ယုံကြည်သူတွေအတွက်ဘုရားရှင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာအများကြီးရှိပါတယ်။ ထိုအရာထဲကအကြီးမားဆုံးဖြစ်တဲ့ကောင်းကြီးမင်္ဂလာအကြောင်းကိုယနေ့ဟောချင်ပါတယ်။ရောမ ၅ဂ၁၇ ကိုတ်မယ်ဆိူရင် “ထိုမှတပါး၊ လူတယောက်သည် ပြစ်မှားသောကြောင့်၊ ထိုတယောက်သော သူအားဖြင့် သေခြင်းတရား သည် အစိုးရ၏။ ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို၎င်း ခံရသော သူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ် အားဖြင့် အသက်ရှင်လျက်သာ၍ စိုးစံရကြလတံ့။”
အလွန်ကြွယ်ဝသောဘုရားရှင်ရဲ့ကျေးဇူးတော် နှင့် ဖြောင့်မတ်ခြင်းဆိုတဲ့ဆုကျေးဇူး (အင်္ဂလိပ်လို The Gift of Rightiousnes လို့သုံးပါတယ်) ဆိုတဲ့ဆုကျေးဇူးနှစ်မျိုးခံရသောသူဟာ ယေရှုခရစ်အားဖြင့် အသက်ရှင်ပြီးတော့ သာ၍စိုးစံကြရမယ်လို့ဆိုထားပါတယ်။ အခြေအနေအထက်မှာ၊ ပြသနာအထက်မှာ အဖြစ်တရားရဲ့အထက်မှာ၊ ခပ်သိမ်းသောအရာရဲ့အထက်မှာ ခရစ်တော်အားဖြင့် ကျွန်တော်တို့ဟာ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ခရစ်တော်က ပြင်ဆင်ပေးပြီးသားဖြစ်ပါတယ်။
ဒါကြောင့် ဘုရားရှင်ပေးထားတဲ့ ထိုဖြောင့်မတ်ခြင်းဆုကိုကျွန်ုပ်တို့သေချာနားလည်ဖို့ သိပ်အရေးကြီးပါတယ်။ ဖြောင့်မတ်ခြင်းလို့ပြောတာနဲ့ အကြိမ်ဖန်များစွာ ကယ်တင်ခြင်းမှာပဲ အဆုံးသတ်ကြတတ်ပါတယ်။ ဒါမှမဟုတ် အပြစ်ခွင့်လွှတ်ခြင်းတစ်ခုလို့ပဲ တွဲပြီးတော့မြင်တတ်ပါတယ်။
ဒါပေမဲ့ကျမ်းစာထဲမှာ ဒီဖြောင့်မတ်ခြင်းနဲ့ပတ်သတ်ပြီးတော့ ကောင်းကြီးမင်္ဂလာ သိပ်ကိုကြီးမားလွန်းတဲ့အတွက် ဝိညာဉ်မျက်စိဖွင့်ပြီး ဓမ္မဟောင်းခေတ်ကဆိုပေမဲ့ ကြိုပြီးနားလည်ခဲ့တဲ့ ဒါဝိက ရောမအခန်းကြီး(၄)ထဲမှာ ဘယ်လိုပြောသလဲဆိုတာ ကြည့်ရအောင်။ ရောမ ၄း၆ လောက်မှာဆို ရင်..
ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသော သူ၏မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ်၍ ဆိုသည်ကား၊….လို့ရေးထားပါတယ်။ ဘုရားရှင်က အကျင့်တည်းဟူသော ပိညတ်ချက်လိုက်လျှောက်ခြင်းကိုလုံးဝမကြည့်ပဲနဲ့ ဘုရားသခင်ပေးတော်မူသော… ဘုရားက ဆုအနေနဲ့ပေးထားတယ်လို့ဆိုပါတယ်။
ဒီဆုကို ကိုယ့်အကျင့်အားဖြင့်သော်၄င်း၊ ကိုယ့်ရဲ့ကြိုးစားမှုအားဖြင့်သော်၄င်း လုံးဝမရနိုင်တဲ့လက်ဆောင်ဖြစ်တယ်။ ဘုရားကလက်ဆောင်အနေနဲ့ပေးထားတယ်၊ ထိုအရာဟာဘယ်လောက်ကြီးမားကြောင်းကို ဒါဝိက အပိုဒ်ငယ် (၇)မှာ အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ရောက်သော သူတို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။ လို့ဆိုထားပါတယ်။
ဖြောင့်မတ်ခြင်းနဲ့ပတ်သက်လို့ ကျမ်းစာက(၃)မျိုးဖော်ပြထားပါတယ်။ဓမ္မဟောင်းရဲ့ဖြောင့်မတ်ခြင်း၊ အပြစ်မှလွှတ်ခြင်း၊ တိရစ္ဆာန်အသွေးအားဖြင့် အပြစ်ကိုလွှတ်တယ် ဆိုတာမျိုးဖြစ်ပြီး သို့သော် ထိုအရာက တစ်နှစ်စာပဲဖြစ်ပါတယ်။ ပြီးတော့ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းခံရခြင်းဟူသော တိရစ္ဆာန်အသွေးက အပြစ်ကို ဖုံးအုပ်ပေးခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ ကျွန်တော်တို့ရရှိတဲ့ ဖြောင့်မတ်ခြင်းဟာ အပြစ်ကို ဖုံးအုပ်ခြင်းသာ မဟုတ်ပဲ အပိုဒ်ငယ်(၈)မှာ ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။ လို့ပြောပါတယ်။ ဒါကြောင့်ဒါဝိက လုံးဝဘုရားရှင်က အပြစ်တင်ခြင်းကနေ လွတ်ကင်းသောသူလို့ ရည်ညွှန်းပါတယ်။
လူတွေကတော့ စိတ်သဘောကောင်းခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ထားဖြောင့်မတ်ခြင်းဆိုတဲ့ ဇာတိရဲ့အပေါ်ယံလုပ်ဆောင်ခြင်းတွေကိုသာ မြင်တတ်ကြပါတယ်။ ဒါပေမဲ့ ကျမ်းစာကပြောတဲ့ ဖြောင့်မတ်ခြင်းဆိုတာကတော့ ..၂ကော ၅း၂၁ မှာ…အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင် သည်အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း လို့ရေးထားပါတယ်။
ဟာလေလုယ… ဘယ်လောက်တောင်မှ ကြီးမားတဲ့ကောင့်ကြီးမင်္ဂလာလဲ…..?