဓမ္မစေခိုင်းခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ထုတ်ယူပြီး ရောင်းစား
ခြင်းစသည်ဖြင့် အမြတ်ထုတ်ကြသည်။

ယနေ့ကမ္ဘာပေါ်တွင် လူ သန်းပေါင်း(၄၅.၈သန်းမျှသည် လူကုန်ကူးခံရကြသည်။နှစ်စဉ်(၁) သန်းမကတိုးလာသည်။ကမ္ဘာ့ (၁၆၇)နိုင်ငံတွင် ကြုံတွေ့လျက်ရှိ ပါသည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြောက်ကိုးရီးယားတို့ပြီးလျှင်၊ မြန် မာနိုင်ငံသည် လူကုန်ကူးမှုအများ ဆုံး အဆင့်(၉)တွင် ရှိနေသည်။ နိုင်ငံရေးမငြိမ်မသက်မှု၊ ပြည်တွင်း ရေးပဋိပက္ခ၊စစ်မက်ဖြစ်ပွားမှု၊ ဆင်းရဲမွဲတေမှုတို့သည် အဓိက အကြောင်းရင်းများအဖြစ် ရှုမြင်သုံး သပ်ပါသည်။Global Index)

မြန်မာနိုင်ငံအနေဖြင့် ထိုင်း၊ တရုတ်၊ မလေးရှား၊အရှေ့ အလယ်ပိုင်းနိုင်ငံများတွင် လူကုန် ကူး
မှုအများဆုံးခံရသည်။ စင်ကာ ပူနိုင်ငံမှာပင် အိမ်ဖော်အချို့ လူကုန် ကူးမှုပုံစံများ စတင်ဖြစ် ပွားနေပါ သည်။ ပြည်တွင်း လူကုန်ကူးမှုကလည်း ကြီးထွားလာသည်။ အထူး သဖြင့် ပြည့်တန်ဆာလုပ်ငန်း၊ အိမ်ဖော်လုပ်ငန်း၊ အဓမ္မစေခိုင်းမှုများမှာအများဆုံးဖြစ်ပွားလျက်ရှိ သည်။

လူကုန်ကူးမှုကို လျှို့ဝှက် (သို့မဟုတ်)သိမ်မွေ့ စွာ ကျူးလွန် ကြသည့်အတွက် ဖော်ထုတ်ဖို့ရန် ခက်ခဲလှသည်။ပြည်သူလူထူ ဘက်မှလည်း အန္တရာယ်ကို သတိ ရှိရှိရှောင်ရှားရန် လိုအပ်သည်။လူကုန်ကူးသူများအသုံးပြုသော နည်းလမ်းများကို အထူးသတိပြု ရန် လိုအပ်ပါသည်။

အလုပ်အကိုင်/ဝင်ငွေ များမက်လုံးပြပြီး ဆွဲဆောင်ခြင်း၊ ပြည်ပအလုပ်အကိုင်ကိုအကြောင်းပြ
၍ဖြားယောင်းသွေးဆောင်ခြင်း၊ အခက်အခဲကြုံတွေ့သူတို့အား ကယ်တင်ရှင်သဖွယ် လှည့်စား ပြီး ရောင်းစားခြင်း၊ မိဘမဲ့/ပရဟိတလုပ်ငန်း အသွင်သဏ္ဍာန်ပြု၍လှုပ်ရှား ဆောင်ရွက်ခြင်း၊အိမ်ဖော်ပွဲပွဲစားလုပ်ငန်းအသွင်ဖြင့် လှည့်ဖြားခြင်း၊အလှပြင်ဆင်ဘန်းပြပြီး မိန်းကလေးများစုဆောင်း၍ ရောင်းစားခြင်း၊ ရည်းစားအဖြစ် သိမ်းသွင်းပြီး နယ်စပ်သို့ အလည်အပတ်ခေါ်ဆောင်ရောင်းစားခြင်း၊ တရားဝင်လက်ထပ်ပြီးနယ်စပ်သို့ အလည်အပတ်ခေါ်၍ ရောင်းစားခြင်း၊ လူကုန်ကူးခံရဖူး သူများ ကလည်းတစ်ခါတစ်ရံ လူကုန် ကူးမှုကျူးလွန်ခြင်း၊သဘာဝဘေးဒဏ်၊ စစ်ဘေးဒဏ်ကြုံတွေ့သည့် ခိုးကိုးရာ မဲ့သူများအား ဖြားယောင်း၍ လူ ကုန်ကူးခြင်း၊ (မြန်မာနိုင်ငံသည် ကမ္ဘာ့စာရင်း များအရ စစ်ဘေးရှောင်အများဆုံး အဆင့်(၆)၊ သဘာဝဘေးဒဏ် ဖြစ်နိုင်ချေ အဆင့်(၁၃၀)တွင်ရှိ သည်။

