Myanmar Service

0 Comment
220 Views
644 (Top Floor) , Merchant Road, Shwe Bon Thar Rd, Yangon 11182
This Sunday
10am to 1:00pm
01 246 018
roijafga@gmail.com

Full Gospel Assembly, Yangon မြန်မာအစီအစဉ်မှ ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကို တနင်္ဂနွေနေ့တိုင်း နံနက် ၈နာရီမှ Bible Study မှစတင်ပါတယ်။ နံနက်ပိုင်း ၁၀း၀၀ မှာတော့ Worship အစီစဉ်နှင့် ၀တ်ပြုခြင်းကိုစတင်ပါတယ်။ ၁၁း၀၀ နာရီလောက်မှာ တရားဟောခြင်းကိုစတင်ပါတယ်။

ဒီအစီအစဉ်က အသင်းတော်ရဲ့ Main Service  ဖြစ်တဲ့အတွက် နေရာရရှိရန် ခပ်စောစော လာရောက်ဖို့လိုပါတယ်။ ထိုင်ခုံက ဦးရာစနစ်ဖြစ်သောကြောင့် Booking လုပ်လို့မရပါဘူး။ အသင်းတော်ရဲ့ အခြေအနေအရ တိုက်ခန်းတွင် ၀တ်ပြုခြင်းဖြစ်သောကြောင့် ရှေ့ခန်း၊ နောက်ခန်းရှိပါတယ်။ ရှေ့ခန်းမှာတော့ တရားဟောပလ္လင်နှင့် ပရိတ်သတ် ထိုင်ခုံများရှိပြီး၊ နောက်ခန်းမှာတော့ ပရိသတ်ထိုင်ခုံနှင့် တရားဟောခြင်းအစီအစဉ်ကို TV နှင့်ကြည့်ရမှာဖြစ်ပါတယ်။

Full Gospel Assembly ကို ကားနှင့်လာမည်ဆိုလျှင် ကားထားဖို့ Car Parking သီးသန့်မရှိသော်လည်း Street Parking ကတော့ ရှိကောင်းရှိနိုင်ပါတယ်။

Taxi နှင့်လာမည်ဆိုလျှင် Grab Taxi နှင့် ဆို လွယ်ကုပါတယ်။ Location ကို “င်္Full Gospel Assembly” ဆိုပြီး ရိုက်လိုက်ရုံပါပဲ။

Bus ကားနှင့်လာမည်ဆိုလျှင်တော့ လမ်း(၃၀) မှတ်တိုင်မှာဆင်းရမည်ဖြစ်ပါတယ်။

Full Gospel Assembly ရဲ့ Worship Service တိုင်းကိုလည်း Facebook Live မှ လွှင့်တင်ပေးနေပါတယ်။
Facebook: FGA Myanmar