နှုတ်ကပတ်တော်ဆိုရင်တော့ ကျမ်းစာလို့မြင်ကြပါတယ်။ နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်၊ ကျမ်းစာဟာနှုတ်ကပတ်တော်ဖြစ်တယ်၊ ဘုရားရဲ့နှုတ်တော်ထွက်စကားဟာနှုတ်ကပတ်တော်ဖြစ်တယ်၊ ဒီလောက်ပဲကျွန်မတို့မြင်တတ်ကြပါတယ်။ ကျွန်မယခုထပ်ပြောချင်တာကတော့ ယေရှုခရစ်တော်ဟာနှုတ်ကပတ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းဖြစ်တယ်။ ယခင်က ယေရှုဟာ နှုတ်ကပတ်တော်ဆိုတာရယ်၊ နှုတ်ကပတ်တော်ကလဲ ထိုနှုတ်ကပတ်တော်ပင်ဖြစ်တယ်ဆိုတာသိပေမဲ့ ယနေ့ ယေရှုခရစ်တော်ကိုယ်တိုင်ဟာ နှုတ်ကပတ်တော်ဖြစ်ကြောင်း ထပ်လောင်းဟောချင်ပါတယ်။