Youth Service

0 Comment
206 Views
644 (Top Floor) , Merchant Road, Shwe Bon Thar Rd, Yangon 11182
This Saturday
12:00pm to 3:00pm
09795168832
INFO@ALONE.COM

ခရစ်တော်၏သံတမန်လူငယ်အဖွဲ့ကို အသင်းတော် စတင်တည်ထောင်သည့်နေ့ ၁၉၈၇ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်တွင်ပင်စတင်ဖွဲ့စည်းခဲ့ပါသည်။
ထိုအချိန်တွင် လက်ထောက်သင်းအုပ်ဆရာသိက္ခာတော်ရဆရာဦးခမ်ခန့်ခိုင်မှဦးဆောင်ပြီး ဆရာ ထန်နိုး၊ကိုပါဒု၊ မသိင်္ဂိမော်၊ မသန္တာမော်၊ မခင်စန်းမော် စသည့်(၆)ဦးဖြင့်အစပြုခဲ့ပါသည်။ စတင်တည် ထောင်ချိန်တွင် အလွန်အားနည်းသော်လည်း ယနေ့ ထိတိုင်အောင် ပို့ဆောင်ကောင်းကြီး ပေးနေသော အဖဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါ သည်။

နှစ်စဉ် Youth Camp ကို ဧပြီလ သင်္ကြန်တွင် ပြုလုပ်နိုင်ခဲ့ပြီး များစွာသောလူငယ်များကို ထိတွေ့နိုင်ခဲ့ပါသည်။ History Maker လူငယ် Conference ကိုလည်း လူငယ်များ၏ဦးဆောင်မှု ဖြင့်နှစ်စဉ်ပြုလုပ်လျှက်ရှိပါသည်။ FGBTC ကျောင်းသားများ၏ကျောင်းသင်ခန်းစာ တစ်စိတ် တစ်ပိုင်းအဖြစ် လက်တွေ့ပါဝင်ဆက်ကပ်စေပါသည်။

ယုံကြည်သူ လူငယ်/လူသစ်များကို Follow up နှင့် ရက်တိုကျမ်းစာသင်တန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနှင့်ကြာသပတေးနေ့တိုင်းတွင် ပြုလုပ် ပေးလျက်ရှိပါသည်။

2018 Full Gospel Assembly Youth Camp