မွေးကင်းစကလေး လူကုန်ကူးမှုဖြစ်ပွားခြင်း
တရုတ်နိုင်ငံတွင် နှစ်စဉ် မွေးကင်းစကလေး(၁၀ဝဝဝ)ကျော်မွေးစားရန်လှည့် ဖြား၍လည်းကောင်း၊ ခိုးယူ၍ လည်းကောင်း လူကုန်ကူးခံနေရသည်။)

ကလေးငယ်ရွယ်သူများကို မွေးစားခြင်း၊

မက်လုံးပေးခြင်း၊ အခွင့်အလမ်းများ စီစဉ်ပေးခြင်းဖြင့် စုဆောင်း၍ ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ယူရောင်းစားခြင်း၊

အိမ်ဖော်လုပ်ငန်းအတွက် ပွဲစားအချို့သည်မသမာသူ များနှင့် ပူးပေါင်းလှည့်ဖြားကာ လူကုန်ကူးခြင်း။ အချို့အိမ်ဖော်ခေါ်ယူရာမှ လစာမပေးခြင်း၊ ညှင်းပန်းနှိပ်စက် ခြင်း၊ နားရက်မပေးခြင်း၊နာရီပေါင်း များစွာစေခိုင်းခြင်းစသည့် လူ့အခွင့်အရေးများ ချိုးဖောက်ပါက လူကုန်ကူးမှုလွန်ရာရောက်သွားနိုင်ခြင်း၊

ပြည်ပအလုပ်အကိုင်ရှာ ဖွေရေး ကုမ္ပဏီ အချို့သည် မသမာ သူများနှင့်ပူးပေါင်း၍ လူကုန်ကူးမှုကျူးလွန်ခြင်း၊

အသက်၊ မှတ်ပုံတင်၊ အိမ် ထောင်စုစာရင်းအတုပြုလုပ် ပါကလည်း နောက်ဆက်တွဲ ဆိုးကျိုးကြီးမားခြင်း၊ ပြည်ပသို့ တရားမဝင်/ မှောင်ခိုသွားရောက်သူများ၏(၃၃%)သည်လူကုန်ကူးသူများ၏ လက်ထဲ တွင်ကျရောက်ခြင်း စသည်တို့ဖြစ်ကြသည်။

လူကုန်ကူးမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒါဏ် တစ်သက်တစ်ကျွန်း(မသေမချင်း ထောင်ထဲနေရန်)၊ ပြစ်ဒါဏ်ချမှတ်ခံရနိုင်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ (၂၀၁၅) တွင် ပြဌာန်းထားပါသည်။ လူကုန်ကူးမှုသံသယဖြစ် ဖွယ်တွေ့ရှိလျှင်
အောက်ပါ အရေးပေါ်ဖုန်းနံပါတ်များသို့ ဆက်သွယ်
သတင်းပို့နိုင်ပါသည်။ ၀၉ ၄၉၅၅၅၆၆၆၊ ၀၉ ၄၉၅၅၅၇၇၇

ရဲမှူးကြီးရာလျန်မှူန်း(အငြိမ်းစား)

Post a comment