Full Gospel Assembly အသင်းတော်မှ လှိုက်လှဲစွာကြိုဆိုပါတယ်။
FGA အသင်းတော်ဟာ ရန်ကုန်မြို့ ပန်းပဲတန်းမြိုနယ်၊ ကုန်စျေးတန်းလမ်းမပေါ်မှာရှိပြီး ၂၉လမ်းနှင့် ရွှေဘုံသာလမ်းကြားမှာရှိပါတယ်။ တိုက်အမှတ် (၆၆၄) ဖြစ်ပြီး၊ FGA အသင်းတော်ရဲ့အဆောက်အအုံဟာဆိုရင် ကိုလိုနီခေတ်က လက်ကျန်တိုက်များဖြစ်ပြီး ယခုဆိုရင် ရန်ကုန်မြို့သမိုင်းဝင်အဆောက်အအုံများထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဓါတ်လှေကားမရှိတဲ့အဆောက်အအုံဖြစ်တာကြောင့် (၄)ထပ်လောက်တော့ တက်လာရမှာဖြစ်ပါတယ်။
Grap Taxi ကားငှားစီးလာမယ်ဆိုရင်တော့ Location ကို Full Gospel Assembly Church ဆိုပြီးရှာလိုက်ရုံနှင့် 664, ကုန်သည်လမ်း၊ ရန်ကုန် ဆိုတာ ပေါ်လာမှာပါ။ အဲဒါလေးကိုပဲ ရွေးလိုက်လို့ရပါတယ်။ ကိုယ်ပိုင်ကားနှင့်လာမယ်ဆိုရင်တော့ ကျွန်မတို့အသင်းတော်အနီးအနားမှာ ကားရပ်နားဖို့ Parking အခက်အခဲနဲနဲရှိနိုင်ပါတယ်။
ဒါဆိုရင် FGAအသင်းတော်ကို ဘယ်လိုလာရမလဲဆိုတာ သဘောပေါက်မည်ထင်ပါတယ်နော်။ ပထမဆုံး ကျွန်မတို့အသင်းတော် အဆောက်အအုံ လှေကားအဝင်မှာ စျေးရောင်းတဲ့သူတွရှိတတ်ကြတယ်။ ပြသနာမရှိပါဘူး။ အဖော်မရှိ၊ တစ်ယောက်ထဲလာမယ်ဆိုရင်လဲ လုံးဝကြောက်စရာမလိုဘူးနော်။ တက်သာတက်လာခဲ့ပါ။
အပေါ်ထက်ကိုတက်လာတာနဲ့ ပထမဆုံးအထပ်နဲ့ ဒုတိယအထပ်မှာ Burma Bisto စားသောက်ဆိုင်လဲရှိတယ်။ အဲဒီကနေထပ်တက်လာမယ်ဆိုရင် သီချင်းသံတွေ၊ Worship အသံတွေ သင်ကြားနေရပါပြီ။ ဆက်တက်လာခဲ့ပါ။ ဘုရားကျောင်းအပေါက်ဝမှာလဲ အသင်းတော်ရဲ့ Usher တွေက ကြိုဆိုနှုတ်ဆက်ပါလိမ့်မယ်။
FGA အသင်းတော်ရဲ့ ခန်းမဟာ အခန်းနှစ်ခန်းခွဲထားပြီး အရှေ့ဘက်မှာတော့ တရားဟောပလ္လင်ရှိပါတယ်။ အနောက်ခန်းမှာတော့ ပရိသတ်ထိုင်ခုံတွေချထားပြီး အနောက်ဘက်မှာတော့ TV တွေဆင်ပေးထားပါတယ်။ တစ်ခါတစ်လေနောက်ကြရင်ရှေ့ခန်းမှာလူပြည့်တတ်တာမို့ နောက်ကျရင်တော့ အနောက်ခန်းမှာပဲ ထိုင်ခုံရမှာပါ။ အဲဒါကြောင့် အရှေ့ခန်းကိုနေရာရချင်တယ်ဆိုရင် စောစောတော့ လာခဲ့ပါရှင်။

အသင်းတော်ရဲ့ ဝတ်ပြုချိန်များ
Myanmar Service (1) – 8:00 AM to 10:00 AM (SUNDAY)
မြန်မာဘာသာနဲ့ ဝတ်ပြုကိုးကွယ်ပြီး လူသိပ်မများတဲ့ အချိန်မို့လို့မနက်စောစော ဝတ်ပြုကိုးကွယ်ချင်တယ်၊ အလုပ်ရှိလို့၊ သွားစရာရှိသေးလို့ပဲဖြစ်ဖြစ် အေးအေးဆေးဆေး ဝတ်ပြုရမည့်အချိန်ပဲဖြစ်ပါတယ်။
Myanmar Service (2) – 11:00 AM to 1:00 PM (SUNDAY)
မြန်မာ ဘာသာဖြင့် ဝတ်ပြုကိုးကွယ်ပြီးဒီအချိန်က လူနဲနဲများတတ်ပါတယ်။ ရှေ့ခန်းနှင့် အနောက်ခန်းရှိတာမို့လို့ ရှေ့ခန်းမှာထိုင်ချင်တယ်ဆိုရင် စောစောလေးလာခဲ့ဖို့အကြံပြုပါရစေ။
Chin(Zomi) Service – 2:00 PM to 4:00 PM (SUNDAY)
ဒီအစီအစဥ်ကတော့ ချင်းဘာသာထဲက တစ်မျိုးဖြစ်တဲ့ ဇိုမီးဘာသာနဲ့ ဝတ်ပြုကိုးကွယ်တဲ့အစီအစဉ်ပဲဖြစ်ပါတယ်။
English Service – 5:00 PM to 7:00 PM (SUNDAY)
အင်္ဂလိပ်ဘာသာဖြင့်ကိုးကွယ်တဲ့အစီအစဉ်ပဲဖြစ်ပါတယ်။